Tuesday, 3 November 2009
Thursday, 8 October 2009
Wednesday, 30 September 2009
Monday, 21 September 2009
Friday, 18 September 2009
Tuesday, 15 September 2009
Friday, 11 September 2009
စစ်ဗျူဟာမှူး ဗိုလ်မှူးခင်မောင်ဝင်း
သင်္ဃန်းညီနောင် တံတားကျိုးဂိတ်တွင် ရတခ - စစ်ဗျူဟာမှူး ကိုယ်ကျိုးရှာနေ
http://moemaka.com/index.php?option=com_content&task=view&id=4561&Itemid=1
at
17:36
0
comments
Labels: ဗိုလ်မှူး Major
Wednesday, 10 June 2009
မင်းပြားမြို့ အားမိစ္ဆာများ ဝင်စီးခြင်း
၁၁၊ ၁၁၊ ၀၈ (ရခိုင်လ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့) ည(၁၀) နာရီခန့်
မင်းပြားမြို့ (၃၇၉)တပ်ရင်းနှင့် (၄၅၁) တပ်ရင်းမှ ဗိုလ်အဆင့်ရှိသူ (၈)ဦးခန့်သည် မင်းပြားမြို့ မြောင်းဘွေလမ်းနှင့် ရုံးတက်လမ်းခွဆုံ အနီး ဦးမြင့်ဦး (မြန်မာ့ ဂုဏ်ရည် အကျိုးဆောင် လုပ်ငန်း) အိမ်ရှေ့၌ အရက်မူးပြီး ရမ်းကားနေကြစဉ် စက်ဘီးစီးလာသည့် လူငယ်တဦးနှင့် ၎င်းတို့ ဆိုင်ကယ်တိုက်မိနီးပါးဖြစ်ရာ အကြောင်းမဲ့ အပြစ်ရှာပြီး ထိုလူငယ်ကို ရိုက်နှက်ခြင်း၊ အနီးရှိလူငယ်များကို ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
အနီးအနားရှိ လူများက စစ်အရာရှိများကို တောင်းပန်၍ပင် မရ ခဲ့ကြပါ။
ထိုတပ်မတော်သားများမှာ တပ်မတော် ၀တ်စုံဖြင့် မဟုတ်ဘဲ အရပ်ဝတ်ဖြင့် အရက်သောက်ပြီး မြို့ထဲ၌ ရမ်းကား နေကြခြင်း ဖြစ်ပါသည်။ ထိုဗိုလ် ဆိုသူများမှာ ဦးမြင့်ဦးတို့ နေအိမ်၌ သောက်လိုက် စားလိုက်နေကြသူများဖြစ်သည်။ ထိုစဉ်က ရဲမြို့နယ်မှူးလည်း ရှိနေပါသည်။ ရဲမြို့နယ်မှူး မှာလည်း တပ်ဘက်မှ ပြောင်းလာသူဖြစ်ပြီး တပ်နှင့် နီးစပ်သူ ဖြစ်ပါသည်။ ဦးမြင့်ဦး ဆိုသူမှာလည်း တပ်ဘက်ဆိုင်ရာ အရာရှိများ၊ ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းပြီး အခွန်ရှောင် အကျိုးဆောင် လုပ်ငန်းများ လုပ်ကိုင် နေသူတဦး ဖြစ်သည်။
ထို မိစ္ဆာဒိဋ္ဌိ အရက်သမား သူရဲဘော စစ်အရာရှိ တစုမှာ ဆဲဆိုပြီး တပ်သို့ ပြန်သွားကာ တပ်မှ အင်အား ဖြည့်ခေါ်လာပါသည်။
(၃၇၉) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး နိုင်ဝင်းအေး ဦးဆောင်ပြီး ဗိုလ်ကြီးဇေယျာထွန်း၊ ဗိုလ်အောင်ဖြိုးသူ၊ ဗိုလ်ကျော်နိုင်စိုး၊ ဗိုလ်စည်သူအောင်၊ ဗိုလ်အောင်မိုးထွဋ်၊ ဗိုလ်အောင်မိုးထွန်း၊ ဗိုလ်ခန့် မင်းဇော်တို့ပါဝင်လျှက် အကြပ်တပ်သား စုစုပေါင်း အင်အား (၃၀)ကျော်ခန့်သည် စစ်ကားကို မြို့ထဲသို့ မီးမဖွင့်ဘဲ မောင်းဝင် လာကြပါသည်။
ကားပေါ်၌ တပ်နှင့်တွဲပြီး အလောင်းကစား လုပ်ငန်းများ၊ တရားမ၀င် လုပ်ငန်းများ လုပ်ကိုင်နေသူ အောင်ကျော်မိုး(ဘ) အောင်ဝင်း(တပ်ထွက်၊ ကွယ်လွန်)ပါလာသည်။
ဦးမြင့်ဦးနှင့် အောင်ကျော်မိုးတို့၏ သတင်းပေးချက်အရ မင်းပြားမြို့ စက်လှေ ဆိပ်ကမ်း အနီး သစ်တောရုံးဝင်းထဲ၌ ဒေသ ဓလေ့အရ ထမင်း ချက်စားနေကြသည့် လူငယ်တစုရှိရာသို့ ကားရပ်ပြီး ဒလကြမ်းဝင်ရောက်ဖမ်းဆီးကာ ပစ္စတို သေနတ်များဖြင့် ရင်ဝ၊ နဖူးများကို တည့်ထားပြီး ခလုပ်နှိပ်ရန် အဆင်သင့် ပြင်ထားကြကြောင်း၊ အားလုံးကို ငုတ်တုတ် ထိုင်စေပြီး လက်အစုံကို ခေါင်းပေါ် ယက်တင် ခိုင်းထား ကြောင်း "မော့မကြည်နဲ့" "ပစ်သတ်ပစ်" ဟုပြောပြီး အသင့်ပါ လာသော သံတုတ်များဖြင့် ရိုက်နှက်ကြသည်။
ထိုစဉ်က ထမင်း ချက်စားနေကြ သူများမှာ ၁။ ထွန်းအေးကျော် (ဘ)ဦးသာထွန်းလှ (အလယ်ပိုင်းရပ်ကွက်) ၂။ မောင်လှဆန်း (ဘ) ဦးအောင်သာကျော် (ဦးစိုးတင့်ရပ်ကွက်) ၃။ ဖိုးလှပြည့် (ဘ) ဦးငမဲတောင် (အောက်ရွာပိုင်းရပ် ကွက်) ၄။ ညီညီအောင်(ဘ) ဦးကျော်ဝ (အောက်ရွာပိုင်းရပ်ကွက်) ၅။ ညီညီစိုး(ဘ)ဦးဝလုံးချေ (အလယ်ပိုင်းရပ်ကွက်) ၆။ ဦးထွန်းလင်း(ဘ) ဦးထွန်းအေးမောင် (အောက်ရွာပိုင်း ရပ်ကွက်) ၇။ ထွန်းထွန်းနိုင် ၈။ အောင်နိုင် ၉။ ညီညီထွေး ၁၀။ ဇော်ဇော်တို့ ဖြစ်ကြသည်။ အားလုံးရိုက်နှက် ခံကြရပြီး ကွဲပြဲ ဒဏ်ရာရသူများမှာ ၁။ ထွန်းအေးကျော် (၂၄နှစ်) ၂။ မောင်လှ ဆန်း (၂၆နှစ်) ၃။ ဖိုးလှပြည့် (၂၆နှစ်) ၄။ ဦးထွန်းလင်း (၂၃နှစ်) ၅။ အောင်သိန်းဝင်း(၂၁နှစ်) ၆။ ညီညီစိုးတို့ ဖြစ်ကြသည်။
ထွန်းအေးကျော်မှာ သေနတ်ဒင်များဖြင့် ရိုက်နှက်ခြင်းခံရခြင်း၊ စစ်ဖိနပ်များဖြင့် ကန်ကျောက် ခံရခြင်း၊ ကားပေါ်မှ ကန်ချ ခံရခြင်း စသည့်ဒဏ်ရာများ အပြင်းအထန်ရရှိမှုကြောင့် အတွင်းကြေကာ အသက်အန္တရာယ် အတွက် စိုးရိမ် နေရသည့် အနေအထားတွင် ရှိနေခဲ့ပါသည်။ ထိုလူငယ်၏ ဘခင်မှာ စာရင်းစစ် ၀န်ထမ်းဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်အေးခင်ညိုမှာလည်း မြို့နယ် စာရင်းစစ်မှူး ဖြစ်ပါသည်။
ထွန်းအေးကျော်နှင့် အပေါင်းအပါများကို ရိုက်နှက်ပြီး ကားပေါ် ဆွဲတင် သွားခဲ့ရာ အနီး အနားရှိ ဗီဒီယို(၂)ရုံမှ ဗီဒီယို ကြည့်သူများ သိသွားသဖြင့် နောက်က လိုက်လာရာ ထိုတပ်မတော် လူရမ်းကားများက ထိုလူငယ်များကို မင်းပြားမြို့ ရဲစခန်းရှေ့ အရောက်တွင် ကားပေါ်မှ ကန်ချ ထားခဲ့ကြောင်း၊ မင်းပြားမြို့တလျှောက်ဆဲဆိုသွားကြပြီး "မင်းတို့ ရခိုင်တွေရဲ့ သွေးနဲ့ ခြေဆေးမယ်၊ ရခိုင် သွေးသောက်မယ်၊ ဘင်္ဂလာဒေ့ခ်ျကို စစ်မတိုက်ရတဲ့ အတွက် မင်းတို့ ရခိုင်တမျိုးလုံးကို ပစ်သတ် ပစ်မယ်၊ မင်းပြား တမြို့လုံးကို မီးရှို့ပြီး ပစ်သတ် ပစ်မယ်။ မင်းတို့ ရခိုင်တွေ လီးဘဲ" စသည်ဖြင့် လူမျိုးရေးကို ထိခိုက်ပြီး ဆဲဆို စော်ကား ခဲ့ကြပါသည်။
၁၂၊၁၁၊၀၈ တန်ဆောင်မုန်းလပြည့်နေ့ နံနက်
သူရဲဘော လူမသမာ မိစ္ဆာခေါင်းဆောင် ဗိုလ်မှူး နိုင်ဝင်းအေး (ဒုတပ်ရင်းမှူး) ကိုယ်တိုင် မယကရုံးသို့ ရောက်လာပြီး မယကဥက္ကဌ ဦးနေလင်းထွန်း၊ ၄၅၁ တပ်ရင်း၊ ၃၈၀ တပ်ရင်းများမှ ဒုတပ်ရင်းမှူးများ၊ ရဲမြို့နယ်မှူး၊ သတင်းညှိုနှိုင်း အဖွဲ့တို့ လျှို့ဝှက် အရေးပေါ် အစည်းအဝေး ပြုလုပ်ကာ သတင်း ထိမ်ဝှက်ထားရန် ကြံစည်ခဲ့သည်။
တန်ဆောင်မုန်း လပြည့်နေ့ နေ့လည် နှင့် ညနေ အချိန်
သတင်းမပို့၍ မဖြစ်သည့် အနေအထားရောက်မှ နောက်ကျစွာ သတင်းပို့ ခဲ့ကြကြောင်း၊ တန်ဆောင်မုန်း လပြည့်နေ့ နေ့လည် ညနေ အချိန်ရောက်မှ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့၊ မယက၊ ရဲ၊ စရဖ၊ သတင်းအဖွဲ့တပ်ဖွဲ့များက သတင်း ပေးပို့ခဲ့ကြကြောင်း၊
မင်းပြား ရဲစခန်း၌ ထိုနေ့တနေ့ အမှုဖွင့် တိုင်ကြားချက်များကို လက်မခံခဲ့ကြောင်း၊ ရဲမြို့နယ်မှူး သန်းအောင်က ငြင်းပယ်ခဲ့ ကြောင်း၊ (၂)ရက်ခန့်ကြာပြီးမှ မလွဲသာ၍ အမှုဖွင့်ခွင့်ပေးခဲ့ရကြောင်း၊ မြို့နယ်ဆရာဝန်ကို လည်း တပ်မှ ခြိမ်းခြောက်မှုရှိကြောင်း၊ ဆေးစာကို မှန်မှန် မရေးရန် ဖိအားပေးပြော ဆိုခဲ့ကြောင်း သိရှိရပါသည်။
တန်ဆောင်မုန်းလပြည့်နေ့ ညနေ(၁၀)နာရီခန့်
မြို့မှလူငယ် (၂၀၀)ခန့်က ဦးမြင့်ဦးအိမ်ကို ၀ိုင်းကြစဉ် မယကဥက္ကဌနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲအဖွဲ့က ဟန့်တား လူစုခွဲခဲ့သည်။ သက်ဆိုင်ရာမှ မှန်မှန်ကန်ကန် တပြေးညီ မဆောင်ရွက်ခဲ့ခြင်းကြောင့် နောက်ဆက်တွဲပြဿနာ ဆက်တိုက် ဖြစ်ပွါးလာနိုင်သည့် အခြေအနေတွင်ရှိနေပါသည်။
၁၃၊ ၁၁၊ ၀၈ (လပြည့်ကျော်တစ်ရက်နေ့) နံနက်
ဈေးအတွင်း "မင်းတို့ ရခိုင်တွေကို နှိမ်နှင်းဖို့ အချိန်မကျသေးလို့ စောင့်ကြည့်နေတာ" စသည်ဖြင့် တပ်က ပစ်စာများ ချထားခဲ့ ပါသည်။
၁၃၊ ၁၁၊ ၀၈ နေ့လည်
ဦးမြင့်ဦးမိသားစုအား မြို့နယ်ရဲတပ်ဖွဲ့မှူး အကူအညီဖြင့် မင်းပြားမှ ထွက်ခွါသွားနိုင်စေရန် စီစဉ် ပေးနေသည်ကို တွေ့ရသည်။ အောင်ကျော်မိုးကိုလည်း တပ်ထဲ၌ ၀ှက်ထားသည်ဟု သိရသည်။ အောင်ကျော်မိုးမှာ တပ်သတင်းပေး ဖြစ်ကြောင်း သိရသည်။ အခြေအနေမှာ ပိုဆိုးလာနိုင်ဖွယ်ရှိသည်။
၁၃၊ ၁၁၊ ၀၈ ညပိုင်း
ဗျူဟာမှူးရောက်လာပြီး တပ်မှ ပါဝင်သူများနှင့် ရိုက်နှက်ခံရသည့် လူငယ် မိဘများအား ခေါ်ယူပြီး မေးမြန်းစစ်ဆေးခဲ့ကြောင်း၊ အမှန်အတိုင်း ဖွင့်ဟ ပြောဆိုခဲ့ ကြောင်း ဒေါ်အေးခင်ညိုက ရဲရဲရင့်ရင့် တင်ပြ ခဲ့ကြောင်း သိရသည်။
မြင့်ဦးကို အိမ်ရှင်မိသားစုမှ အိမ်မငှားတော့သဖြင့် မယက ဥက္ကဌထံ အကူအညီတောင်း၍ မယကဥက္ကဌက ၀င်ရောက် ဖြေရှင်းခဲ့ရသည်။ မြင့်ဦးနေသည့်အိမ် မီးရှို့ခံရမည်ကို မြို့လူထုက စိုးရိမ်နေကြရသည်။
၁၄၊ ၁၁၊ ၀၈
ထွန်းအေးကျော်ကို အခြေအနေမကောင်း၍ စစ်တွေဆေးရုံသို့ ဆေးကုသမှု ခံယူခွင့် ပေးခဲ့ကြောင်း သိရသည်။
၎၊ ၆၊ ၀၉ (၇လ ကြာပြီးသည့်နောက်)
လွန်ခဲ့သော ၂၀၀၈ နိုဝင်္ဘာလ အတွင်းက မင်းပြား တန်ဆောင်တိုင် ပွဲတော်ကာလ အတွင်း အပျော် ထမင်း ချက်စားနေစဉ် စစ်သားများ ရိုက်နက်ခြင်းကို ခံရ၍ သေလု မျောပါး ဖြစ်ခဲ့ရသူ ကိုထွန်းအေးကျော်ကို စစ်တပ်မှ တရားစွဲဆိုထားသဖြင့် အဆိုပါ အ မှူကို ဇွန်လ ၄ ရက်နေ့တွင် စတင် ကြားနာ စစ်ဆေးမည် ဖြစ်သည်။
ယခုကဲ့သို့ တရားစွဲထားသဖြင့် ကိုထွန်းအေးကျော်နှင့် သူငယ်ချင်းများမှာ အဆိုပါ အမူကို ဇွန်လ (၄) ရက်နေ့တွင် ရင်ဆိုင်ရမည် ဖြစ်ပြီး ရှေ့နေများ ငှားရမ်းရမည့် အနေအထားတွင် ရှိမရှိကို အဆိုပါနေ့တွင်သာ သိရှိရမည် ဖြစ်သည်။
ကိုထွန်းအေးကျော်ကို တရားစွဲဆို ထားသူ မှာကား သူ့ကို ဦးဆောင်ပြီး ရိုက်နက်ခဲ့သူ တပ်ရင်း ၃၇၉ မှ ဒု တပ်ရင်းမှူး ဗိုလ်မှူး နိုင်ဝင်းအေးသာလျင် ဖြစ်ပါသည်။
http://www.narinjara.com/detailsbur.asp?id=1857
at
17:16
0
comments
Labels: ဗိုလ်မှူး Major
Tuesday, 9 June 2009
Myanmar Military Officials Who Terrorize Minbya Public
On 11 November, 2008 a group of ten army officials and 20 soldiers, led by Major Naing Win Aye, Deputy Commander of Light Infantry Battalion 379 based on the outskirts of Minbya, entered the town at night in army vehicles to attack the local youths.
Major Naing Win Aye, Deputy Commander of Light Infantry Battalion 379
Captain Zaya Tun (LIB 379)
Lieutenant Aung Pyo Thu (LIB 370)
Lieutenant Kyaw Naing Soe from LIB 379
Lieutenant Si Thu Aung from LIB 379
Lieutenant Aung Moe Htut from LIB 379
Lieutenant Kan Min Zaw from LIB 379, and
Lieutenant Soe Pai Oo from LIB 541.
http://www.narinjara.com/details.asp?id=2204
at
15:23
0
comments
Labels: ဗိုလ်မှူး Major
Monday, 8 June 2009
မင်းပြား ပြည်သူများအား ယုတ်မာညစ်ညမ်းစွာ နှိပ်ကွပ်သော မြန်မာ့တပ်မတော်မှ အရာရှိများ
ဒု တပ်ရင်းမှူး ဗိုလ်မှူး နိုင်ဝင်းအေး (ခမရ ၃၇၉)
ဗိုလ်ကြီးဇေယျာထွန်း (၃၇၉ တပ်ရင်း)
ဗိုလ်အောင်ဖြိုးသူ
ဗိုလ်ကျော်နိုင်စိုး
ဗိုလ်စည်သူအောင်
ဗိုလ်အောင်မိုးထွဋ်
ဗိုလ်ခန့်မင်းဇော်
ဗိုလ်စိုးပိုင်ဦး (၅၄၁ တပ်ရင်း)
ဗိုလ်စည်သူအောင်
၎င်း အရာရှိများ အပါအဝင် စစ်သည် (၃၀)ခန့်
အထက်ပါ မြန်မာ့တပ်မတော် မှ
အခြားသော ပူးပေါင်းပါ မသမာသူ လူယုတ်မာများ အမည်စာရင်း
ဦးမြင့်ဦး (မြန်မာ့ ဂုဏ်ရည် အကျိုးဆောင် လုပ်ငန်း)
အောင်ကျော်မိုး (တရားမ၀င် လုပ်ငန်းများ လုပ်ကိုင်နေသူ)
မယကဥက္ကဌ ဦးနေလင်းထွန်း၊
၅၄၁ တပ်ရင်း၊ ၃၈၀ တပ်ရင်းများမှ ဒုတပ်ရင်းမှူးများ၊
ရဲမြို့နယ်မှူး သန်းအောင်
သတင်းညှိုနှိုင်း အဖွဲ့
http://www.narinjara.com/detailsbur.asp?id=1857
at
16:29
0
comments
Labels: ဗိုလ်မှူး Major
Friday, 22 May 2009
Myanmar Military Buys Abducted Children
On May 17, Wyne Dollar, 14 was abducted by a taxi driver called Pyar Lay (a) Myo Thant. Pyar Lay then took the boy to Infantry Battalion 104, where the major ranked official gave him K 25,000.
Pyar Lay of Yu Za Na Road, Be' Gone, Moulmein is known to be smuggling children for Myanmar Military.
U Shwe Ko and Daw Sabay Dar, Wyne Dollar's parents, who live in Pan Chan Gone Rd, Hlaing, Moulmein are desperately fighting to get their son back.
http://www.yoma3.org/index.php?option=com_content&view=article&id=246:2009-05-20-08-16-04&catid=41:2008-09-21-07-44-45&Itemid=124
at
14:39
0
comments
Labels: ဗိုလ်မှူး Major
တပ်ရင်း၁၀၄ ခိုးရာပါ ကလေးကို ၂သောင်းခွဲ ပေးဝယ်
ယခုလ (၁၇) ရက်နေ့က မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပန်းခြံကုန်းလမ်းနေ ဦးရွှေကို၊ ဒေါ်စဘေးဒါးတို့၏သား အသက် (၁၄) နှစ်အရွယ်ရှိ မောင်ဝိုင်းဒေါ်လာကို ဆိုင်ကယ်တက္ကစီမောင်းသည့် ပျားလေး (ခ) မျိုးသန့်ဆိုသူက ပါးစပ်ပိတ်ကာ ခေါ်ဆောင်သွားပြီး တပ်ရင်း (၁၀၄) သို့ ပို့ဆောင်ကာ ငွေ ၂ သောင်းခွဲဖြင့် ရောင်းချသွားခြင်းဖြစ်သည်။
“ကလေးကပြောတာက သူ့ကို အတင်းပါးစပ်ပိတ်ပြီး ခေါ်သွားတယ်၊ တပ်ကိုရောက်တော့ ပျားလေးက မင်းဟာမင်းဝင်တာလို့ ပြောခိုင်းတယ်၊ ပြန်ထွက်လာရင် ဓားနဲ့ ထိုးသတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောပြီး ပိုက်ဆံ ၂ သောင်းခွဲကို ဗိုလ်မှူးဆီက လက်မှတ်ထိုးယူသွားတယ်”
“ဗိုလ်မှူးကို ကလေးက အသက်မပြည့်သေးဘူး ဦးနှောက်လဲ ညဏ်ရည်သိပ်မမှီဘူးလို့ ပြောတာကို အသက်မပြည့်တာလဲ မလိုဘူး စစ်တပ်မှာရတယ်လို့ ပြောလိုက်တယ်၊ စစ်တပ်ထဲရောက်ပြီးရင် ပြန်ထွက်လို့မရဘူး၊ တကယ်လို့ ကလေးကိုခေါ်သွားရင် မိသားစုတခုလုံး ထောင်ဝင်စာတွေ့ရမယ်လို့ ဗိုလ်မှူးက ပြောလိုက်တယ်”
ကလေးကို ခြိမ်းခြောက်ခေါ်ဆောင်သွားသူ ပျားလေး (ခ) မျိုးသန့်ဆိုသူမှာ မော်လမြိုင်မြို့၊ ဘဲကုန်းရပ်ကွက်၊ ယုဇနလမ်းတွင် နေထိုင်သူဖြစ်ပြီး စစ်တပ်အာဏာပိုင်များနှင့်ပေါင်းကာ ကလေးငယ်များကို စစ်သားအဖြစ် အရောင်းအဝယ်ပြုလုပ်နေသူဖြစ်သည်။
http://www.yoma3.org/index.php?option=com_content&view=article&id=246:2009-05-20-08-16-04&catid=41:2008-09-21-07-44-45&Itemid=124
at
14:23
0
comments
Labels: ဗိုလ်မှူး Major
Tuesday, 12 May 2009
Who Raped The Seven Year Old Girl ?
A garrison engineer’s unit , camped at a village school in Kyauk Le' , Maung Daw, Rakine
A group of soldiers from Construction Engineer Battalion, which based in Sittwe, had been erecting fences along the Bangladesh border. A seven year old girl, who had been raped was found unconscious in a wood, 300 yards from the school, on 7 May, at around 2 am.
Major Kyi Aung
Area In Charge
No 6. Border Security Forces Department (Na Sa Ka)
Aung Bala (Based)
Maung Daw
" The major himself came to investigate here, where the construction soldiers camp, in the village school.The name of the rapist hasn't been revealed."
Major Aung Kyi also summoned the child's parents and told them that the reasonable amount of compensation, including medical treatment cost, would be given. He then told them not to report the case to anyone.
http://www.mizzima.com/news/inside-burma/2108-seven-year-old-girl-raped-in-maungdaw.html
at
17:14
0
comments
Labels: ဗိုလ်မှူး Major
၇ နှစ်သမီး အား မုဒိန်းပြုကျင့်မှု
ရခိုင်ပြည်နယ် မောင်တောမြို့အပိုင် ကျောက်လဲကျေးရွာ အခြေချ ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ဖွဲ့ 
ဤကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် တပ်သည် စစ်တွေအခြေစိုက် ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ရင်းဖြစ်ပြီး၊ နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်ရန်အတွက် တပ်သားအချို့အား စေလွှတ်ထားခြင်း ဖြစ်သည်။ မေ့မျောနေသော သမီးငယ်အား စာသင်ကျောင်းနှင့် ကိုက် ၃ဝဝ ခန့်အကွာရှိ တောအုပ်အတွင်း မေလ ၇ရက်နေ့  ည ၂ နာရီခန့်တွင် တွေ့ရှိခဲ့သည်။
ဗိုလ်မှူး ကြည်အောင်
နယ်မြေမှူး
အမှတ် (၆) နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေးဌာန (နစက)
အောင်ဗလကျေးရွာ အခြေစိုက်
မောင်တောမြို.နယ်
“၁၀ ရက်နေ့က ကျောက်လယ်ရွာက ဆောက်လုပ်ရေး တပ်သားတွေနေတဲ့ အဲဒီ စာသင်ကျောင်းကို နယ်မြေမှူးကိုယ်တိုင် သွားတယ်။ ဘယ်ရဲဘော် လုပ်တယ်ဆိုတာ လက်သည် မပေါ်သေးဘူး”
သက်ဆိုင်ရာသို့ တိုင်ကြားခြင်း မပြုလုပ်ရန်နှင့် ဆေးဖိုးဝါးခ ကုန်ကျစရိတ်နှင့် နစ်နာကြေးကို ထိုက်သင့်သလောက် ပေးမည်ဖြစ်ကြောင်း နစက နယ်မြေမှူးက အဓမ္မပြုကျင့်ခံရသူ၏ မိဘများကို ခေါ်ယူပြောဆိုထားကြောင်း သိရသည်။
http://www.mizzimaburmese.com/news/inside-burma/2928-2009-05-11-11-37-53.html
မေးခွန်း ။ ။ နယ်မြေမှူး ဗိုလ်မှူး ကြည်အောင် သည် အဘယ်ကြောင့် ခလေးမိဘများအား သက်ဆိုင်ရာသို့ တိုင်ကြားခြင်း မပြုလုပ်ရန် ခေါ်ယူပြောဆို ပါသနည်း။ မုဒိန်းသမား တပ်သား သည် တရားဥပဒေအရ အပစ်ဒဏ်ခံရ မည်ကို စိုးရိမ်၍ လော၊ သို့ တည်းမဟုတ် မြန်မာ့တပ်မတော် ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းမည်ကို ဖုံးဖိ ကာကွယ် လို ၍ လော၊ သို့တည်းမဟုတ် ဤ သမီးကလေးသည် ဆင်းရဲနွမ်းပါးသော ရခိုင်ကျေးလက် မိသားစုတွင် ဖွားမြင်သူဖြစ်ပြီး လျော်ကြေးငွေအနည်းငယ်ပေး လိုက်ပါက ဝမ်းမြောက်ကျေနပ်ကြမည်ဟု ယုံကြည်သောကြောင့်လော။
at
13:30
0
comments
Labels: ဗိုလ်မှူး Major
Tuesday, 5 May 2009
Terrorist Major Khin Maung Chin, LIB 107
Major Khin Maung Chin
Commander
Light Infantry Battalion 107
On April 3, Major Khin Maung Chin led the killing of village PDC Chairman and the secretary of Pauk Pingwin, Ye' Pyu. A total of 4 villagers, who were accused of having connections with the Mon insurgents, were killed between 2nd and 3rd of April by LIB unit 107.
On April 17, Major Khin Maun Chin, again, led the Battalion 107, consisted of 50 armed soldiers, to burn down 36 houses, destroying the entire village, as a punishment.
http://www.monnews-imna.com/burmese/newsupdate.php?ID=255
at
14:28
0
comments
Labels: ဗိုလ်မှူး Major
