ခလရ ၂၉၉ တပ်ရင်း
မွန်ပြည်နယ် ရေးမြို့နယ် ကိုးမိုင်ကျေးရွာအနီးရှိ ၂၉၉ တပ်ရင်းမှ အရာရှိတစ်ဦးသည် ရွာသားနှစ်ဦးက မိမိ၏ဇနီးကို မထီလေးစားလုပ်သည်ဟု စွပ်စွဲပြီး ရိုက်နှက်ထိုးကြိတ်ကာ အိမ်မီးရှို့သည်အထိ ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်။
ထိုအရာရှိ ဗိုလ်ကြီး၏ မောက်မာသော မင်းမဲ့စနစ် အပြုအမူသတင်း ပြန့်နှံ့သွားသောအခါ ဧပြီလ ၂၂ ရက်နေ့တွင် ရေးမြို့နယ်မှ ဗျူဟာမှူးသည် ခလရ ၂၉၉ သို့ သွားရောက်ပြီး ထို အရာရှိကို စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးခံရ ပြီးမကြာမီပင် ထိုဗိုလ်ကြီးသည် ၄င်းကိုယ်တိုင် ရိုက်မောင်းထိုးကြိတ်ခဲ့သော ရွာသားနှစ်ယောက်ကို ခေါ်ပြီး အရိုက်မခံခဲ့ရပါဘူးဆိုသော ခံဝန် ချက်လက်မှတ် ကိုခြိမ်းခြောက်ရွေ့ ထိုးခိုင်းသည်။
http://www.monnews-imna.com/burmese/newsupdate.php?ID=263
http://www.monnews-imna.com/burmese/newsupdate.php?ID=252
No comments:
Post a Comment