Tuesday 26 May 2009

မြင့်နိုင် ဒုတိယရှေ့နေချုပ်

“အဲဒီအုပ်စုမှာ ခေါင်းဆောင်ကတော့ ဒုတိယရှေ့နေချုပ် ဦးမြင့်နိုင်ဆိုသူပါ။ အရူးကြီး သန်းရွှေ ဖြစ်စေလိုသမျှ ဖြစ်အောင် စီစဉ်ပေးတတ်လို့ စစ်အာဏာရှင်တွေရဲ့ အချစ်တော်ဖြစ်နေသူပါ။ တရားရုံးတွေက စီရင်ရတဲ့ အမှုတွေမှာ ဥပဒေ အကျိုးဆောင်တွေ ရှေ့နေတွေက ဥပဒေ အကိုးအကားတွေနဲ့ ဘယ်လိုဘဲ လျှောက်လျှောက် တရားသူကြီးတွေက ဘယ်လိုဘဲ အပြစ်မရှိဘူးလို့ ယူဆယူဆ၊ အရူးကြီးဆီက အမိန့်ကို စာဖြင့်ရေးပြီး စာအိတ်ပိတ်ခါ အမှုစစ်ဆေးနေတဲ့ တရားသူကြီးဆိုတဲ့ မတရားသူကြီးတွေဆီ ပေးပို့ရတဲ့ အလုပ်ကိုလုပ်ပေးသူပါ။
ယုံကြည်ချက်ကြောင့် အပြစ်ပေးခံရတဲ့ နိုင်ငံရေးသမားတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ ရဟန်းရှင်၊ ပြည်သူပြည်သားတွေ အပါအဝင် စစ်ထောက်လှမ်းရေး အဖွဲ့တွေ၊ အကောက်ခွန်အဖွဲ့တွေ၊ စသဖြင့် အရူးကြီးသန်းရွှေ မကြေနပ်တဲ့သူမှန်သမျှ နှစ်ပေါင်း ရာချီပြီး ထောင်ချရအောင် ဆောင်ရွက်ပေးရာမှာ တာဝန်အကျေဆုံး ဥပဒေရေးရာ အဆင့်မြင့်ပုဂ္ဂိုလ်တဦးပါ။“

http://ko-htike.blogspot.com/

No comments:

 
/* EOT ----------------------------------------- */