http://thadar.blogspot.com/2009/10/blog-post_17.html
Monday, 19 October 2009
Saturday, 10 October 2009
Thursday, 8 October 2009
Wednesday, 30 September 2009
Monday, 21 September 2009
Sunday, 20 September 2009
Thursday, 17 September 2009
လျှပ်စစ်ဖျင်းတဲ့ ဇော်မင်း နှင့် ဘီလူးမယား ခင်မိမိ
ကမ္ဘာ့ အညံ့ဖျင်းဆုံးလျှပ်စစ်ဌာန ကိုအုပ်ချုပ်နေတဲ့ ဝန်ကြီးဇော်မင်းဟာ အလယ်တန်း အထွေထွေသိပ္ပံစာအုပ်များကို ကြေညက်သည်အထိ ဖတ်ရှု လေ့လာပြီး လျှပ်စစ်ဆိုတာ ဘာများပါလိမ့်လို့  အသိဥာဏ်ာနဲနဲပါးပါးရလာအောင်လုပ်မဲ့အစား မနှစ်က ရေနံချောင်းမှာ ဟောင်တဘွာဘွာနဲ့  ခွေးနဲ့ ညားရင် ခွေးမယား၊ ကုလားနဲ့ ညားရင် ကုလားမယား စတဲ့ ရုန့် ရင်းကြမ်းတမ်းတဲ့ စကားများကို ကြားသူများ နားသနလောက်အောင် အရှက်မဲ့စွာ ဟောင်ခဲ့ပါတယ်။
အဲဒီတုံး ကတော့ လူအများက သြော် ဒီ ခင်မိမိ ဆိုတဲ့မိန်းမ ခမျာ ကံကလေး မခေရှာပါ လား။ သူ့ ယောက်ကျားခမျာ အသိပညာအတတ်ပညာ နဲရှာပေမဲ့ (မြန်မာနိုင်ငံမှာ လျှပ်စစ်မီးချို့ တဲ့ခြင်းကိုဆိုလိုပါတယ်) မြန်မာ ဗုဒ္ဓဘာသာ စစ်စစ် ဖြစ်ရှာလေတယ် လို ဆိုမိကြပါတယ်။
ဒါပေမဲ့ ၁၅ ရက်နေ့ တုံးက မြီု့ သစ်မှာ လျှပ်စစ်ဖျင်းတဲ့ ဇော်မင်းတယောက် လျှပ်စစ်ဖြန့်ဝေရေးနဲ့ ပါတ်သက်တဲ့ ကိစ္စကလွဲရင် ဘာမဆို ပြောဖို့ ရည်ရွယ်ထားရာကနေ သတိလက်လွတ်ဖြစ်ပြီး အစွယ်ပြူးပြူးသားစားကြူးတဲ့ ဘီလူးသရုပ်မှန် ကိုဘွားကနဲ ဖေါ်ချမိတဲ့ အခါ ကြားမြင်သက်သေတွေ့ ရှိသူအများ ဟာကနဲ ဟယ်ကနဲ လန့်ဖြန့် ကုန်ကြပြီး သြော် ခင်မိမိ ဆိုတာ ခွေးတွေ သူတောင်းစားတွေ ကုလားတွေကို အောင်မြင်စွာ ရှောင်ကွင်းနိုင်ခဲ့ပြီး နောက်ဆုံးမတော့ ဘီလူးမယား ဖြစ်သွားရှာ ပါတကားလို့ ကောက်ချက်ချလိုက် ကြပါလေတော့တယ်။
http://burmese.dvb.no/news.php?id=8478
http://whoiswhoinburma.blogspot.com/2008/04/her-choice-zaw-min-or-dog.html
http://www.ymec.com.cn/en/news/news_9.htm
at
15:17
0
comments
Labels: ဗိုလ်မှူးကြီး Colonel
လည်မျိုနင်းမဲ့ ဘိုလူးကြီး ဇော်မင်း
တိုင်းသူပြည်သား များကို လည်မျိုနင်း၊ ဒုတ်နဲ့ ရိုက်ပြီး မြောင်းထဲပစ်ချ မယ် လို့ ဘီလူးသဘက်မိစ္ဆာ ကြီး ကြံ့ဖွတ် တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ လျှပ်စစ် ၁ ဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်း က ခြိမ်းခြောက်ပြောဆိုပါတယ်။
http://burmese.dvb.no/news.php?id=8478
at
03:32
0
comments
Labels: ဗိုလ်မှူးကြီး Colonel
