Tuesday, 5 May 2009

အင်္ဂါမီးရှို့စစ်ဆေးမှု နှင့် ပါသက်သူများ

လှည်းကူးမြို့နယ် ဖောင်ကြီး ရဲစခန်း

ဤရဲစခန်းတွင် အသက်၂၂ အရွယ် ကျောက်ထုလုပ်သား ကိုဇော်လတ်အား ယောက်ျားအင်္ဂါကို မီးရှို့၍ ရိုက်နှက်စစ်ဆေးခဲ့ကာ အင်းစိန်ထောင်ထဲတွင် ယနေ့တိုင် ဖမ်းဆီးထားသည်။

လှည်းကူးရဲစခန်း

ကိုဇော်လတ်ကို ပုဒ်မ ၆/၁ ၊ ၄၃၆ ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားလုပ်မှု၊ မတရားဖျက်ဆီးမှုတို့ဖြင့် စွဲဆိုရန် လှည်းကူးရဲစခန်းက ပြင်ဆင်နေသည်။

အင်ဂျင်နီယာတပ် တပ်မ ၆ဝ၅ နှင့် ၃၃၇

အလုပ်သမားများသည် အင်ဂျင်နီယာတပ်က တပ်မ ၆ဝ၅ နှင့် ၃၃၇ အတွက် လမ်းဖောက်ပေးရာ ဝင်ရောက် အလုပ်လုပ်နေသူများဖြစ်သည်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအနီးရှိ စစ်အင်ဂျင်နီယာတပ် အမှတ် ၉၆၃ ရုံးခန်း

ဤ ရုံးခန်းတွင် ဧပြီလ ၂၈ ရက်နေ့ နံနက် ၄ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

တာဝန်ခံ တပ်ကြပ်ကြီး စိုးလွင်၊ တပ်ကြပ်ကြီး အောင်ခင်စော၊
အရပ်စည်း အရှည်ကြီး ခေါ် အောင်ချိုဦး


၎င်းတို့ သည် အလုပ်သမားများကို ဦးစီးကွပ်ကွဲနေသော တာဝန်ခံ များဖြစ်သည်။ အောင်ချိုဦးသည် ညစဉ် စစ်တပ်ထဲမှ ဆီခိုးထုတ်သည်။

လှည်းကူးမြို့နယ် တရားသူကြီး ဦးသိန်းဋ္ဌေး၊
လှည်းကူးမြို့ နယ် ဥပဒေ အရာရှိ ဦးလှမြင့်

၎င်းတို့ နှင့် လှည်းကူးရဲစခန်းမှ အရာရှိများသည် အရပ်သားများက မီးရှို့ကြောင်း အတင်းအကျပ် ဝန်ခံခိုင်းနေသည်။

စစ်တပ် ဆောက်လုပ်ရေးမှ တာဝန်ခံ အရာခံဗိုလ် ဦးအောင်နိုင်

၎င်းသည် အရက်မူးပြီး ရှို့မိပါတယ်ဟု ဝန်ခံပေးပါက ကိုဇော်လတ်အား သက်သာအောင် စီစဉ်ပေးပါမည်ဟု လာရောက်ညှိနှိုင်းသည်။

တပ်အာဏာပိုင်များ

ယခုကိစ္စကို အကြောင်းပြု၍ ကျောက်ထုလုပ်သားများ၏ လုပ်အားခများကို ထုတ်မပေးဘဲ အချိန်ဆွဲထားသည်။

http://www.mizzimaburmese.com/news/inside-burma/2828-2009-04-27-09-06-56.html

No comments:

Post a Comment