၂၇.၀၂.၂၀၀၉
သဘာဝ ဘေးဒဏ်ကြောင့် ဒုက္ခဆင်းရဲ ကြီးစွာ ခံစား နေကြရ သည့် ပြည်သူ များအား မကူညီသည့် အပြင် နိုင်ငံအရပ်ရပ်မှ လူသားချင်း ကိုယ်ခြင်းစာနာစွာဖြင့် အရေးတကြီး အလျင်စလို ပေးကမ်းထောက်ပံ့သည့် ကယ်ဆယ်ရေးအဖွဲ့ များ နှင့် ပစ္စည်းများ ကို ပိတ်ဆို့ တားဆီး အလွဲသုံးစား ပြုခဲ့သည့် အတွက် နအဖ စစ်အစိုးရသည် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင်ရာဇဝတ်မှုကျူးလွန်ကြောင်း တရားစွဲဆိုခံရန်ရှိ သည်ဟု ကျန်းမာရေး အဖွဲ့ များမှ ယနေ့ ထုတ်ပြန်ကြေငြာလိုက်သည်။
ကြေငြာချက်တွင် US အခြေပြု Johns Hopkins Bloomberg School of Public Health နှင့် ထိုင်းမြန်မာနယ်စပ် အခြေပြု the Emergency Assistance Team (EAT) တို့ က ဆိုင်ကလုံးနားဂစ် အပြီး တွင် စစ်အစိုးရ မှ မည်သို့ မည်ပုံ မတရားမှူများ ကျူးလွန်ကြကြောင်း အသေးစိတ် တင်ပြထားသည်။ Johns Hopkins’ Centre for Public Health and Human Rights မှ ဒါရိုက်တာ Chris Beyrer က ဤသက်သေ အထောက်အထား များသည် နအဖ ကို အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ရာဇဝတ်မှုကျူးလွန်ကြောင်း တရားစွဲဆိုတင်ပြ ရန်လုံလောက်သည် ပြောဆိုပါသည်။
"နအဖ အစိုးရ က နိုင်ငံတကာကယ်ဆယ်ရေး များကို ဘယ်လိုဟန့် တားပုံ၊ ကယ်ဆယ်ရေးပစ္စည်းများ နှင် မြေယာ များကို အလွဲသုံးစားခိုးယူပုံ၊ ဒုက္ခသည်များကို အဓမ္မ လုပ်အားပေးခိုင်းပုံ၊ အရွယ်မမြောက်သူ ကလေးများကို မတရားစေခိုင်းပုံ စသည်တို့ အားလုံးကို ကျွန်တော်တို့ အထောက်အထားအားလုံး ရရှိထားပါတယ်။ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁သိန်း ၃သောင်း ကျော် အသက် ဆုံးရှုံး ရပြီး လူ ၂သန်းကျော် ဟာ မိသားစုဝင် ဆုံးရှုံးခြင်း၊ အိမ်ယာ လုပ်ငန်း ပျက်သုန်းခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း စသည်တို့ ကို ခံစားကြရ ပါတယ်။ ဒီလို ဘေးဒုက္ခကြီး ဆိုက်ရောက် ချိန်မှာ နိုင်ငံတကာမှ လူသားခြင်းစာနာစွာဖြင့် ငွေအင်အား၊ လူအင်အား အလုံးအရင်းကြီးစွာ အရေးပေါ်ကူညီထောက်ပံ့ကြတာကို နအဖ အစိုးရ က တကိုယ်ကောင်းဆန်စွာ နှောင့်နှေးကြန့်ကြာစေရန် တားမြစ်ပိတ်ပင်ခဲ့ပါတယ်။"
နအဖ စစ်အစိုးရသည် ၎င်းတို့ ၏ ခောတ်အဆက်ဆက်မှ ယုတ်မာမှုများကို ပြည်ပမှ (နာဂစ်ကယ်ဆယ်ရေးမှတဆင့်) သိရှိပေါက်ကြားမှုမရှိစေရန် ဤကဲ့သို့ နည်းမျိုးစုံဖြင့် ဆီးပိတ်တားမြစ် ယုံသာမက ပြည်တွင်းမှ ကူညီသူများကိုလည်း ယုတ်မာစွာဖြင့် ဖမ်းဆီးထောင်ချ ခဲ့ပါသည်။ (ဇာဂနာ ထောင်ဒဏ် ၄၅နှစ်၊ ဇော်သက်ထွေး ထောင်ဒဏ် ၁၅နှစ်)
နအဖ အစိုးရ ၏ နားဂစ်ဒုက္ခသည်များအပေါ် ဤကဲ့သို့ လူသားချင်းစာနာမှူကင်းမဲ့ စွာ အရှက်အကြောက်တရားမရှိ လူ့ကျင့်မှုပျက်ကွက်ကျူးလွန်ခြင်းများကို ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် အပြည်ပြည်ဆိုင်ရာ ခုံရုံးမှ စုံစမ်းမှုများပြုလုပ်ပါရန် တင်ပြသွားမည်ဖြစ်ကြောင်း ဤထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။
(နေခြည်ဦး ဆီလျော်အောင် ပြန်ဆိုထားပါသည်။)