Sunday 21 December 2008

သူ့ အမေ ပစ္စည်းကျနေတာဘဲ ..အမွေခွဲနေလိုက်တာ

၁။ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနှင့် မင်းဆောက်လုပ်ရေးမှ ဦးမင်းနိုင်တို့သည် ၂၂ လမ်းနှင့် ၂၆ လမ်းကြား၊ ကမ်းနားလမ်း နှင့် အောက်ကမ်းနားလမ်းရှိ မြေနေရာအား ဈေးဆောက်လုပ်ရန်အတွက် စာချုပ်ချုပ် ခဲ့ပါသည်။ စာချုပ်အရ ဈေးဆောက်လုပ်ပြီးက ယင်း ဈေးအား M.C.D.C သို့ လွှဲပြောင်းပေးရမည် ဖြစ်ပါသည်။ စာချုပ်အရ ဈေးဆောက်လုပ်ပြီးစီးချိန်တွင် ရောင်းချပြီး ဆိုင်ခန်းများအတွက် အ ခွန်ငွေအား M.C.D.C မှ ကောက်ခံခဲ့ပါသည်။ မင်းဆောက်လုပ်ရေးမှ ၂၂ လမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ဟော်တယ်တစ်လုံး ဆောက် လုပ် ပါသည်။ ဟော်တယ်ဆောက်လုပ်ပြီးပါကလည်း M.C.D.C သို့လွှဲပေးခြင်း (သို့) BOT စနစ် သာဖြစ် ရပါမည်။

၂။ သို့သော် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်သည် ဟော်တယ်ဆောက်လုပ်သည့် မြေအား မင်းဆောက်လုပ်ရေးပိုင် ရှင် ဦးမင်းနိုင်သို့ ဂရန်ထုတ် ပေးလိုက်ပါသည်။ ထိုသို့ဆောင်ရွက်သဖြင့် မြေရော ဟော်တယ်ကိုပါ ဦးမင်းနိုင်မှ လုံးဝ ပိုင်ဆိုင်သွားပါသည်။ M.C.D.C အနေဖြင့် များစွာ နစ်နာဆုံးရှုံးပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် မူလ စာချုပ်ပါ စည်းကမ်းနှင့် မညီသကဲ့သို့ စည်ပင်သာယာ၏ ဥပဒေ လုပ်ထုံးလုပ်နည်း များ နှင့်လည်း လုံးဝကိုက်ညီ မှု မရှိပါ။

၃။ ကော်မတီပိုင်မြေကို ဦးမင်းနိုင်ပိုင် ဂရန်မြေအဖြစ် ထုတ်ပေးလိုက်သဖြင့် ဦးမင်းနိုင်မှ မြို့တော်ဝန် ဗိုလ်မှူး ချုပ် ဖုန်းဇော်ဟန်၏ ဇနီး မိုးသီတာ အမည်ပေါက် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ စိုက်ပျိုးရေး စီ အကွက်၊ ဦးပိုင် အမှတ် ၁၅၄ ( ခ) နေရာတွင်နှစ်ထပ် တိုက်တစ်လုံးအား ဆောက်ပေးရပါသည်။ ထို့အပြင် ချမ်း မြသာစည်မြို့နယ် ၆၄ လမ်းနှင့် သိပ္ပံလမ်းထောင့်အနီးရှိ မြို့တော်ဝန်၏ သမီး ခင်အင်ကြင်း အမည်ပေါက် မြေကွက် (မန်းမြန်မာဆောက်လုပ်ရေး၊ မန်းမြန်မာ ပလာဇာ ဆောက်လုပ်သူ ဦးသန်းဝင်း ပေးထားသော မြေ ကွက်) နေရာတွင်လည်း ဦးမင်းနိုင်မှ ၂ ထပ်တိုက်တစ်လုံး ဆောက်လုပ်ပေးရပါသည်။

၎။ ထိုသို့ ဦးမင်းနိုင်ဆောက်ပေးရသော တိုက် ၂ လုံးအား လမ်းတံတား ဌာနခွဲမှူး ခင်မေဌေးမှ ကြီးကြပ်ပေးရ ပြီး တချို့ပစ္စည်းများအား ခင်မေဌေးမှ ၀ယ်ယူပေးရပါသည်။

၅။ ကိုယ်ကျိုးစီးပွားအတွက် စည်ပင်သာယာပိုင်မြေအား ဥပဒေနှင့်မညီစွာ ( ဥပဒေမဲ့စွာ) ဂရန်ထုတ်ပေးသော မြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန် ၏ လုပ်ရပ်အား နိုင်ငံတော်အကြီးအကဲများ သိရှိစေရေးအတွက် သတင်း ထုတ်လွင့်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
http://drlunswe.blogspot.com/2008/12/blog-post_4799.html

 
/* EOT ----------------------------------------- */