Monday 30 March 2009

မြို့ တော်ဝန် အောင်သိန်းလင်း Aung Thein Linn



http://cache.daylife.com/imageserve/0bRS6Fo7yucCc/610x.jpg




















ဗိုလ်မှူးချုပ်အောင်သိန်းလင်း ရန်ကုန်မြို့ တော်ဝန်

Brig-Gen Aung Thein Linn, The Mayor of Yangon


ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းသည် အများပြည်သူထံမှ ကောက်ခံထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ပိုင် ငွေများဖြင့် ကြံ့ဖွံ့အတွက် မဲဆွယ်စည်းရုံးမှုများ လုပ်နေကြောင်း သိရသည်။



It is reported that Brig-Gen Aung Thein Linn, The Mayor of Yangon has been campaigning for USDA (union solidarity and development association) using the municipal money, collected from the local residents.

http://www.khitpyaing.org/news/march_09/27-3-09c.php

စလေတိုက်နယ်ဥက္ကဌ သန်းဠေးအောင် Than Htay Aung

သန်းဌေးအောင် စလေတိုက်နယ်ဥက္ကဌ မကွေးတိုင်း
Than Htay Aung, District PDC Chairman, Salay, Magwe


၎င်းသည် စလေမြို့ အဘယလာဘမုနိဓမ္မာရုံတွင် နှစ်စဉ်ကျင်းပနေကျ တရားပွဲကို တားမြစ်ခဲ့သည်။

http://burmese.dvb.no/news.php?id=7223


Salay district’s government chairman Than Htay Aung approved the banning of the Dhamma talk session, normally held for 13 days, each year, in Salay.

http://english.dvb.no/news.php?id=2392

Friday 27 March 2009

မြို့နယ်တရားသူကြီး ဦးအေးကို U Aye Ko

ဦးအေးကို မြို့နယ်တရားသူကြီး တွံတေးမြို့ 

U Aye Ko, Township Judge, Toonte' , Yangon



He followed instructions from the Yangon police chief officer to imprison the innocent citizens, who happened to be NLD members.


http://burmese.dvb.no/news.php?id=7200

တွံတေး ရယက ဥက္ကဌ ဦးသန်းဦး U Than Oo

ဦးသန်းဦး
ရယက ဥက္ကဌ
ဈေးသစ်ရပ်ကွက်
တွံတေးမြို့ 

U Than Oo
Local PDC Chairman
Zay Thit Quarter
Toonte'
Yangon


He filed a suit against 3 youth members of local National League for Democracy Party and a business man for using the wrong forms to inform the authorities the guest list.

http://burmese.dvb.no/news.php?id=7200

သိန်းစိုး နှင့် မျိုးမြင့်အောင် Thein Soe and Myo Myint Aung

တပ်ရင်းမှူး နှင့် ဒုအရာခံဗိုလ်သိန်းစိုး
ခမရ ၄၃၉၊ ညောင်ပင်သာကျေးရွာ ဖြူးမြို့နယ် ပဲခူးတိုင်း

Regimental Sergeant Major Thein Soe
LIB 439
Hpyu , Bago (Pegu')


ဗိုလ်ကြီးမျိုးမြင့်အောင်
ခမရ ၄၃၉၊ ညောင်ပင်သာကျေးရွာ ဖြူးမြို့နယ် ပဲခူးတိုင်း

Captain Myo Myint Aung
LIB 439
Hpyu , Bago (Pegu')

Two of the officials and soldiers who confiscated farmlands, properties and live stocks from the local farmers as well as physically abusing them.

http://burmese.dvb.no/news.php?id=7188

Thursday 26 March 2009

ဒုဗိုလ်မှူးကြီး သန့်ဇင်အောင် Lieutenant-Colonel Thant Zin Aung

Kaowao Newsgroup မှကူးယူဖေါ်ပြပါသည်။

ဒုဗိုလ်မှူးကြီး သန့်ဇင်အောင်
ရှေ့တန်း-ခလရ (၂၅) တပ်ရင်းမှူး


မြေးခံဘော်ကျေးရွာအုပ်စု ဒေသတဝိုက်တွင် ရှေ့တန်း-ခလရ (၂၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သန့်ဇင်အောင် စစ်ကြောင်းအင်အား(၇ဝ)ဦးခန့် မြေးခံဘော်ကျေးရွာနှင့် ညောင်တုံးကျေးရွာတို့တွင် တပ်ဖြန့်လှုပ်ရှားလျှက်ရှိသည်။

ဒေသခံများကိုဂမုံးသွယ်ချောင်း အရှေ့ဘက်ကမ်းသို့ လုံးဝမသွားကြရန် အမိန့်ထုတ်ထားသည်။ ခွင့်ပြုချက်မရဘဲ ရွာပြင် ထွက်လျှင် အသေပစ်သတ်မည်ဟု ခလရ (၂၅) တပ်ရင်းမှူးက ခြိမ်းခြောက်သတိပေးထားသည်။

ဤဒေသခံများသည် တောင်ယာအလုပ်ကိုသာ အဓိကထားလုပ်ကိုင်နေရသဖြင့် နအဖတပ်များက နယ်မြေအတွင်း
မတည်ငြိမ်မှုများ ရှိနေသည်ကို အကြောင်းပြပြီး ဂမုံးသွယ်ချောင်းအရှေ့ဘက်ကမ်းဘက် ယခင်မိမိတို့လယ်ယာမြေ ဟောင်းများတွင် တောင်ယာလုပ်ကိုင်ခွင့် မပြုဘဲပိတ်ပင်ထားလိုက်မှုကြောင့် လာမည့်နှစ်အတွက်ဝမ်းစပါး အခက်အခဲ များနှင့် ရင်ဆိုင်နိုင်ဖွယ်ရှိသည်ဟုလည်း အဆိုပါဒေသခံများက စိုးရိမ်ကြသည်။

ဤကျေးရွာပတ်ဝန်းကျင်၌ KNU တပ်များဖြတ်သန်းသွားလာတတ်သည့် လမ်းကြောင်းများကို နအဖတပ်ဖွဲ့များက
နေရာအနှံ့ လိုက်လံမိုင်းထေါင်ထားသဖြင့် နေ့စဉ်လိုလို မိုင်းပေါက်ကွဲသံများကြားနေရသည်။ ဒေသခံများသည်လည်း
ရွာပြင်မထွက်ရဲကြပါ။

http://www.kaowao.org/b/mar09-22.php

ဗိုလ်မှူးကြီးဇော်သန်းနိုင် Colonel Zaw Than Naing

Kaowao Newsgroup မှ ကူးယူဖေါ်ပြပါသည်။

ရှေ့တန်း စစ်ဗျူဟာ(၂)မှူး ဗိုလ်မှူးကြီးဇော်သန်းနိုင်
မေတ္တာမြို့အခြေစိုက်
ထားဝယ်ခရိုင်
တနင်္သာရီတိုင်း၊


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြေးခံဘော် ကျေးရွာအုပ်စု၊ ညောင်တုံးကျေးရွာ၌ ခရစ်ယာန် ဘာသာရေးဆိုင်ရာ အစည်းအဝေးပွဲတခုပြုလုပ် ရန်အတွက် ဒေသခံ ခရစ်ယာန်ဘာသာရေးဆိုင် ရာ အသင်းအုပ်ဆရာများမှ လွန်ခဲ့သည့် မတ်လ (၇)ရက်နေ့တွင် မေတ္တာမြို့အခြေစိုက် ရှေ့တန်း စစ်ဗျူဟာ(၂)မှူး ဗိုလ်မှူးကြီးဇော်သန်းနိုင်နှင့် သွားရောက်တွေ့ဆုံကာ ဘာသာရေးဆိုင်ရာ အစည်းအဝေးပြုလုပ်ခွင့်ပြုပေးရန် တင်ပြခဲ့ကြရာ နယ်မြေတည်ငြိမ်မှု မရှိသေးဟု အကြောင်းပြကာ ပယ်ချခဲ့သည်ဟု မကြာသေးခင်က ထိုင်းနယ်စပ် သို့ ရောက်ရှိလာကြသော ဒေသခံများပြောပြချက် အရ သိရပါသည်။

“နောက်ထပ်ဘာသာရေးကိစ္စနဲ့ ပတ်သက်လို့လာရောက်တင်ပြခြင်းမျိုး မပြုလုပ်ကြရန်နဲ့ တင်ပြလာခဲ့ရင်လည်း ခွင့်ပြု မည်မဟုတ်ဘူး” အသင်းအုပ်ဆရာများကို သတိပေးပြောဆို၍ ပြန်ခိုင်းခဲ့ပါသည်။

၂ဝဝ၉ခုနှစ် ဇန်နာဝါရီလမှစ၍ မတ်လအတွင်း KNU နှင့် နအဖတပ်တို့ မြေးခံဘော်ကျေးရွာအုပ်စု ပတ်ဝန်းကျင်တွင် တိုက်ပွဲ(၄)ကြိမ်သာဖြစ်ပွားခဲ့သော်လည်း ရှေ့တန်း-စဗဟ(၂)မှူး ကွပ်ကဲမှုအောက်တပ်ဖွဲ့များတွင် KNUနှင့် (၁၅) ကြိမ် ထက် မနည်းဖြစ်ပွားခဲ့ပါသည်။

“ရွာသားတွေက တပ်တွေကို ရန်သူ့သတင်းပို့တာ တာဝန်မကျေပျက်ကွက်ခဲ့တာဖြစ်တယ်။ နောက်ထပ်ခင်ဗျားတို့
ရွာတွေမှာတိုက်ပွဲဆက်ဖြစ်နေအုံးမယ်ဆိုရင် ခင်ဗျားတို့ ရွာအားလုံးကို တရွာမကျန်ပြောင်းပစ်မယ်” ရှေ့တန်း-စဗဟ(၂) မှူးက အသင်းအုပ်ဆရာများနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟုလည်း ဆိုပါသည်။

နယ်မြေအတွင်း နှစ်ဖက်တပ်များတိုက်ပွဲဖြစ်ပွားပြီးတိုင်း စစ်အစိုးရဘက်က အထိနာလာပြီးဆိုလျှင် ဒေသခံများကို
အပစ်ပုံချ၍ နည်းမျိုးစုံဖြင့်ဖိနှိပ်အနိုင်ကျင့်ကြသည်။


http://www.kaowao.org/b/mar09-22.php

Saturday 21 March 2009

ခင်အောင် Khin Aung

ရာမညမှကူးယူတင်ပြပါသည်။

ဦးခင်အောင်၊ မြို့ နယ်ရဲမှူး၊ မော်လမြိုင် ခရိုင်
U Khin Aung, Police Chief, Moulmein


ကိုအောင်မျိုးပိုင်သည် ကျွန်းသစ်များ တင်ပို့ရောင်းချခြင်း မပြုလုပ်ခဲ့ရကြောင်းကို ဖမ်းဆီးခံရစဉ်တွင် အတန် တန်ငြင်း ဆိုခဲ့သည်။ သို့သော်လည်း မော်လမြိုင်ခရိုင် ရဲအချုပ်ခန်းတွင် ဦးခင်အောင် (မြို့နယ်ရဲမှူး) ဆိုသူ စစ်ကြောမေးမြန်းရာ၌ အကြိမ်ကြိမ်ရိုက်နှက် နှိပ်စက်ခံခဲ့ရသည်။ ဦးခေါင်းအတွင်း ဒဏ်ရာများ ရရှိခဲ့ပြီး စကားပြောရာတွင်လည်း ယခင်ကဲ့သို့ ပီသရှင်းလင်းမှု မရှိတော့ဘဲ စကားလုံးတလုံးချင်း စီကာ တဖြေးဖြေးသာ ပြောဆိုနိုင်တော့သည်။

အဆိုပါ ရဲတို့သည် ညအချိန်များတို့တွင် မူးယစ်သောက်စားလာပြီးမှ စစ်ကြောမေးမြန်းတတ်ကြပြီး ကိုအောင် မျိုးပိုင်၏ လက်နှစ်ဖက်ကို ကြိုးတွဲလောင်း ချည်ကာ တန်းလန်းဆွဲလျှက် ဝန်ခံလက်မှတ်မထိုးမချင်း မေ့မျော သည်အထိ ဝိုင်းပြီး ရိုက်နှက်ကြသည်။ သတိပြန်လည်လာလျှင် ၎င်းတို့ရေးပေးထားသော စာရွက်ပေါ်တွင် လက် မှတ်အတင်း ထိုးခိုင်းပြန် သည်။ မထိုးလျှင် မေ့မျောအောင် ရိုက်ပြန်သည်ဟု ဆိုပါသည်။

အပြည့်အစုံသို့ ..

Tortured victim flees labour camp

ချိုချိုမာ Cho Cho Mar

ရာမညမှကူးယူဖေါ်ပြပါသည်။

ဒေါ်ချိုချိုမာ၊ တရားသူကြီး၊ မော်လမြိုင် ခရိုင် တရားရုံး

Daw Cho Cho Mar, the judge from Moulmein


မွန်ပြည်နယ် ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက် ဇာတိနေ ကိုအောင်မျိုးပိုင် (နိုင်အရှာ) သည် စစ်အစိုးရ၏ ကြံ့ဖွံ့နှင့် မီးသတ်အဖွဲ့ကို မဝင် ခဲ့ခြင်းကြောင့် အာဏာပိုင်များ အမြင်ကပ်ကာ ကျွန်းသစ်တင်ပို့မှု၊ လိမ်လည်မှုတို့ဖြင့် အမည်မသိတရားလိုတစ်ဦး တရားစွဲဆိုမှုကြောင့် ၂-၂-၂၀၀၇ ရက်နေ့က ရေးမြို့တွင် ဖမ်းဆီးခံရပြီး မော်လမြိုင် ခရိုင် တရားရုံး၌ တရားသူကြီး ဒေါ်ချိုချိုမာ ဆိုသူက ၂၇-၂-၂၀၀၈ ရက်တွင် ထောင်ဒဏ် (၁၀) နှစ် အမိန့်ချမှတ်ခဲ့သည်။

ကိုအောင်မျိုးပိုင်ကို အာဏာပိုင်များ အမြင်ကပ်နေရခြင်းမှာ စင်ကာပူမှ ပြန်လည်ရောက်ရှိ လာကြသောမိမိမိတ်ဆွေ
အပေါင်းအသင်းတို့နှင့် ငွေကြေးစုဆောင်းပြီး ဆင်းရဲချို့တဲ့၍ ပညာဆက်လက် မသင်ကြားနိုင်သူ ခလေးများအား ပညာသင်ကြားနိုင်ရေးအတွက် တစ်နှစ်လျှင် ခလေး (၁၀) ဦးကို ငွေကြေး ရှာဖွေ ထောက်ပံ့ပေးခဲ့ကြသည်။

အပြည့်အစုံသို့ ...

Tortured victim flees labour camp

Friday 20 March 2009

ဦးမိုးကျော်အောင်နှင့် ဦးဗိုက်ပူ U Moe Kyaw Aung and U Bike Poo

ရာမည မှကူးယူဖေါ်ပြပါသည်။

မော်လမြိုင်ထောင်ပိုင် ဦးမိုးကျော်အောင်နှင့် အင်္ဂပိုရဲဘက်စခန်း တာဝန်ခံ ဦးဗိုက်ပူ

Moulmein Prison Warden U Moe Kyaw Aung and Inngapo Labour Camp Official-in-charge U Bike Poo

ကိုအောင်မျိုးပိုင် မော်လမြိုင်ထောင်တွင် နေခဲ့ရပြီး နိုင်ငံရေးအမှု မဟုတ်သဖြင့် အင်္ဂပိုရဲဘက်စခန်းသို့ ၂-၃-၂၀၀၈ ရက်နေ့တွင် ပြောင်းရွေ့ခံခဲ့ရသည်။ ဤရဲဘက်သို့ ရောက်ရှိရန်နှင့် ရဲဘက်စခန်းတွင်း ထမင်းချက်ဆောင်တွင် နေရာ ရရန် မော်လမြိုင်ထောင်ပိုင် ဦးမိုးကျော်အောင်နှင့် အင်္ဂပိုရဲဘက်စခန်း တာဝန်ခံ ဦးဗိုက်ပူ (အများအခေါ်) တို့ကို လာဘ်ငွေ ကျပ်ငါးသိန်း စီပေးခဲ့ရသည်။

အဆိုပါ ရဲဘက်စခန်း ရာဘာစိုက်ပျိုးရေးခြံများတွင် အလုပ်ကြမ်းတမ်းပြီး အဖျားအနာ ထူပြောသဖြင့် ရဲဘက် အကျဉ်း သားများ မကြာခဏ သေဆုံးမှု များ ရှိသည်။ ဤဒေသရှိ အစိုးရဆီအုန်းစိုက်ခြံနှင့် အခြားဥယာဉ်ခြံတို့ တွင်လည်း သံခြေကျင်းခတ် ရဲဘက်အကျဉ်းသား အများအပြား အလုပ်လုပ်နေ ကြရသည်။

အပြည့်အစုံသို့  .....

Tortured victim flees labour camp

ဒေါက်တာ ဦးသန်းအောင်နှင့် တပည့်ဖြစ်သူ ကိုတင်မင်းအောင်

ရိုးမ၃ မှ ကူးယူဖေါ်ပြပါသည်။

နာဂစ်ဒေသဆေးရုံအတွက် လှူဒါန်းသည့် ပစ္စည်းများကို တာဝန်ရှိသူများ အလွဲသုံးစားပြုနေ

ဧရာဝတီတိုင်း၊ နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသမှ မြို့နယ်ဆေးရုံအုပ်ကြီးနှင့် တပည့်ဖြစ်သူတို့က လူနာများအတွက် လှူဒါန်းထားသည့် ပစ္စည်းများကို ကိုယ်ကျိုးအတွက် အသုံးပြုနေကြခြင်းကြောင့် မြို့ခံများက မကျေမနပ် ဖြစ်နေကြသည်။

မော်လမြိုင်ကျွန်းမြို့နယ် ဆေးရုံအုပ် ဒေါက်တာ ဦးသန်းအောင်နှင့် တပည့်ဖြစ်သူ ကိုတင်မင်းအောင်တို့သည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှ လှူဒါန်းထားသည့် မော်တော်ဘုတ်၊ ထော်လာဂျီများကို အခကြေးငွေဖြင့် ငှားရမ်းနေလျှက်ရှိပြီး လူနာများအတွက် လှူဒါန်းထားသည့် ဆေးဝါးများကိုလည်း ပြင်ပဆေးဆိုင်များသို့ ရောင်းချနေကြောင်း မြို့ခံများက ပြောသည်။

အပြည့်အစုံ....

Nargis Doctors' Criminal Misconduct

Source : Yoma3

Translation by Naychi U

It is reported that the doctor-in-charge and his assistant are inappropriately using the items donated specially for the victims of cyclone Nargis.

Dr Than Aung and his assistant Tin Min Aung of Mawlamyine Kyun Hospital are said to be hiring out the speedboats and tolajis (Chinese manufactured farm tractors) donated by UNICEF, for their personal benefit and are also selling the donated medicines to private pharmacists.

The locals who attend the State hospital because they can’t afford private treatment, are made to buy all the medical accessories including plaster and bandages, even though the stock was donated by the international agencies, after Nargis. It is reported that the doctors couldn’t be bothered to see the patients if they can’t afford to pay the charges.

Since Nargis, there is a huge increase of bribery, corruption and misappropriation among the local authorities.

အကျဉ်းထောင်က သူရဲကောင်းတွေ အတွက် သစ်ချိုသီး

လင်းနွေးအိမ်
မတ် ၁၉၊ ၂၀၀၉

Linn Nwe Eain - The Courage Food for Political Prisoner


၊ ၁ ၊

သရဏဂုံသုံးပါးကို နေ့စဉ်ရွတ်ဖို့ ကျနော် ပျက်ကွက်ရင် ပျက်ကွက်နေလိမ့်မယ်၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆိုတာကိုတော့ တနေ့ သုံး၊ လေးခါ ရွတ်ဖြစ်နေပါတယ်။
ဘာလို့လဲဆို သရဏဂုံသုံးပါး ရွတ်ရတာက ကိုယ့်အတွက်ကိုယ်သာ ရွတ်ရတာလို့ ယုံကြည်ပြီး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆိုတာကတော့ မေတ္တာဘာဝနာ ပွားနည်း တမျိုးလို့ ယုံကြည်ထားလို့ ဖြစ်ပါတယ်။ မြန်မာပြည်က ၇ ရက် သားသမီးတွေ နိစ္စဓူဝ ကိစ္စတွေ ပြေလည်ဖို့ ကြိုးပမ်းနေကြတဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံရေးအကျဉ်းသား ဖြစ်သွားရသူတွေ မို့လို့လဲ ကျနော်က ဒီလို ယုံကြည်ထားတာပါ။

ဆက်ဖတ်ပါရန်.....

Tuesday 17 March 2009

ဗိုလ်ချုပ်ကျော်ဖြိုး

သူတပါးချွေးနှီးစာနဲ့ ကုသိုလ်ယူချင်တဲ့ စစ်အရာရှိ



မတ်လ ၃ ရက် ၂၀၀၉

ရှမ်းပြည်အရှေ့ ပိုင်း ကျိုင်းတုံ အခြေစိုက် ဒေသဆိုင်ရာ စစ်အရာရှိ ဗိုလ်ချုပ်ကျော်ဖြိုး က မုန်ယန်း PDC ဥက္ကဌ ဦးရဲလင်းအောင် နှင့် အခြားသော ကြံ့ဖွတ် အဖွဲ့ ဝင်များကို ဒေသခံပြည်သူများ ထံမှ ငွေကောက်ခံရန် နှင့် လုပ်အားပေးလာကြရန် အမိန့် ပေးခဲ့ပါတယ်။ အကြောင်းကတော့ မြို့ နယ် နေ့ ကလေးထိမ်းကျောင်း ဆောက်လုပ် ဖို့ ပါတဲ့။

နောက် ၂ ရက်အကြာမှာတော့ ဒေသခံများဟာ မတ်လမကုန်မှီ ငွေပေးကြဖို့  အမိန့် ကျပြန်ပါသတဲ့။ ကျောင်းဆောက်ပစ္စည်း ကဝယ် ရဦးမှာလေ။ ကိုယ်ပိုင်ကားရှိသူများကတော့ ကားအမျိုးအစားပေါ်မူတည်ပြီး ဗိလပ်မြေ ပါ ဝယ်ပေးရမတဲ့။

ပစ်ကပ်ကားရှင်များကတော့ ဗိလပ်မြေ ၁၀ အိပ် စီ၊ တရုတ် Tolaji လယ်မောင်းစက် ပိုင်ရှင်များကတော့ ၅အိပ်စီ ဝယ်ထဲ့ကြဖို့ ၊ အခြား ကားသေးပိုင်ရှင်များကတော့ ကျောက်၊ သဲ၊ သစ် စသည်တို့  ဝယ်ဖို့ ရန် တာဝန်ကိုယ်စီ ချပေးခဲ့ကြသတဲ့။ ဗိလပ်မြေပေါက်ဈေးက တအိတ် ကို US$ 5.12 (Yuan 35) ရှိပြီး ဒေသခံ pickup ကား ၁၆ စီးနဲ့ Tolaji trucks ၅၀ လောက်ရှိပါတယ်။

ဒါတွင်မက အိမ်ထောင်စု တစ်ခုစီ က Y 15 (US $ 2.19) ထဲ့ရသေးသတဲ့။ မြို့ နယ်ထဲမှာ အိမ်ထောင်စုပေါင်း ၆၇၀ ဆိုတော့ စုစုပေါင်း Y 10,000 (US$ 1463.12) ရှိလေမပေါ့။

ဒေသခံတွေရဲ့ ထောက်ပြလိုချက်ကတော့ ယခုလို ပြည်သူများရဲ့ ချွေးနှီးစာနဲ့ စုပေါင်းထဲ့ဝင်လို့ ဖြစ်မြောက်လာတဲ့ ငွေအားပမာဏမှာ စစ်အရာရှိများက နာမည်ယူ မှတ်တမ်းတင်လေ့ရှိတဲ့ အပြုအမူ များကိုပါဘဲ။

ဗိုလ်ချုပ်ကျော်ဖြိုးက ယခု နေ့ ကလေးထိမ်းကျောင်း ဆောက်လုပ် တဲ့ စီမံကိန်းမှာ သူလှူတဲ့ငွေ ကျပ် ၁၀သိန်း (US$ 1015.22) ပါတယ်လို့ မှတ်တမ်းတင်လေသတဲ့။

ဒီ နေ့ ကလေးထိမ်းကျောင်းကို ဈေးရပ်ကွက်မှာဆောက်ဖို့ စီစဉ်ထားပါတယ်။ ဒေသခံတွေ ပူးပေါင်းဝယ်ယူထားတဲ့ အဆောက်အဦးပစ္စည်းများလဲ အသင့်ရောက်ရှိနေပါပြီ။

တချို့ ကြားတာကတော့ ဗိုလ်ကျော်ဖြိုးပြန်လာရင် ဆောက်လုပ်ရေးလုပ်ငန်းစမယ် ဆိုဘဲ။ လောလောဆယ်တော့ ဗိုလ်ကျော်ဖြိုးက စစ်အစိုးရ ရဲ့ ပုံမှန်အစည်းအဝေး တက်ရောက်နေ သတဲ့။

ရွှေမိ တတ်မှတ်သလောက် ပြန်ဆိုထားပါ၏။

မူလး ရှမ်းမြေ

Maj-Gen Kyaw Phyo

Regional commander orders locals to pay for nursery school building

Thursday, 12 March 2009 18:37 S.H.A.N. Human Rights


In accordance with an order from the regional commander, local authorities in Mongyang Township, Kengtung district, eastern Shan State, have collected money from the local people for the construction of a nursery school building there, say local community sources.

Full Report

Monday 2 March 2009

Could This Be Kyi Kyi Shwe ?


(Kyi Kyi Shwe (a) Ma Aou ? )



(Aye Aye Thit Shwe ?)



















One can't help but keep on wondering which of these heavily made-up, over confident looking ladies with unusual dress sense are called Kyi Kyi Shwe or Aye Aye Thit Shwe. But then, these ladies are not the usual common folks. They are the daughters of the Supremo Than Shwe, the most secretive military dictator in modern history.

Five girls and 3 boys were produced between the top dog Than Shwe and his Queen Bee Kyaing Kyaing although rumours said it that the oldest boy Kyaing San Shwe was the result of Kyaing Kyaing’s previous marriage.

Then the girls hit the headlines when the extravagant wedding video clips were leaked on YouTube in 2006. Inevitably Thandar Shwe , the bride has become the most recognizable face of the Junta’s era.

Still, there are some unanswered questions:

Who is Khin Pyone Shwe , who is reputed to have dated the sycophant Tay Za and then said to have been courted by Maung Waik , the Burmese tycoon?

Who is Kyi Kyi Shwe, whose estranged gay husband Lt-Col Nay Soe Maung (a retired army doctor) is attempting to obtain a US visa to visit Harvard University ?

And who is the second daughter who made US 200 million dollars by selling Burma’s land to Chinese tycoons?

In December 2008, however, the public was blessed with the royal appearance of some members of the dynastic family at a state function and according to Irrawady, the two ladies are definitely Khin Pyone Shwe and Dewar Shwe.

That leaves us with only 2 more daughters to identify – Kyi Kyi Shwe and Aye Aye Thit Shwe. And here, we will have to refer back to the famous wedding videos of the century again. If you watch the YouTube wedding video 14/24 very carefully, you would be able to spot a young man bending over one of the ladies.

If that young man could be the famous Nay Shwe Thwe Aung, who was complaining to his mother about US 5000/- , the daily pocket money she had just gaven him wasn’t quite sufficient for him any more, then , ”Bingo”. We only need to find out who the second daughter is !

Goldie Shwe

http://www.irrawaddy.org/article.php?art_id=14815
YouTube
http://thehellsgeneralsofburma.blogspot.com/
http://ko-htike.blogspot.com/2009/02/blog-post_22.html
http://www.bloggernews.net/15409

 
/* EOT ----------------------------------------- */