Showing posts with label စွမ်းအားရှင် Swan Arr Shin Militia. Show all posts
Showing posts with label စွမ်းအားရှင် Swan Arr Shin Militia. Show all posts

Saturday, 8 August 2009

စွမ်းအားရှင် အလိုရှိသည်

နေ့ စဉ်ကြေး ။ ။ သာမာန် လူ တရက် ၃၅၀၀ ကျပ် ၊
ထောင်မှထွက်လာသည့် ရာဇ၀တ်အကျဉ်းသား တရက် ၅၀၀၀ ကျပ်

လုပ်ငန်းနေရာ ။ ။ ပေါက်ကုန်း၊ ပိန္နဲကုန်း၊ ဈေးကုန်း၊ စော်ဘွားကြီးကုန်း စသည့် အင်းစိန်မြို့ နယ် ရှိ ရပ်ကွက် ပေါင်း ၂၂ ရပ်ကွက် အတွင်း နေရာ အနှံ့ အပြား။

တာဝန် ။ ။ ရိုးသား အေးချမ်းစွာ လုပ်ကိုင်စားသောက် နေသည့် ပြည်သူများ ကို မျက်ချေမပြတ် စောင့်ကြည့်ရန်၊ လက်ရှိ အာဏာရှင် စစ်အစိုးရ ကိုဆန့် ကျင်သည့်  မည်သည့် လှုပ်ရှားမှုမျိုးကို မဆို အလျင်မြန်ဆုံး နှင့် အထိရောက်ဆုံး အပြတ် ရှင်းပစ်ရန်၊
မသင်္ကာဖွယ်ရာ လှုပ်ရှားသူ၊ တီးတိုးသတင်းပေးသူ၊ စကားပြောသူများ တွေ့ ပါ က ဓါတ်ပုံ ရိုက်ယူရန်။

ရပိုင်ခွင့်များ ။ ။ ကော်လံကတုံး ရှပ်င်္အင်္ကျီဖြူ၊ ကချင် ပုဆိုး၊ လက်ကိုင်ဖုန်း၊ ကင်မရာ၊ နံပါတ် ဒုတ် များ အခမဲ့ ထုတ်ပေးမည်။
အလုပ်ရှိ သောနေ့ များတွင် ထမင်း ၃ နပ် ကျွေးမည်။

ပို့ ဆောင်ရေး
။ ။ ဒိုင်နာ ကားဖြင့် မိမိ နေထိုင် ရာလမ်းထိပ် တွင် ကြို / ချ ပေးမည်။

သင်တန်းများ။ ။ လက်နက် ကိုင် ရိုက်နှက် ဖမ်းဆီးခြင်း၊ ထိမ်းချုပ်ခြင်း၊ ကားပေါ်ဆွဲ တင် ခြင်း၊ ဓါတ်ပုံ မှတ်တမ်းတင် ခြင်း စသည့်  လိုအပ် သော နည်းပညာ များ ကို အလျင်းသင့်သလို သင်တန်း ပေးသွားမည်။ ပုံ မှန် သင်တန်း အချိန် များမှာ ညဥ့်နက်သန်းခေါင် လူချေတိတ် ချိန် ဖြစ် သည်။

လျောက်လွှာတင်ရန်။ ။ရန်ကုန်တိုင်းအတွင်း မည်သည့် မြို့ နယ်တွင် မဆိုလျောက်ထား နိုင်သည်။ (မယက)၊ ဒုရဲမှူး၊ မြို့နယ်ဦးစီးမှူး၊ (မယက)အတွင်းရေးမှူး၊ (လ၀က)ဦးစီးမှူးနှင့် စည်ပင်အုပ်ချုပ်ရေးမှူးများ ထံသို့  တိုက် ရိုက် လိပ်စာ တပ်ပါ။

လူတွေ့ စစ်ဆေးခြင်း။ ။ လျောက်လွှာတင်သူ အားလုံး ကိုလူတွေ့ စစ်ဆေးမည်။ အကယ် ၍ ယခု တကြိမ်တွင် အရွေးချယ် မခံ ရ ပါ က စောင့်ဆိုင်းသူ (waiting list) စာရင်းတွင် ထဲ့သွင်းပေးထား မည်ဖြစ်ပြီး နောက်နောင် အရေးအခင်းများ ပေါ်ပေါက်သော အခါ ဦးစားပေး ခေါ်ယူသွားမည် ဖြစ်သည်။

လျောက်လွှာပိတ်ရက်။ ။ ရက်အကန့် အသတ် မရှိ။

http://www.yoma3.org/index.php?option=com_content&view=article&id=328:2009-08-06-04-24-10&catid=41:2008-09-21-07-44-45&Itemid=124
http://www.khitpyaing.org/news/june_09/11-6-09e.php

Sunday, 14 June 2009

စွမ်းအားရှင် ဆိုတာ

စွမ်းအားရှင် ၂ ယောက်က ဆန္ဒပြသူ တဦးအား ဆွဲခေါ် သွားစဉ် (စက်တင်ဘာ ၂၀၀၇)







လှည်းတန်း တွင် ဆန္ဒပြသူများအား စွမ်းအားရှင် များဝင်ဆွဲ စဉ် (၂၈.၀၈.၂၀၀၇)














အမေရိကန်သံရုံး ရှေ့ တွင် တကိုယ်တော် ဆန္ဒပြနေသော ဦးအုန်းသန်း အား စွမ်းအားရှင် ၃ ယောက် က ဝင်ဆွဲ စဉ် (၂၃.၀၈.၂၀၀၇)



စွမ်းအားရှင်များ အင်းစိန်ဈေးအနီးတယောက်ထဲ ဆန္ဒပြနေသူ ကို ၀ိုင်းဆွဲနေကြစဉ် (မေလ ၂၀၀၉)



















လူထုလှုပ်ရှားမှုများကိုထိမ်းရန် ကြေးစားများကိုအသုံးပြု

NEJ / ၁၁ ဇွန် ၂၀၀၉


နအဖစစ်အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့တို့က နိုင်ငံရေးလှုပ်ရှားမှုများကို ထိန်းရန်အတွက် မြို့သစ် ဆင်းရဲသား ရပ်ကွက်များမှ ကြေးစားများကို အသုံးချနေကြောင်း တောင်ဒဂုံမြို့နယ်မှ ကိုယ်တိုင်ပါဝင်ခဲ့သူ တဦးက ပြောသည်။

၎င်းက “ကိစ္စရှိတဲ့ ရက်တွေဆိုရင် သူတို့က (ကြံ့ဖွံ့အဖွဲ့မှ တာဝန်ပေးထားသူ) ကျနော်တို့အိမ် လမ်းထိပ်အထိ ဒိုင်နာကားနဲ့ လာကြိုတယ်။ ကျနော်တို့တာဝန်က ဒိုင်နာကားပေါ်မှာ ခပ်တည်တည် ထိုင်ပြီး သူတို့ မောင်းတဲ့နေရာ တွေကို လိုက်ပြီးစီးဖို့ပဲ။ အဲဒီအတွက် တနေ့ကို ကျပ် (၂,ဝဝဝ) ပေးတယ်။ တကယ်လို့ လမ်းပေါ်မှာ ဆန္ဒပြသူ ဖြစ်ဖြစ်၊ သူတို့က ခိုင်းလို့ဖြစ်ဖြစ် လူတယောက်ယောက်ကို ဝိုင်းဖမ်းပေးရရင်၊ ဒါမှမဟုတ် ရုန်းရင်းဆန်ခတ်ဖြစ်လို့ သူတို့ ညွှန်ကြားသလို ဝင်ပြီးဆွဲတာ ရိုက်ရတာမျိုးလုပ်ရရင် ကျပ် (၁ဝ,ဝဝဝ) ကနေ (၂ဝ,ဝဝဝ) အထိ ပေးမယ်လို့ ပြောတယ်။ ဒါကတော့ ကိုယ်ဆန္ဒရှိမှ လုပ်ပါလို့ ပြောတယ်” ဟု ရှင်းပြသည်။

“ကျနော်တို့အတွက် စည်းကမ်းကတော့ ကားပေါ်ပါလာတဲ့သူ အချင်းချင်းလည်း စကားမပြောရဘူး။ တယောက်ကို တယောက် ဘယ်မှာနေသလဲ၊ ဘာလုပ်သလဲ စသဖြင့် မစပ်စုရဘူး။ ဘာပြဿနာဖြစ်ဖြစ် သူတို့ တာဝန်ယူတယ်။ ရဲတွေလည်း မဖမ်းစေရဘူး။ အချိန်တန်ရင် လမ်းထိပ်အရောက် ပြန်ပို့ပေးမယ်။ ငွေ (၂,ဝဝဝ) ရမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုသူ၏ ရှင်းပြချက်အရ ၎င်းတို့ကို ဒိုင်နာကားများနှင့် ရပ်ကွက်အလိုက် လှည့်ခေါ်ပြီး တရပ်ကွက်လျှင် နှစ်ယောက်ထက် ပိုမခေါ်ကြောင်း၊ လူများကို အမြဲတမ်း ပြောင်းလဲခေါ်ယူသည့်အတွက် ကားပေါ်ပါလာသူ အချင်းချင်း မသိကြဟုလည်း ၎င်းက ပြောသည်။

အချို့နေ့များတွင် ညဘက်လာခေါ်ယူပြီး လမ်းပိတ် လေ့ကျင့်ခန်း လုပ်ရတာမျိုးလည်း ရှိကြောင်း၊ ပြီးခဲ့သည့် စနေနေ့ညက ဦးဝိစာရ အဝိုင်းနှင့် မြေနီကုန်း လမ်းဆုံအထိ လမ်းကို ပိတ်ပြီး ည (၁၂းဝဝ) နာရီကျော်တွင် လေ့ကျင့်ခန်း လုပ်ခဲ့ရကြောင်း တောင်ဒဂုံမြို့နယ်မှ အဆိုပါသူက ပြောသည်။

ကြေးစားများအား လှည့်လှည်ခေါ်ဆောင်ရသည့် ဒိုင်နာကားဒရိုင်ဘာတဦးက ၎င်းတို့ကားဒရိုင်ဘာများအနေဖြင့် ယာဉ်လိုင်းကြီးကြပ်သူများက အလှည့်ကျ စီစဉ်ပေးမှုအရနှင့် ကားရှေ့ခန်းထိုင်သည့် ကြီးကြပ်သူက မောင်းခိုင်းသည့် နေရာကိုသာ မောင်းရခြင်းဖြစ်ပြီး ဘာတခုမှ မေးမြန်းစုံစမ်းခြင်းမလုပ်ရကြောင်း ပြောသည်။

၎င်းက “ပထမဦးဆုံး သက်ဆိုင်ရာ ရဲစခန်းတခုမှာ သတင်းပို့ရတယ်။ နောက် ကားနံပါတ်ကို ဖုံးတာ၊ ဖြုတ်တာတွေ လုပ်ရတယ်။ နောက် တရပ်ကွက်ပြီး တရပ်ကွက် လူတွေ လိုက်တင်ရတယ်။ လူတွေတင်ပြီး ကြီးကြပ်သူက မောင်းခိုင်းတဲ့ နေရာတွေ မောင်း၊ ရပ်ဆို ရပ်ရတယ်၊ ဘာတခွန်းမှ မပြောရဘူး” ဟု ပြောသည်။

ကိစ္စပြီး၍ ပြန်ရသည့်အခါ နေ့တွက် ကျပ် (၃) သောင်း ပေးကြောင်း၊ ကိုယ့်ငွေနှင့်ကိုယ် စီအန်ဂျီ ဖြည့်ရကြောင်း၊ အကယ်၍ အလှည့်ကျခေါ်သည်ကို မလိုက်ပါက လိုင်းပိတ်သိမ်းခြင်းခံရကြောင်း အဆိုပါ ဒိုင်နာကားသမားက ပြောသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်အစိုးရက ယခုကဲ့သို့နည်းဖြင့် ဖြေရှင်းခဲ့သည်မှာ စက်တင်ဘာ သံဃာ့အရေးအခင်း မတိုင်ခင်ကာလမှ ယနေ့တိုင်ဖြစ်သည်။

ဒိုင်နာကားပေါ် ထိုင်နေကြသည့် သူများကို စွမ်းအားရှင်အဖွဲ့ဟု အများက ခေါ်နေကြသော်လည်း ထိုသူများသည် နယ်မြေခံ ကြံ့ဖွံ့များက ရွေးချယ်တာဝန်ပေးသည့် မြို့သစ်ရပ်ကွက်များမှ ဆင်းရဲသည့် ကြေးစားများ ဖြစ်ပြီး၊ ရပ်ကွက် တွင်း၌ ချဲလုပ်ငန်းအပါအဝင် တရားမဝင် လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းနေသူများလည်း ပါဝင်ကြောင်း သိရသည်။

http://komoethee.blogspot.com/2009/05/blog-post_28.html
http://www.khitpyaing.org/news/june_09/11-6-09e.php

How Swann Arr Shin (Swine Militia) Are Employed By SPDC

NEJ / 11 June 2009

Some of the methods, used by State Peace and Development Council (SPDC) to crackdown on peaceful demonstrators in the city of Rangoon have been revealed. A man, who participated in the crackdown programme told the New Era Journal how the police forces and Union Solidarity and Development Association (USDA) militia members are systematically used to control and arrest pro democracy protesters.

“On the day of the events, the leader, who has been appointed by USDA would come around to where we live to collect us in a pickup truck. We are told to sit up straight without any expression on our faces. We just ride around, wherever we are driven. We get paid K 2000 (about US$ 2) for that.”

“We were told that if there are some protesters or there is someone they want to arrest, or to beat or harrass, then the fees will be up from K10,000 to 20,000. We are allowed to use force in any way we want.”

“The rules in the pick-up truck are simple. No speaking, no questions. We are not to ask about each other. We have been assured that we will not be held responsible for any of our actions and that we will never be arrested by police. When the time is up for the day, we will be taken back to our roads, with K 2000 guaranteed.”

The man also went on to say that the pickup truck would go around to many different areas but never pick up more than 2 people from any one quarter. Different people are being carried around each time so there is little chance of them recognizing each other.

Sometimes, the collection time is at night, when they have to practice the drills. Recently, U Wisara Road and Myaenegon Road were sealed off for the drill at mid-night.

The truck drivers have less choice. One truck driver told the NEJ that they are being organized by traffic police and USDA members. The USDA official would sit in the passenger seat and give the driver instructions. The driver is not supposed to ask any question.

“The first stop is always to report at a police station. Then we have to either cover up the number plates or remove them. After that we just have to drive from one quarter to another to collect different people. Once the truck is full, the boss in the front seat would tell me where to go and when to stop. I just have to follow instructions, without complaint.”

The drivers’ fees is K 30,000 a day. If a driver refuses to do his round, then his driving license will be confiscated.

The SPDC military government have been using the same tried and tested crackdown method well before the September Revolution , right the way through present time and every time they succeeded in defeating the peaceful demonstrators.

People who sit at the back of the pickup trucks and ride around the city are know as Swann Arr Shin (The Swine Militia). They are hand-picked and selected by the local USDA members, who then train and pay to do the casual jobs. A ‘swine’ is usually jobless, and a gambler or a criminal.

http://www.khitpyaing.org/news/june_09/11-6-09e.php

Thursday, 28 May 2009

Nay Htoo, The Swine Militia

Nay Htoo
The Leader
Swann Arr Shin Militia


He is also a local PDC Chairman. He is leading an army of Swine Militia who were positioned at the school, opposite the main entrance of staff quarters, Insein Prison.

http://www.niknayman-niknayman.co.cc/

Wednesday, 27 May 2009

ရယက ဥက္ကဌ နေထူး ၊ စွမ်းအားရှင်ခေါင်းဆောင်

အင်းစိန် ပေါက်တောဝ မှတ်တိုင်အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်းတကျောင်းနဲ့  စိန်ရတနာ နာရေးကူညီမှူ့ အသင်း ၀န်းအတွင်းကို နအဖလက်ပါးစေ စစ်တပ်က အဓမ္မ၀င်ရောက်နေရာယူထားပြီး လုံထိန်းအ၀တ်အစားများ လဲဝတ်ကာ အယောင်ဆောင်ထားကြပါတယ်။ စစ်တပ်က ဘာမှမလုပ်သလိုဘဲ လုံထိန်းကသာ လုံခြုံရေးယူသလိုနဲ့  ဖန်တီးတာ ဖြစ်ပါတယ်။

အဲ့ဒီ လုံထိန်းအယောင်ဆောင် စစ်သားတွေဟာ စစ်ယူနီဖောင်းကို ချွတ်ပြီး လုံထိန်းတံဆိပ် အဆင်သင့်ပါတဲ့ လုံထိန်းယူနီဖောင်းတွေကို လဲဝတ်ပြီး နိုင်ငံတကာက နအဖစစ်တပ်က အကြမ်းမဖက်သလိုနဲ့  လုပ်ပြဖို့  ဖြစ်ပါတယ်။


အင်းစိန်ထောင် ၀န်ထမ်းလိုင်း အလယ်ပေါက်ရှေ့က ရပ်ကွက်မှာရှိနေတဲ့ ကျောင်းဝန်းအတွင်းက စွမ်းအားရှင်အဖွဲ့ ကို အဆိုပါ ရပ်ကွက်မှ ရပ်ကွက်လူကြီး နအဖလက်ပါးစေ စွမ်းအားရှင်ခေါင်းဆောင် နေထူး ဆိုသူက ခေါင်းဆောင်ကြောင်း သိရပါတယ်။


http://www.niknayman-niknayman.co.cc/

 
/* EOT ----------------------------------------- */