သရက်ထောင်
http://burmese.dvb.no/news.php?id=8510
Sunday, 20 September 2009
ပေါင်းတည်ထောင်
ပေါင်းတည်ထောင်တွင် နိုင်ငံရေး အကျဉ်းသား ၄ ဦး ကျန်ရှိနေသေးသည်ဟု သိရသည်။ ၎င်းတို့မှာ -
ကျော်ကျော် (NLD ဒေါပုံ လူငယ် တာဝန်ခံ) ထောင်ဒဏ် ၁၃နှစ်။
ဇင်လင်းအောင် (ကျောင်းသား) ထောင်ဒဏ် ၆ နှစ်ခွဲ။
ကြည်ကြည်ဝါ (NLD တနင်္သာရီတိုင်း လူငယ်) ထောင် ၁၁နှစ်။
မာမာအေး (ကြို့ပင်ကောက်မြို့နယ်) ၂ နှစ်။
http://moemaka.com/index.php?option=com_content&task=view&id=4815&Itemid=1
at
15:05
0
comments
Labels: Heroes
သရက်အကျဉ်းထောင်

ှကိုဘမျိုးသိန်း မလွတ်သေးပါ။
http://www.yoma3.org/index.php?option=com_content&view=article&id=391:2009-09-20-02-46-43&catid=41:2008-09-21-07-44-45&Itemid=124
at
15:00
0
comments
Labels: Heroes
Saturday, 19 September 2009
ဘူးသီးတောင်ထောင်
ဘူးသီးတောင်ထောင်ထဲတွင် ဦးအိသရိယ၊ ကိုဌေးကြွယ်၊ ဦးခင်လှ (တောင်ကုတ် NLD ဒုဥက္ကဌ)၊ ကိုမိုးနေစိုး၊ မနီနီမေမြှင့်၊ ကိုမောင်မောင်သက် အစရှိသည့် နိုင်ငံရေး သမား ၂၁ ဦးရှိသည်။
http://www.narinjara.com/detailsbur.asp?id=2088
at
23:52
0
comments
Labels: Heroes
Friday, 18 September 2009
Tuesday, 15 September 2009
Friday, 11 September 2009
Tuesday, 25 August 2009
တောင်ကုတ်
တောင်ကုတ်တွင် ပိုစတာ ဖြန့်၍ လှုပ်ရှားမူ စတင်
8/24/2009
သျှင်ထွီးခိုင်(အလွတ်သတင်းထောက်) ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် သြဂုတ်လ ၂၃ ရက်နေ့က ပိုစတာ များကို ဖြန့်ဝေပြီး ဒေါ်စု လွှတ်မြှောက်ရေး လှုပ်ရှားမှုကို စတင်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ လှုပ်ရှားမှုကို တောင်ကုတ်မြို့ရှိ ကံပိုင် ရပ်ကွက်၊ ချောင်းကောက် ရပ်ကွက် ၊ ဂူတာ ရပ်ကွက်၊ သိမ်တောင်ရပ်ကွက် အပါအဝင် အထက်တန်းကျောင်းနှင့် ကိုင်းရှည်တံတားများတွင် ပိုစတာများကို ဖြန့်ဝေ၍ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
မြို့ခံ တဦးက “ပိုစတာတွေမှာ ဒေါ်စု အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ခြွှင်းချက်မရှိ ပြန်လွှတ်ပေး ဆိုတဲ့ စာတန်းရယ်၊ ပီးတော့ ဒေါ်စု ဓါတ်ပုံရယ်၊ နောက် ဒေါ်စုနဲ့ ဗိုလ်ချုပ်အောင်ဆန်း တွဲပြီး ဖေါ်ပြထားတဲ့ ရုပ်ပုံ တွေကို လမ်းတွေမှာ ဖြန့်ကျက် ချထားသလို တချို့နေအိမ်တွေရဲ့ ခြံဝင်းတွေထဲမှာလည်း ပိုစတာတွေကို ဖြန့်ကျက် ချထားတာကို တွေ့ရပါတယ်” ဟု ပြောသည်။
အဆိုပါ ပိုစတာများကို တောင်ကုတ် ရဲတပ်ဖွဲ့ဝင်များက နံနက်လင်းအာရုံတွင် လိုက်လံ သိမ်းဆည်းပြီး ရဲစခန်းသို့ ယူဆောင်သွားကြသကဲ့သို့ လူငယ် တချို့မှလည်း ကြည့်ရှု့ရန်နှင့် တခြား မိတ်ဆွေ သူငယ်ချင်းများကို ပြသရန် ယူဆောင်သွားကြသည်ဟု သူက ပြောသည်။
အဆိုပါ ပိုစတာများကို ဖြန့်ဝေ ပြီးနောက် ဒေသ အာဏာပိုင်များက စာရွက် ဖြန့်သူများကို အပူတပြင်း လိုက်လံ ရှာဖွေ နေသည်ဟု သိရသည်။
တောင်ကုတ်မြို့တွင် ပိုစတာ ဖြန့်ဝေ လှုပ်ရှားမှု အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အဖြူရောင် လှုပ်ရှားမှုကိုလည်း ဒေသခံ လူငယ်များက စတင် လုပ်ကိုင် လျှက်ရှိကြောင်း သတင်းရရှိသည်။
http://www.narinjara.com/detailsbur.asp?id=2038
at
00:23
0
comments
Labels: Heroes
Monday, 24 August 2009
ဟေ့
မတရားမှု စုရုံးရာကို
တရားရုံးလို့ ခေါ်မှာလား၊
တရားဓမ္မကို ချုပ်နှောင်ထားတာ
မတရားမှုများစွာကို ကျူးလွန်တာဘဲ၊
လွတ်လပ်မှုကို တောင်းဆိုတာနဲ့ ပဲ
ချုပ်နှောင်မှုကို ခံရမှာလား၊
ပြည်သူ့ အတွက် တရားပျက်၍
လူသားအချင်းချင်း တရားကင်းစွာရှိကြသူတွေကို
အမှားမြင်သူ တရားရှင်တို့ က
အဓမ္မ ကျွန်မခံ
တွန်းလှန်မယ် ဟေ့ ။
(ကျောက်ပန်းတောင်း မှ အညတရ ကဗျာရှင်)
at
17:55
0
comments
Labels: Heroes
တွံတေး
တွံတေးမြို့နယ်ဆုတောင်းပွဲ ပြည်သူထောင်နှင့်ချီ လာရောက်ဝတ်ပြုဆုတောင်းခဲ့
Wednesday, 19 August 2009 18:00 ရိုးမ ၃
တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ကာ ယနေ့ ဝတ်ပြုဆုတောင်းခဲ့ရာ ပြည်သူလူထု ထောင်နှင့်ချီ၍ ပူးပေါင်းပါဝင်ခဲ့ကြသည်။
ဝတ်ပြုဆုတောင်းပွဲအား နောက်ဆုံးနေ့အဖြစ် သတ်မှတ်ကာ (NLD)ပါတီဝင်များက တွံတေးမြို့ပေါ်ရှိ ရွှေဆံတော်ဘုရား အင်္ဂါဒေါင့်တွင် ဝတ်ပြုဆုတောင်းပွဲကို ယနေ့ နေ့လည်က ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
စစ်အစိုးရအာဏာပိုင်များကလည်း တွံတေးမြို့ပေါ်တွင် လုံခြုံရေးများ ထူထပ်စွာ ချထားပြီး အဆိုပါလှုပ်ရှားမှုကို စောင့်ကြည့်မှုများ ရှိခဲ့သည်။
“လုံခြုံရေးကတော့ ဘုရားအောက်မှာတွေ၊ မြို့ထဲမှာတွေကော နောက်ပြီးတော့ ဘုရားအပေါ်မှာလည်း ချထားတယ်၊ လုံခြုံရေးကတော့ တော်တော်များတယ်ဗျ၊ ရဲတွေပါ၊ ဒါပေမဲ့ ယူနီဖောင်းတွေတော့ မပါဘူး၊ ရဲသတင်းပေးတွေလည်း များတယ်၊ ဒီနေ့တော့ ဝိုင်းစောင့်ကြည့်တာတွေ ဗွီဒီယိုရိုတာတွေပဲ ရှိတယ်၊ ဒီနေ့လာတဲ့ ပြည်သူလူထုအများအားဖြင့်ကတော့ အင်္ဂါဒေါင့်မှာပဲ ဝတ်ပြုဆုတောင်းတယ်” ဟု အင်န်အယ်ဒီပါတီ တွဲဘက်အတွင်း ရေးမှူး ကိုဇော်မင်းထွန်းက ပြောသည်။
ယနေ့သည် ဝါခေါင်လကွယ် ဥပုသ်နေ့ဖြစ်သည့်အတွက် ပြည်သူလူထုများက အဖြူရောင်များဝတ်ဆင်ကာ ဘုရားပေါ်သို့ တက်ရောက်ခဲ့ပြီး ဝတ်ပြုဆုတောင်းခဲ့ရာတွင် အများစုမှာ အမျိုးသမီးများဖြစ်ကြပြီး အင်အား ၃,၀၀၀ ခန့်ရှိသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ယနေ့နောက်ဆုံးနေ့အဖြစ် အဖြူရောင်ဝတ်ဆင်ကာ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်မည်ကို တွံတေးမြို့နယ် (NLD)ပါတီအဖွဲ့ဝင်အချို့က ယခင်ရက်များတွင် ပြည်သူများအကြား လိုက်လံပြောဆိုထားခဲ့သည်ဟု ဆိုသည်။
"မနေ့ကလည်း ကျနော်တို့ ရဲတွေနဲ့ ပြဿနာတက်တယ်ဆိုတာ ပြည်သူက သိတယ်၊ ဒီနေ့ထပ်ဖြစ်မယ်ဆိုရင် သူတို့က ဥပုသ်လာစောင့်ရင်းနဲ့ ဒီ လှုပ်ရှားနေတဲ့သူတွေကို ဝိုင်းကာကွယ်မယ်ဆိုပြီး လာကြတာပါ၊ ဥပုသ်နေ့တိုင်းမှာ ဒီလို လူအများကြီး ဘုရားပေါ်မတက်ဘူး၊ နည်းနည်းလောက်ပဲ တက်တာ၊ ဘုန်းကြီးကျောင်းတွေလောက်ပဲ သွားကြတာ၊ ခုက ဘုရားပေါ်ကို အများကြီးတက်လာတယ်” ဟု ကိုဇော်မင်းထွန်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထပ်မံချထားခြင်းမှာ နိုင်ငံရေးနှင့်ပတ်သက်၍ ထောင်ချောက်ဆင်မှုသာဖြစ်သဖြင့် တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကန့်ကွက်ရှုတ်ချသည်ဟုလည်း ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့သည့် အဓိကတရားခံ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ယက်တောအား စစ်အစိုးရက ပြန်လည်လွှတ်ပေးလိုက်ခြင်းနှင့်ပတ်သက်၍ ကိုဇော်မင်းထွန်းက “နိုင်ငံခြားသားကိုတော့ သဘောထားကြီးစွာနဲ့ လွှတ်ပေးနိုင်တယ်၊ ကိုယ့်လူမျိုးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ သဘောထားမကြီးဘဲနဲ့ နေအိမ်အကျယ်ချုပ်ထားတယ်၊ ထောင်ချတယ်၊ ခုလို အဖြူရောင် လှုပ်ရှားမှုတွေမှာ ရိုက်နှက်တယ်၊ ကျနော်တို့ကတော့ စစ်မှန်သော ဒီမိုကရေစီရတဲ့အထိ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်” ဟု ပြောဆိုသွားသည်။
http://www.yoma3.org/index.php?option=com_content&view=article&id=347:2009-08-19-11-02-14&catid=41:2008-09-21-07-44-45&Itemid=124
at
17:23
0
comments
