Kaowao Newsgroup မှ ကူးယူဖေါ်ပြပါသည်။
ရှေ့တန်း စစ်ဗျူဟာ(၂)မှူး ဗိုလ်မှူးကြီးဇော်သန်းနိုင်
မေတ္တာမြို့အခြေစိုက်
ထားဝယ်ခရိုင်
တနင်္သာရီတိုင်း၊
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြေးခံဘော် ကျေးရွာအုပ်စု၊ ညောင်တုံးကျေးရွာ၌ ခရစ်ယာန် ဘာသာရေးဆိုင်ရာ အစည်းအဝေးပွဲတခုပြုလုပ် ရန်အတွက် ဒေသခံ ခရစ်ယာန်ဘာသာရေးဆိုင် ရာ အသင်းအုပ်ဆရာများမှ လွန်ခဲ့သည့် မတ်လ (၇)ရက်နေ့တွင် မေတ္တာမြို့အခြေစိုက် ရှေ့တန်း စစ်ဗျူဟာ(၂)မှူး ဗိုလ်မှူးကြီးဇော်သန်းနိုင်နှင့် သွားရောက်တွေ့ဆုံကာ ဘာသာရေးဆိုင်ရာ အစည်းအဝေးပြုလုပ်ခွင့်ပြုပေးရန် တင်ပြခဲ့ကြရာ နယ်မြေတည်ငြိမ်မှု မရှိသေးဟု အကြောင်းပြကာ ပယ်ချခဲ့သည်ဟု မကြာသေးခင်က ထိုင်းနယ်စပ် သို့ ရောက်ရှိလာကြသော ဒေသခံများပြောပြချက် အရ သိရပါသည်။
“နောက်ထပ်ဘာသာရေးကိစ္စနဲ့ ပတ်သက်လို့လာရောက်တင်ပြခြင်းမျိုး မပြုလုပ်ကြရန်နဲ့ တင်ပြလာခဲ့ရင်လည်း ခွင့်ပြု မည်မဟုတ်ဘူး” အသင်းအုပ်ဆရာများကို သတိပေးပြောဆို၍ ပြန်ခိုင်းခဲ့ပါသည်။
၂ဝဝ၉ခုနှစ် ဇန်နာဝါရီလမှစ၍ မတ်လအတွင်း KNU နှင့် နအဖတပ်တို့ မြေးခံဘော်ကျေးရွာအုပ်စု ပတ်ဝန်းကျင်တွင် တိုက်ပွဲ(၄)ကြိမ်သာဖြစ်ပွားခဲ့သော်လည်း ရှေ့တန်း-စဗဟ(၂)မှူး ကွပ်ကဲမှုအောက်တပ်ဖွဲ့များတွင် KNUနှင့် (၁၅) ကြိမ် ထက် မနည်းဖြစ်ပွားခဲ့ပါသည်။
“ရွာသားတွေက တပ်တွေကို ရန်သူ့သတင်းပို့တာ တာဝန်မကျေပျက်ကွက်ခဲ့တာဖြစ်တယ်။ နောက်ထပ်ခင်ဗျားတို့
ရွာတွေမှာတိုက်ပွဲဆက်ဖြစ်နေအုံးမယ်ဆိုရင် ခင်ဗျားတို့ ရွာအားလုံးကို တရွာမကျန်ပြောင်းပစ်မယ်” ရှေ့တန်း-စဗဟ(၂) မှူးက အသင်းအုပ်ဆရာများနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟုလည်း ဆိုပါသည်။
နယ်မြေအတွင်း နှစ်ဖက်တပ်များတိုက်ပွဲဖြစ်ပွားပြီးတိုင်း စစ်အစိုးရဘက်က အထိနာလာပြီးဆိုလျှင် ဒေသခံများကို
အပစ်ပုံချ၍ နည်းမျိုးစုံဖြင့်ဖိနှိပ်အနိုင်ကျင့်ကြသည်။
http://www.kaowao.org/b/mar09-22.php
Thursday, 26 March 2009
ဗိုလ်မှူးကြီးဇော်သန်းနိုင် Colonel Zaw Than Naing
at
15:47
0
comments
Labels: Records
Saturday, 21 March 2009
ချိုချိုမာ Cho Cho Mar
ရာမညမှကူးယူဖေါ်ပြပါသည်။
ဒေါ်ချိုချိုမာ၊ တရားသူကြီး၊ မော်လမြိုင် ခရိုင် တရားရုံး
Daw Cho Cho Mar, the judge from Moulmein
မွန်ပြည်နယ် ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက် ဇာတိနေ ကိုအောင်မျိုးပိုင် (နိုင်အရှာ) သည် စစ်အစိုးရ၏ ကြံ့ဖွံ့နှင့် မီးသတ်အဖွဲ့ကို မဝင် ခဲ့ခြင်းကြောင့် အာဏာပိုင်များ အမြင်ကပ်ကာ ကျွန်းသစ်တင်ပို့မှု၊ လိမ်လည်မှုတို့ဖြင့် အမည်မသိတရားလိုတစ်ဦး တရားစွဲဆိုမှုကြောင့် ၂-၂-၂၀၀၇ ရက်နေ့က ရေးမြို့တွင် ဖမ်းဆီးခံရပြီး မော်လမြိုင် ခရိုင် တရားရုံး၌ တရားသူကြီး ဒေါ်ချိုချိုမာ ဆိုသူက ၂၇-၂-၂၀၀၈ ရက်တွင် ထောင်ဒဏ် (၁၀) နှစ် အမိန့်ချမှတ်ခဲ့သည်။
ကိုအောင်မျိုးပိုင်ကို အာဏာပိုင်များ အမြင်ကပ်နေရခြင်းမှာ စင်ကာပူမှ ပြန်လည်ရောက်ရှိ လာကြသောမိမိမိတ်ဆွေ
အပေါင်းအသင်းတို့နှင့် ငွေကြေးစုဆောင်းပြီး ဆင်းရဲချို့တဲ့၍ ပညာဆက်လက် မသင်ကြားနိုင်သူ ခလေးများအား ပညာသင်ကြားနိုင်ရေးအတွက် တစ်နှစ်လျှင် ခလေး (၁၀) ဦးကို ငွေကြေး ရှာဖွေ ထောက်ပံ့ပေးခဲ့ကြသည်။
အပြည့်အစုံသို့ ...
Tortured victim flees labour camp
at
16:18
0
comments
Labels: Records
Friday, 20 March 2009
ဦးမိုးကျော်အောင်နှင့် ဦးဗိုက်ပူ U Moe Kyaw Aung and U Bike Poo
ရာမည မှကူးယူဖေါ်ပြပါသည်။
မော်လမြိုင်ထောင်ပိုင် ဦးမိုးကျော်အောင်နှင့် အင်္ဂပိုရဲဘက်စခန်း တာဝန်ခံ ဦးဗိုက်ပူ
Moulmein Prison Warden U Moe Kyaw Aung and Inngapo Labour Camp Official-in-charge U Bike Poo
ကိုအောင်မျိုးပိုင် မော်လမြိုင်ထောင်တွင် နေခဲ့ရပြီး နိုင်ငံရေးအမှု မဟုတ်သဖြင့် အင်္ဂပိုရဲဘက်စခန်းသို့ ၂-၃-၂၀၀၈ ရက်နေ့တွင် ပြောင်းရွေ့ခံခဲ့ရသည်။ ဤရဲဘက်သို့ ရောက်ရှိရန်နှင့် ရဲဘက်စခန်းတွင်း ထမင်းချက်ဆောင်တွင် နေရာ ရရန် မော်လမြိုင်ထောင်ပိုင် ဦးမိုးကျော်အောင်နှင့် အင်္ဂပိုရဲဘက်စခန်း တာဝန်ခံ ဦးဗိုက်ပူ (အများအခေါ်) တို့ကို လာဘ်ငွေ ကျပ်ငါးသိန်း စီပေးခဲ့ရသည်။
အဆိုပါ ရဲဘက်စခန်း ရာဘာစိုက်ပျိုးရေးခြံများတွင် အလုပ်ကြမ်းတမ်းပြီး အဖျားအနာ ထူပြောသဖြင့် ရဲဘက် အကျဉ်း သားများ မကြာခဏ သေဆုံးမှု များ ရှိသည်။ ဤဒေသရှိ အစိုးရဆီအုန်းစိုက်ခြံနှင့် အခြားဥယာဉ်ခြံတို့ တွင်လည်း သံခြေကျင်းခတ် ရဲဘက်အကျဉ်းသား အများအပြား အလုပ်လုပ်နေ ကြရသည်။
အပြည့်အစုံသို့  .....
Tortured victim flees labour camp
at
20:29
0
comments
Labels: Records
ဒေါက်တာ ဦးသန်းအောင်နှင့် တပည့်ဖြစ်သူ ကိုတင်မင်းအောင်
ရိုးမ၃ မှ ကူးယူဖေါ်ပြပါသည်။
နာဂစ်ဒေသဆေးရုံအတွက် လှူဒါန်းသည့် ပစ္စည်းများကို တာဝန်ရှိသူများ အလွဲသုံးစားပြုနေ
ဧရာဝတီတိုင်း၊ နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသမှ မြို့နယ်ဆေးရုံအုပ်ကြီးနှင့် တပည့်ဖြစ်သူတို့က လူနာများအတွက် လှူဒါန်းထားသည့် ပစ္စည်းများကို ကိုယ်ကျိုးအတွက် အသုံးပြုနေကြခြင်းကြောင့် မြို့ခံများက မကျေမနပ် ဖြစ်နေကြသည်။
မော်လမြိုင်ကျွန်းမြို့နယ် ဆေးရုံအုပ် ဒေါက်တာ ဦးသန်းအောင်နှင့် တပည့်ဖြစ်သူ ကိုတင်မင်းအောင်တို့သည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ လှူဒါန်းထားသည့် မော်တော်ဘုတ်၊ ထော်လာဂျီများကို အခကြေးငွေဖြင့် ငှားရမ်းနေလျှက်ရှိပြီး လူနာများအတွက် လှူဒါန်းထားသည့် ဆေးဝါးများကိုလည်း ပြင်ပဆေးဆိုင်များသို့ ရောင်းချနေကြောင်း မြို့ခံများက ပြောသည်။
အပြည့်အစုံ....
at
18:58
0
comments
Labels: Records
Nargis Doctors' Criminal Misconduct
Source : Yoma3
Translation by Naychi U
It is reported that the doctor-in-charge and his assistant are inappropriately using the items donated specially for the victims of cyclone Nargis.
Dr Than Aung and his assistant Tin Min Aung of Mawlamyine Kyun Hospital are said to be hiring out the speedboats and tolajis (Chinese manufactured farm tractors) donated by UNICEF, for their personal benefit and are also selling the donated medicines to private pharmacists.
The locals who attend the State hospital because they can’t afford private treatment, are made to buy all the medical accessories including plaster and bandages, even though the stock was donated by the international agencies, after Nargis. It is reported that the doctors couldn’t be bothered to see the patients if they can’t afford to pay the charges.
Since Nargis, there is a huge increase of bribery, corruption and misappropriation among the local authorities.
at
17:28
0
comments
Labels: Records
Tuesday, 17 March 2009
ဗိုလ်ချုပ်ကျော်ဖြိုး
သူတပါးချွေးနှီးစာနဲ့ ကုသိုလ်ယူချင်တဲ့ စစ်အရာရှိ
မတ်လ ၃ ရက် ၂၀၀၉
ရှမ်းပြည်အရှေ့ ပိုင်း ကျိုင်းတုံ အခြေစိုက် ဒေသဆိုင်ရာ စစ်အရာရှိ ဗိုလ်ချုပ်ကျော်ဖြိုး က မုန်ယန်း PDC ဥက္ကဌ ဦးရဲလင်းအောင် နှင့် အခြားသော ကြံ့ဖွတ် အဖွဲ့ ဝင်များကို ဒေသခံပြည်သူများ ထံမှ ငွေကောက်ခံရန် နှင့် လုပ်အားပေးလာကြရန် အမိန့် ပေးခဲ့ပါတယ်။ အကြောင်းကတော့ မြို့ နယ် နေ့ ကလေးထိမ်းကျောင်း ဆောက်လုပ် ဖို့ ပါတဲ့။
နောက် ၂ ရက်အကြာမှာတော့ ဒေသခံများဟာ မတ်လမကုန်မှီ ငွေပေးကြဖို့  အမိန့် ကျပြန်ပါသတဲ့။ ကျောင်းဆောက်ပစ္စည်း ကဝယ် ရဦးမှာလေ။ ကိုယ်ပိုင်ကားရှိသူများကတော့ ကားအမျိုးအစားပေါ်မူတည်ပြီး ဗိလပ်မြေ ပါ ဝယ်ပေးရမတဲ့။
ပစ်ကပ်ကားရှင်များကတော့ ဗိလပ်မြေ ၁၀ အိပ် စီ၊ တရုတ် Tolaji လယ်မောင်းစက် ပိုင်ရှင်များကတော့ ၅အိပ်စီ ဝယ်ထဲ့ကြဖို့ ၊ အခြား ကားသေးပိုင်ရှင်များကတော့ ကျောက်၊ သဲ၊ သစ် စသည်တို့  ဝယ်ဖို့ ရန် တာဝန်ကိုယ်စီ ချပေးခဲ့ကြသတဲ့။ ဗိလပ်မြေပေါက်ဈေးက တအိတ် ကို US$ 5.12 (Yuan 35) ရှိပြီး ဒေသခံ pickup ကား ၁၆ စီးနဲ့ Tolaji trucks ၅၀ လောက်ရှိပါတယ်။
ဒါတွင်မက အိမ်ထောင်စု တစ်ခုစီ က Y 15 (US $ 2.19) ထဲ့ရသေးသတဲ့။ မြို့ နယ်ထဲမှာ အိမ်ထောင်စုပေါင်း ၆၇၀ ဆိုတော့ စုစုပေါင်း Y 10,000 (US$ 1463.12) ရှိလေမပေါ့။
ဒေသခံတွေရဲ့ ထောက်ပြလိုချက်ကတော့ ယခုလို ပြည်သူများရဲ့ ချွေးနှီးစာနဲ့ စုပေါင်းထဲ့ဝင်လို့ ဖြစ်မြောက်လာတဲ့ ငွေအားပမာဏမှာ စစ်အရာရှိများက နာမည်ယူ မှတ်တမ်းတင်လေ့ရှိတဲ့ အပြုအမူ များကိုပါဘဲ။
ဗိုလ်ချုပ်ကျော်ဖြိုးက ယခု နေ့ ကလေးထိမ်းကျောင်း ဆောက်လုပ် တဲ့ စီမံကိန်းမှာ သူလှူတဲ့ငွေ ကျပ် ၁၀သိန်း (US$ 1015.22) ပါတယ်လို့ မှတ်တမ်းတင်လေသတဲ့။
ဒီ နေ့ ကလေးထိမ်းကျောင်းကို ဈေးရပ်ကွက်မှာဆောက်ဖို့ စီစဉ်ထားပါတယ်။ ဒေသခံတွေ ပူးပေါင်းဝယ်ယူထားတဲ့ အဆောက်အဦးပစ္စည်းများလဲ အသင့်ရောက်ရှိနေပါပြီ။
တချို့ ကြားတာကတော့ ဗိုလ်ကျော်ဖြိုးပြန်လာရင် ဆောက်လုပ်ရေးလုပ်ငန်းစမယ် ဆိုဘဲ။ လောလောဆယ်တော့ ဗိုလ်ကျော်ဖြိုးက စစ်အစိုးရ ရဲ့ ပုံမှန်အစည်းအဝေး တက်ရောက်နေ သတဲ့။
ရွှေမိ တတ်မှတ်သလောက် ပြန်ဆိုထားပါ၏။
မူလး ရှမ်းမြေ
at
16:53
0
comments
Labels: Records
Maj-Gen Kyaw Phyo
Regional commander orders locals to pay for nursery school building
Thursday, 12 March 2009 18:37 S.H.A.N. Human Rights
In accordance with an order from the regional commander, local authorities in Mongyang Township, Kengtung district, eastern Shan State, have collected money from the local people for the construction of a nursery school building there, say local community sources.
Full Report
at
04:24
0
comments
Labels: Records
Saturday, 1 November 2008
မြောက်ပိုင်းခရိုင်တရားရုံး Northern District Court
ဤ မြောက်ပိုင်းခရိုင်တရားရုံး သည် မတရားဖမ်းဆီးစွပ်စွဲခံရ သူများအား နောက်ဖေးပေါက် မှ ခေါ်သွင်းပြီး မတရားသောစီရင်ချက်ကို ပြည်သူအများ၊ ခုခံကာကွယ်သူရှေ့ နေ ရှေ့ ရပ်များ နောက်ကွယ်ရာတွင် တိတ်တဆိတ် ဆုံးဖြတ်ခဲ့ပါသည်။
http://burmese.dvb.no/news.php?id=6011
Rangoon Northern District Court
The defendants, 3 political activists and their young lawyer, were brought into this court from the back door and were given 6 months prison sentence each for breaching the court's rules, while their defence lawyers, family members and the public were waiting at the front gate.
http://english.dvb.no/news.php?id=1910
at
19:08
0
comments
Labels: Records
Thursday, 30 October 2008
ဝါဝါဆွေ၊ တရားသူကြီး Wa Wa Swe, A Judge
ဝါဝါဆွေ၊ တရားသူကြီး၊ မိထ္ထီလာတရားရုံး၊ မန္တလေး
၎င်းသည် ငွေကြေးမတတ်နိုင်သော ရိုးသားစွာလုပ်ကိုင်စားသောက်သည့် မတရားစွပ်စွဲခံရသူအား မောက်မာစွာ ဖြင့် အထက်စီးမှ ဆက်ဆံပါသည်။
http://burmese.dvb.no/news.php?id=5988
Wa Wa Swe, A Judge, Meik Tila Court, Mandalay
She discriminates a defendant who can't afford to bribe her.
at
00:22
0
comments
Labels: Records
Wednesday, 29 October 2008
ကြည်တင်၊ အရာရှိ Kyi Tin, An Officer
ကြည်တင်၊ အရာရှိ၊ စည်ပင်သာရာအဖွဲ့ ၊ မိထ္ထီလာ
၎င်းသည် လာဘတ်ငွေယူပြီး လာဘတ်ထိုးသူအလိုကျ အပစ်မဲ့သူတဦးအား အမှုဆင်ကာ တရားစွဲခဲ့သူ ဖြစ်သည်။
http://burmese.dvb.no/news.php?id=5988
Kyi Tin, Municipal officer, Meik Tila, Mandalay
A corrupt officer, he took bribery and set up a case against an innocent person.
at
23:55
0
comments
Labels: Records
ဇော်ဇော်မြင့်၊ ဒုဦးစီး၊ သာသနာရေး Zaw Zaw Myint
ဇော်ဇော်မြင့်၊ ဒုဦးစီး၊ သာသနာရေးဦးစီးဌာန၊ ပဲခူး
၎င်းသည် ပဲခူးဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြုလုပ်မည့် တန်ဆောင်မုန်းလပြည့် ကထိန်ပွဲ နှင့်ပါတ်သက်ပြီး သီရိစန္ဒာရုံကျောင်းတိုက်တွင် အကြိမ်ကြိမ်အဖန်ဖန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ ပါသည်။
http://burmese.dvb.no/news.php?id=5982
Zaw Zaw Myint, 2nd Chief, Department of Religions, Bago
It is reported that the National League for Democracy Party, Bago is planning their Katane Full Moon Festival to be celebrated at Thiri Sandayon Monastery and Zaw Zaw Myint is spending most of his time at the monastery, making enquiry.
at
17:35
1 comments
Labels: Records
အောင်စိုးတင့်၊ တရားသူကြီး Aung Soe Tint, A Judge
အောင်စိုးတင့်၊ တရားသူကြီး၊ ဒေါပုံ
၎င်းသည် နိုင်ငံရေးလှုပ်ရှားမှုနှင့် ပါတ်သက်ပြီး ဖမ်းဆီးရုံးတင်ခံရသူများ ၏ မိသားစုဝင်များအား လူငယ်ရှေ့ နေများကို မငှားရန် ပြောဆိုခဲ့သည်။
မြောက်ပိုင်းခရိုင်တရားရုံးတွင်လည်း အချုပ်ရဲများက လူငယ်ရှေ့ နေငှားရန်းသော မိသားစုဝင်များအား ခြိမ်းခြောက်ခဲ့ ပါသည်။
http://burmese.dvb.no/news.php?id=5980
Aung Soe Tint, A Judge, Dawbon, Yangon
He told family members of people who were arrested for political reasons, not to hire young lawyers.
At North District Court, the police guards threatened family members for hiring young lawyers to defend their loved ones, who were accused of political wrong doings.
at
17:04
0
comments
Labels: Records
Tuesday, 28 October 2008
သောင်းညွန့် ၊ တရားသူကြီး Thaung Nyunt , A Judge
သောင်းညွန့် ၊ တရားသူကြီး ၊ အနောက်ပိုင်းခရိုင်တရားရုံး ၊ အင်းစိန်ထောင်တွင်း
၎င်းသည် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ အများသူငါနားထောင်နှိုင်သည့် တရားရုံးအခွင့်အရေးပေးရန် တောင်းဆိုချက်ကို ပယ်ချခဲ့သူ ဖြစ်ပါသည်။
http://burmese.dvb.no/news.php?id=5978
Thaung Nyunt, a judge, West District court, Insein Prison
He rejected the application from 88 Generation Student leaders for their cases to be heard in public.
at
17:04
0
comments
Labels: Records
ဒေါ်ဘေဘီ၊ တရားသူကြီး Daw Baby , A Judge
ဒေါ်ဘေဘီ၊ တရားသူကြီး၊ အောင်မြေသာဇံ၊ မန္တလေး
၎င်းသည် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့  ဝင်များဖြစ်ကြသည့် ဒေါ်ဝင်းမြမြ၊ ဦးသန်းလွင်၊ ဦးတင်ကိုကို၊ ဦးမင်းသူ၊ ဦးဝင်းရွှေနှင့် ဦးကံထွန်းတို့ကို အောက်တိုဘာ ၂၄၊ ၂၀၀၈ က ထောင်ဒဏ် ၂နှစ်မှ ၁၃နှစ် အထိ အသီးသီး ပြစ်ဒဏ်ချမှတ်စီရင်သူ ဖြစ်ပါသည်။
http://burmese.dvb.no/news.php?id=5975
Daw Baby, a judge, Aung Myai Thar Zan, Mandalay
She gave sentences ranging from 2 to 13 years imprisonment to Daw Win Win Mya, U Than Lwin, U Tin Ko Ko, U Min Thu, U Win Shwe and U Kan Htun, all members of National League for Democracy Party, Mandalay.
http://www.irrawaddy.org/article.php?art_id=14501
at
16:12
0
comments
Labels: Records
Monday, 27 October 2008
ပဟေဠိ :သန်းရွှေ၏ မည်သည့်သမီးက နိုင်ငံတော်ပိုင် မြေကွက်အား တရုတ်သို့ ဒေါ်လာသန်း၂၀၀ဖြင့် ရောင်းစားခဲ့သနည်း
၂၀၀၇ ခုနှစ်၊ဇန္နဝါရီ လ ပထမ ပါတ် အတွင်းက မြန်မာနိုင်ငံ ရဲ့ရာဇဝင်တလျှောက်မှာ အကြီးကျယ်ဆုံးဖြစ်တဲ့ နိုင်ငံတော်အစိုးရ ရဲ့ အာဏာတော်အလွဲသုံးစားမှုကြီး တရပ် ဖြစ်ခဲ့ ပါတယ်။
ထိုအမှုကြီးကတော့ လက်ရှိ မြန်မာနိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာပိုင် စစ်အစိုးရ ရဲ့ အကြီးအကဲ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ ဒုတိယ သမီး ဟာ ပြည်သူများပိုင်ဆိုင်တဲ့ နိုင်ငံတော် မြေကွက်တခုကို တရုတ် သူကြွယ် ကြီးများအား ဒေါ်လာသန်းပေါင်း ၂၀၀ ဖြင့် ရောင်းစား ခဲ့ခြင်း အကြောင်းဖြစ် ပါတယ်။
သတင်းအပြည့်အစုံကို ဒီနေရာမှာ ဖတ်ရှူ နိုင်ပါတယ်။
ဒီပဟေဠိ ကို အဖြေညှိ ရန် လိုအပ်ချက်ကတော့ သန်းရွှေ ရဲ့ ဘယ်သမီးတယောက် က ဒေါ်လာသန်းပေါင်း ၂၀၀ ကို အိတ်ထောင်ထဲ ထဲ့ခဲ့ ပါသလဲ ဆိုတဲ့ မေးခွန်းလေး ကို ဖြေနိုင်ဘို့  ပါဘဲ။
သဲလွန်စွှ
သန်းရွှေမှာ သမီး ၅ ယောက် ရှိ ပါတယ်။ ကြည်ကြည်ရွှေ၊ ခင်ပြုံးရွှေ၊ သန္တာရွှေ၊ ဒေဝါရွှေ နဲ့  အေးအေးသစ်ရွှေ တို့  ဖြစ်ပါတယ်။
at
15:47
0
comments
Labels: Records
ဒေါ်သန်းသန်း ၊ တရားသူကြီး Daw Than Than , A High Court Judge
ဒေါ်သန်းသန်း ၊ အထူးအာဏာရ တရားသူကြီး၊ တာမွေမြို့နယ်တရားရုံး။
ဤ ပုဂ္ဂိုလ်သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ခေါင်းဆောင်ကိုစည်သူမောင်၏ အမှူကို ကြားနာတာဝန်ယူ စစ်ဆေးနေသူ ဖြစ်သည်။
http://burmese.dvb.no/news.php?id=5961
Daw Than Than is a high court judge from Tamwe magistrates' court. She is hearing the case of Si Thu Maung, leader of the All Burma Federation of Student Unions.
http://english.dvb.no/news.php?id=1896
at
01:47
0
comments
Labels: Records
သန်းဌေးအောင်၊ ဒုရဲအုပ်၊ တာမွေရဲစခန်း Than Htay Aung , Dep Police Chief
သန်းဌေးအောင်၊ ဒုရဲအုပ်၊ တာမွေမြို့နယ်ရဲစခန်း
၎င်းသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုစည်သူမောင် အား တာမွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသူဖြစ်သည်။
http://burmese.dvb.no/news.php?id=5961
Than Htay Aung is a deputy police chief of Tamwe Police Station. He brought charges against Si Thu Maung, the leader of All Burma Federation of Student Unions (ABFSU).
http://english.dvb.no/textonly/news.php?id=1896
ူု
ူ
at
01:13
0
comments
Labels: Records
Sunday, 19 October 2008
အောင်အောင်ဦး ၊ စစ်အရာရှိ၊ ပဲခူးမြို့ Aung Aung Oo, Military Official, Bago
စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ အရာရှိ (စရဖ)
ပဲခူးမြို့ 
အောက်တိုဘာ ၁၂ ရက် ၂၀၀၈ တနင်းဂနွေနေ့ 
အောင်အောင်ဦးသည်ပြည့်တန်ဆာရုံတွင် မူးရူးပျော်ပါးပြီးနောက် မော်တော်ဆိုက်ကယ် ကို ရမ်းကားစွာမောင်းစဉ် ၁၃နှစ်သား ကလေးအား တိုက်မိခဲ့ပါသည်။
၎င်းသည် ထိုတိုက်ခိုက်သောနေရာအနီး လမ်းလျောက်ဖြတ်သန်းမိသော ၂၃နှစ် အရွယ် လူငယ်အားလည်း မူးရူးရမ်းကားစွာဖြင့် ကန်ကြောက်ထိုးကြိတ် ခဲ့ပါသည်။
နောက်တနေ့  တွင် ၎င်းသည် ထိုလူငယ်၏ မိဖများအား ၎င်း၏ ပုံမှန်လစာငွေဖြင့် မတတ်နှိင်သော ငွေပမာဏ(၃သိန်း၆သောင်းကျပ်)ကို လျော်ကြေးအဖြစ် ပေးခဲ့ပါသည်။
http://burmese.dvb.no/news.php?id=5907
Sunday 12 October 2008
Aung Aung Oo, a military security official from Bago, visited a brothel where he got drunk. While being drunk, he and his colleagues rode a motor bike and hit a 13 year old boy.
Aung Aung Oo stopped and looked at the boy but then started punching and kicking the 23 year old man, a passer-by witness.
He then drove away, shouting out loundly that he was the military man !
http://english.dvb.no/news.php?id=1873
at
02:35
0
comments
Labels: Records
Thursday, 16 October 2008
ကျော်မြင့် - သူရဲဘောဆန်သောရဲသား Kyaw Myint - The Cowardly Private From Taunggok
ကျော်မြင့် ရဲတပ်သား၊ တောင်ကုပ်မြို့၊ ရခိုင်ပြည်
၎င်းနှင့်အပေါင်းပါများသည် လက်နက်တကားကားကိုင်လျက် ဒီချုပ်အဖွဲ့ဝင်များနောက် အိမ်သာထိအောင် တကောက်ကောက် လိုက်လံစောင့်ကြည့် မှတ်သား နေကြပါသည်။
၎င်းတို့သည် အခွံပေးထမ်းဆောင်သော ပြည်သူများထောက်ပံ့သည့် လစာဝင်ငွေကို စားသုံးနေပြီး ပြည်သူများကို ဒုစရိုက် ရာဇဝတ် သားများ၏ ဘေးရန်မှ ကာကွယ်စောင့်ရှောက်ပေးမည့်အစား နအဖ အလိုကျ ဤသူရဲဘောဆန်သော လုပ်ငန်းများ ကို ရှက်ရကောင်းမသိ လုပ်ဆောင်နေကြကြောင်း မှတ်တမ်းတင်အပ်ပါသည်။
Private Kyaw Myint and a group, from Taunggok, Rakhine are following each member of the National League for Democracy Party, from dawn til dusk. http://english.dvb.no/textonly/news.php?id=1865
at
14:54
0
comments
Labels: Records
