Showing posts with label Opinion. Show all posts
Showing posts with label Opinion. Show all posts

Monday, 3 November 2008

စာရင်းပြုစုခြင်း နှင့် အချက်အလက်ရှာဖွေစုဆောင်း ခြင်း

အဘယ်ကြောင့် စာရင်းဇရားပြုစုမှတ်တမ်းတင်ခြင်းသည် ရေးကြီးပါသနည်း။

စာရင်းဇရားပြုစုမှတ်တမ်းတင်ခြင်း သည် မည်သည့်အဖွဲ့ အစည်း၊ ဌာန၊ သမဂ္ဂ တိုင်းတွင်မဆို အဓိက အရေးပါ အရာရောက်သော လုပ်ငန်းစဉ်ကြီးတခု ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ သမိုင်းကိုပြန်ကြည့်လျင် ပုဂံခောတ် အနော်ရထာမင်းကြီးလက်ထက်မှစ၍ လူစာရင်း၊ မြေစာရင်း၊ လယ်စာရင်း စသည်များကို စနစ်တကျ မှတ်တမ်းတင် ခဲ့ပြီး ထိုလုပ်ရပ်များ၏ ရလဒ် သည်ကားသာယာဖွံ့ ဖြိုးတိုးတက်ကြွယ်ဝသော မြန်မာနိုင်ငံကြီးပင် ဖြစ်ခဲ့ပါသည်။

ထို့ အတွက်ကြောင့် လက်ရှိ မြန်မာနိုင်ငံကို ကမ္ဘာ့ နောက်ဆုံးပိတ် အဆင်းရဲ၊ အမွဲတေဆုံး နိုင်ငံအဆင့်မှ ပုဂံ၊ တကောင်းခောတ် များက ကဲ့သို့စည်ပင်ကြွယ်ဝ၊ဖွံ့ ဖြိုးတိုးတက်သော န်ုင်ငံကြီးတခုအဆင့်သို့  ပြန်လည်ရောက်ရှိစေရန်ကြိုးပမ်းရာတွင် စနစ်တကျ စာရင်းဇရားပြုစုမှတ်တမ်းတင်ခြင်း အလုပ်သည် အဓိက အချက်အချာ ကျသော လုပ်ငန်းစဉ်ကြီးတခု ပင်ဖြစ်ပါသည်။

မည်သူများက စာရင်းဇရားပြုစုမှတ်တမ်းတင်ခြင်း နှင့် အချက်အလက်ရှာဖွေစုဆောင်းခြင်း ကိုပြုလုပ်နိုင်ပါသနည်း။

စာရေးစာဖတ်တတ်သည့် မည်သူမဆို ပြုလုပ်နိုင်ပါသည်။ စာရင်းဇရားပြုစုမှတ်တမ်းတင်သူ များလေ၊ နိုင်ငံတော်အတွက် အကျိုးကျေးဇူး အမြန်ရလေပင် ဖြစ်ပါသည်။

မည်ကဲ့သို့ ပြုလုပ်ပါမည်နည်း။

၁ ဘလော့ဂ်အသစ်တခုကိုဖွင့်ပါ။

၂ မိမိပြုလုပ်လိုသောစာရင်းနှင့်ဆီလျော်သည့် အမည်ကိုတပ်ပါ။ ဥပမာ ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများ

၃ ပုဂ္ဂိုလ် တဦးစီ၏ အမည်ကို ပိုစ့် (post) တခုစီတွင် သွင်းပါ။

၎ စာရင်းပါ ပုဂ္ဂိုလ်များနှင့် သက်ဆိုင်သည့် အချက်အလက်များကို သတင်းစာ၊ အင်တာနက် စသည့် မီဒီယာအမျိုးမျိုးမှ ရှာဖွေစုဆောင်းပြီး သက်ဆိုင်ရာ ပိုစ့်များတွင် ထဲ့သွင်းပါ။

အထက်ပါ လုပ်စဉ်များ ကိုလုပ်ပြီးပါက အသင်၏ စာရင်းပြုစုခြင်းဆိုင်ရာ ဘလောဂ့်သည် အကြမ်းအားဖြင့် ပြည့်စုံသွားပြီ ဖြစ်ပါသည်။
အနာဂါတ်တွင် အသင်၏ ကွန်ပြူတာနည်းပညာ ကျွမ်းကျင်မှုပေါ်တွင်မူတည်၍ သင်၏ဘလောဂ့်ကို စိတ်ကြိုက် ပိုမိုကောင်းမွန် ထိရောက်အောင် ပြုပြင်သွားနိုင်ပါသည်။

(သတိပြုရန်အချက်များ)


စာရင်းဘလောဂ့်တွင် ပိုစ့်အရေအတွက်ကို လျော့ထားပါ။ ဥပမာ ဝန်ကြီးအရေအတွက် ၄၀ ကျော်ရှိပါက ထက်ဝက်ဖြတ်ပြီး ဝန်ကြီးများ (အပိုင်း၁)၊ ဝန်ကြီးများ (အပိုင်း၂) စသည်ဖြင့် ဘလောဂ့် ၂ခု (သို့ )၃ခု ထုတ်လုပ်ပါ။ ပိုစ့်အရေအတွက် ၁၀ခု ၁၅ခု မျှသာ ထားပါက ထိမ်းသိမ်းပြုပြင်ရန် နှင့် ဖတ်ရှုရန် ပိုမို လွယ်ကူပါသည်။ ဤဘလောဂ့်ကို ပုံစံကြည့်နိုင်ပါသည်။

ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ခြင်းကို ရှောင်ကြဉ် ပြီး သတင်းအချက်အလက် ထုတ်ဖေါ်ခြင်းကိုသာ ဦးစားပေးပါ။

အခြားသောသတင်းမီဒီယာများမှ အချက်အလက်များကို ကူးယူ ဖေါ်ပြလျင် လင့်ခ်များကို အထင်အရှား ဖေါ်ပြပါ။

သတင်းအချက်အလက်များကို မည်ကဲ့သို့ ရှာဖွေပါမည်နည်း။

လက်ရှိသတင်းအချက်အလက်အများစု ကို အင်တာနက် သတင်းမီဒီယာ များတွင် ရရှိနိုင်ပါသည်။ ဥပမာ

http://www.rba.gov.au/MediaReleases/2007/mr_07_19_annex.html

http://documents.treasury.gov.uk/financialsanctions/sanctionsconlist.htm

http://www.irrawaddy.org/article.php?art_id=5010&page=2

http://burmatoday.net/news2005/2007/200709/070906_bty_bur_tun_hla_sein.swf

http://www.publicenemies.blogspot.com/

စသည့် ဆိုက်များတွင် ရှာဖွေစုဆောင်းနိုင်ပါသည်။

အခြားသောဆိုဒ်များဖြစ်သည့် DVB ကဲ့သို့ ဆိုဒ်များတွင် မတရား၊လဒ်လာဘ်လိုက်စားသော ရဲအရာရှိ၊ တရားသူကြီး စသည်တို့၏ အကြောင်းများကို ဖတ်ရှုရှာဖွေ မှတ်တမ်းတင်နိုင်ပါသည်။

စာရင်းဘလောဂ့်များ မထပ်စေရန် မည်ကဲ့သို့  ဆောင်ရွက်ပါမည်နည်း။

ဤကိစ္စကို စိတ်ပူရန် မလိုပါ။ စာရင်းဘလောဂ့် များလေ အချက်အလက်ရှာဖွေ ရန် အသုံးကျလေ ဖြစ်ပါသည်။

မြန်မာလက်ကွက်မရိုက်တတ်လျင်မည်သို့ ပြုလုပ်ရမည်နည်း။


မိမိရိုက်တတ်သည့် ဘာသာ လက်ကွက်နှင့် သာရိုက်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ စပန်းနစ် စသည့် နိုင်ငံခြား ဘာသာအားလုံးသည် အသုံးဝင် အရေးပါ ပါသည်။ အကယ်၍ မြန်မာလက်ကွက် ရိုက်တတ်လိုစိတ် ရှိလျင် Zawgyi စသည့် မြန်မာဖောင့် ဆိုက်များကို အလွယ်တကူ Download ရယူနိုင်ပြီး လက်ကွက်အရိုက်ကျင့်လျင် ရက်အနည်းငယ်အတွင်း တိုးတက်ကျွမ်းကျင်လာနိုင်ပါသည်။

သင်၏ ကူညီတတ်သည့် စိတ်စေတနာဖြင့် ကြိုးစားအားထုတ်မှုကြောင့် ရိုသားဖြောင့်မတ်သော်လည်း ဒုက္ခဆင်းရဲခြင်း ကြီးစွာ ရုန်းကန်လှုပ်ရှား နေကြရသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများ တို့ သည် အကျိုးကျေးဇူးများစွာ ခံစားနိုင်မည် ဖြစ်ပါသည်။

လေးစားစွာဖြင့်

နေခြည်ဦး

Thursday, 23 October 2008

The Generals of Burma ဗိုလ်ချုပ်ကြီးများ

These Generals continue to suppress, imprison and kill many millions of their own people.
This enables them to consolidate their power, allowing them to accumulate and secure their personal wealth.
FREEDOM and JUSTICE for Burma is crucial therefore, YOUR COMMENTS to complete the information is highly appreciated.

Wednesday, 22 October 2008

ဗိုလ်ချုပ်ကြီးများ

ဤဗိုလ်ချုပ်ကြီးများသည် မြန်မာနိုင်ငံ၏ ထိပ်တန်း အာဏာရှင်ကြီး များ ဖြစ်ကြပါသည်။ ၎င်းတို့ သည် တိုင်းပြည်၏ အုပ်ချုပ်ရေး ကိစ္စအဝဝ ကို ၎င်းတို့ ၏ ကိုယ်ပိုင်ဆန္ဒ အရ လုံးဝ ဥဿုံထိမ်းသိမ်း တာဝန်ယူ ချုပ်ကိုင်ထားကြပါသည်။ ထို့ အတွက်ကြောင့် ၎င်းတို့ သည် မြန်မာနိုင်ငံ၏ ဆိုးရွားပျက်ယွင်းနေသော စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ ပညာရေး စသည့် ကဏ္ဌ များအားလုံး အတွက် လုံးဝဥဿုံ တာဝန်ရှိ ကြပါသည်။

ဆင်းရဲနုံချာလှသော မြန်မာပြည်ကြီးတွင် ချမ်းသာကြွယ်ဝကြသော အာဏာရှင်ဗိုလ်ချုပ်ကြီးများနှင့်၎င်းတို့ ၏ မိသားစုများအကြောင်းကို ဤဘလော့ဂ် တွင်မှတ်တမ်းတင်အပ်ပါသည်။

Monday, 20 October 2008

Goldie’s Thinking Corner

Ever since I read about the military security officer Aung Aung Oo, in the DVB report, I couldn’t stop thinking about the case.

Aung Aung Oo is an official from military security forces, which is based in Bago. Why does Bago, a medium sized town, needs military forces residing there? In case of the unexpected attack from foreign troops ? Or is it handily placed there so that the armed forces will be ready in case of any uprising in Bago?

The same officer visited a brothel where he amused himself. The amazing fact is that the brothel he visited was situated, very closely to the residence of the local police chief. Has the police chief no knowledge of the brothel in his neighbourhood ? Are the brothel businesses so common in Bago that the police just decided to ignore them all ? What does the Bago Peace and Development Council think of the future of the young girls in the area? If they are not too worried about other people’s kids, then how about their own daughters?

Aung Aung Oo is not only a powerful military man, he seems to have fairly good income, judging by the way he was raking around town on the motorbike and also the way he immediately offered the compensation money to the guy he abused, so as to avoid prosecution. You can’t help but wonder why an officer like him needs to visit a brothel as such. Aren’t there many eligible ladies who would like to marry a military officer with such a good income?

The other possibility is that Aung Aung Oo did marry a suitable lady from a respectable family and lived happily until the lady got struck by a terrible disease which prevented her from having physical contact with her husband. So the kind and understanding lady allowed her beloved husband to enjoy himself at the brothels.

As he felt miserable with his marital situation, Aung Aung Oo got drunk at the brothel and ran over a 13 year old boy with his motorbike on his way home. The accident was witnessed by a 23 year old man and it was all too much for the military officer as he finally snapped and started kicking and punching the unfortunate man who had witnessed the accident. Did Aung Aung Oo forget all the behaviour lessons that his gentle and respectable mother taught him ? Did he have no knowledge that it is the universally acknowledged fact that ‘gentlemen never bully weaker or unarmed ones’?

As he left the scene, Aung Aung Oo proudly shouted out loud that he was a military man. So what’s going to happen to Aung Aung Oo ? What actions will the military authorities take, when they hear of his case ? Arrest him, prosecute him for behaviour which defames the military, then throw him into long-term imprisonment?

Or will the reporters, eye-witness, etc. get long-term imprisonment instead for dishonouring the state?

Or perhaps the media who reported this case will get another hacking?

However, it is most likely that the authorities will just ignore such trivial citizens’ problems as all eyes and ears are on the top dog Than Shwe, who lays dying with intestinal cancer. Even more eyes and ears are on the lookout for the next top dog who will snatch that throne, to continue to hold on to absolute power. And if you are not in that top dog’s group, you and your family’s lives could be in trouble, even if you are a member of the junta!

Goldie Shwe

Sunday, 19 October 2008

ရွှေအတွေးငွေအတွေး

ပြီးခဲ့သည့် ပို့စ် မှာဖေါ်ပြခဲ့သော (DVB မူရင်း) စရဖ အရာရှိ အောင်အောင်ဦး ၏ အမှူကိစ္စ နှင့်စပ်လျဉ်းရွေ့  တွေးခေါ်ရန် မေးခွန်းများစွာ ပေါ်ပေါက် ခဲ့ပါသည်။

အောင်အောင်ဦးသည် ပဲခူးမြို့  စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ မှ အရာရှိ တဦး ဖြစ်သည်။ အဘယ်ကြောင့် ပဲခူးမြို့ တွင် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့  ထားရှိရန် လိုအပ်ပါသနည်း။ နိုင်ငံခြားစစ်တပ်များ ပဲခူးမြို့  တိုင်အောင် ထိုးစစ်ဆင်ခဲ့ သည်ရှိသော် ပြန်လည်တိုက်ခိုက်ရန် အတွက်လော။ ငတ်ပြတ်နေသော ပြည်သူများ ဆန္ဒပြလျင် နှိမ်နင်းသတ်ဖြတ်ရန် လော။

၎င်းစစ်အရာရှိသည် ပဲခူးမြို့ သစ် ရဲမှူးနေအိမ်အနီးရှိ ပြည့်တန်ဆာရုံ တွင် ပျော်ပါးသောက်စားခဲ့သည်။ ထိုရဲမှူးသည် မိမိနေအိမ်အနီးရှိ ပြည့်တန်ဆာရုံ အကြောင်း မသိသလော။ ပဲခူးမြို့ တွင် ပြည့်တန်ဆာရုံ မည်မျှရှိ သနည်း။ ပဲခူးမြို့ အုပ် ချုပ်ရေးဆိုင်ရာ တာဝန်ရှိ သူများသည် မိမိတို့ ၏ ဆွေမျိုး ရင်းခြာအပါအဝင် ပြည်သူအားလုံး၏ ရင်နှစ်သည်းခြာ သမီးရတနာ ကလေးများ အတွက် စိုးရိမ်ရင်လေးစရာ အနာဂါတ် ကို မတွေးကြည့်ပါ၏ သလော။

အောင်အောင်ဦးသည် စစ်တပ်မှ အရာရှိတဦးဖြစ်ပါသည်။ မော်တော်ဆိုင်ကယ် ပိုင်ဆိုင်ခြင်း၊ တနေ့အတွင်း လျော်ကြေးပေးနိုင်ခြင်း တို့ ကိုကြည့်ခြင်းအားဖြင့် ၎င်းသည် ဝင်ငွေကောင်းစွာ ရှိကြောင်းသိနိုင်ပါသည်။ ဤဂုဏ်သရေရှိ စစ်အရာရှိ သည် အဘယ်ကြောင့် ပြည့်တန်ဆာ များနှင့် ပျော်ပါးမှုကို ရှာဖွေရပါသနည်း။ ပဲခူးမြို့ တွင် အောင်အောင်ဦး ကဲ့သို့ စစ်အရာရှိ များနှင့် အိမ်ထောင်ပြုလိုသည့် အမျိုးကောင်းသမီးများ မရှိကြပါ၏သလော။

သို့မဟုတ်ပါကလည်း အောင်အောင်ဦး သည် မိကောင်းဖခင်သား ပီသစွာ ဂုဏ်သရေရှိ အမျိုးသမီးကောင်း တဦးနှင့် မင်္ဂလာဆောင်ငြမ်းပြီး ချစ်ခင်ပျော်ရွှင်စွာ ပေါင်းသင်းဆက်ဆံနေသော်လည်း ၎င်းအမျိုးသမီးသည် နေထိုင်မကောင်းဖြစ်လာသဖြင့် ခင်ပွန်းဖြစ်သူ စစ်အရာရှိ အား ကြေးစားပြည့်တန်ဆာများနှင့် ပျော်ပါးရန် ကြည်ဖြူစွာ ခွင့်ပေးလေ၏သလော။

ထိုအောင်အောင်ဦးသည် မူးရစ်သောက်စားပြီး ၁၃နှစ်သား ခလေးကို ဆိုင်ကယ်နှင့်တိုက်မိသည်သာမက မျက်မြင်သက်သေ လူငယ်တဦး အားလည်း ထိုးကြိတ်ကန်ကြောက် ခဲ့သည်။ ၎င်း၏ မိဘများသည် ၎င်းအား သွန်သင်ဆုံးမခြင်း မရှိခဲ့လေသလော။ ယောက်ျား ကောင်း ယောက်ျား မြတ်တို့ သည် မိမိထက်ခွန်အားနဲသူ၊ လက်နက်မဲ့သူများအား အနိုင်ပြုကျင့်ခြင်းကို ရှက်ဖွယ်လိလိကောင်းလှသည့် အလုပ်ကြီးအဖြစ် ယုံကြည်သတ်မှတ်ထားကြောင်း ၎င်းတို့  မသိလေ၏သလော။

၎င်းအောင်အောင်ဦးသည် အချင်းဖြစ်ပွားရာမှ ထွက်ခွါစဉ် ၎င်းသည် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ မှ အရာရှိ ဖြစ်ကြောင်း ဂုဏ်ယူမောက်ကြွားစွာဖြင့် ကြွေးကျော်ခဲ့ပါသည်။ စစ်ဖက်ရေးရာ အုပ်ချုပ်သူများအနေဖြင့် ၎င်း၏လုပ်ရပ်ကို မည်ကဲ့သို့ အရေး ယူ့ဆောင်ရွက်မည်နည်း။ အောင်အောင်ဦးအား စစ်တပ်ကို အသရေဖျက်မှု နှင့် ဖမ်းဆီး စွဲချက်တင် နှစ်ရှည်သက်တမ်း ထောင်ချမည်လော။

သို့မဟုတ်ပါကလည်း ဤအချင်းဖြစ်ပွားမှုကို သတင်းပေးသူ၊ သက်သေခံသူ များအား နိုင်ငံတော်ကိုအသရေညှိုးနွမ်းအောင် လုပ်ဆောင်မှုဖြင့် ဖမ်းဆီး စွဲချက်တင် နှစ်ရှည်သက်တမ်း ထောင်ချမည်လော။

သို့မဟုတ်ပါကလည်း ဤအခြင်းဖြစ်ပွားမှုကို ဖေါ်ပြခဲ့သည့်  သတင်းမီဒီယာများကို အောက်လမ်းနည်းဖြင့် တိုက်ခိုက်မည်လော။

သို့တည်းမဟုတ်ပါကလည်း နိုင်ငံအကြီးအကဲများသည် ယခုတလော ခေါင်းဆောင်ကြီးသန်းရွှေ သေခဲ့သော် မည်သူ အာဏာ သိမ်းပါမည်နည်း၊ ထိုအခါတွင် ငါနှင့်ငါ့မိသားစုတို့၏ကံကြမ္မာ မည်သို့ ပြောင်းလည်းပါမည်နည်း၊ စသည့် အလွန်ရေးကြီးလှသည့် ကိစ္စရပ် များဖြင့် လုံးပမ်းနေကြသဖြင့် အနှီကဲ့သို့ သေးသိမ်နုံဖျင်းလှသည့် ပြည့်သူ့ဘဝရေးရာ များကို ဦးစားပေးဖြေရှင်းရန် အချိန်မပေးနိုင်သေးကြပါ၏ သလော။

သိ င်္င်္ဂီရွှေ

Thursday, 10 April 2008

The Olympic Torch Relay : The Faces Said It All

7 March 2008

Thousands of people who turned out to see yesterday’s London leg of the Olympic torch relay, witnessed how vulnerable and tiny the actual torch looked, carried by a single athlete and surrounded by a group of Chinese looking men in blue and white jogging suits. I couldn’t stop wondering who they were.

Later, I learnt that those Chinese minders were employed by Beijing Olympic Organising Committee to look after the torch and they are to go with the torch on its journey around the world. And they are called “flame attendants”.

News around the world reported how the ugly scenes of protest disrupted the relay and people’s concentration around the farce, violence and ignominy throughout the route. But for me, the most interesting sight was a phalanx of Chinese minders and in particular their faces.

Their rigidly upright bodies with the tight shoulders said they were military trained but what is the most striking for me was their expressions. The faces that could not disguise the anxiety and uneasiness. In fact, they looked so worried and disturbed that they looked like a herd of hyena who had just caught a zebra but were still surrounded by the lions.

They were equipped with communication ear pieces but that’s all, and it was clear how frustrated and strangely vulnerable they looked for not being able to hold guns, as they normally would in China, whenever they are up against protesters.

Those poor men, the employees and servants of the Chinese government with their remarkable behaviour and facial expressions of hyenas are only the reflection of their bosses and superiors. The same hyena-like expression and behaviour also applies to the faces of the Burma Junta, who China helps and supports throughout their oppression of the country’s democracy movements, in exchange of the cheap deal of natural resources.

By Goldie Shwe

 
/* EOT ----------------------------------------- */