Tuesday 17 March 2009

ဗိုလ်ချုပ်ကျော်ဖြိုး

သူတပါးချွေးနှီးစာနဲ့ ကုသိုလ်ယူချင်တဲ့ စစ်အရာရှိ



မတ်လ ၃ ရက် ၂၀၀၉

ရှမ်းပြည်အရှေ့ ပိုင်း ကျိုင်းတုံ အခြေစိုက် ဒေသဆိုင်ရာ စစ်အရာရှိ ဗိုလ်ချုပ်ကျော်ဖြိုး က မုန်ယန်း PDC ဥက္ကဌ ဦးရဲလင်းအောင် နှင့် အခြားသော ကြံ့ဖွတ် အဖွဲ့ ဝင်များကို ဒေသခံပြည်သူများ ထံမှ ငွေကောက်ခံရန် နှင့် လုပ်အားပေးလာကြရန် အမိန့် ပေးခဲ့ပါတယ်။ အကြောင်းကတော့ မြို့ နယ် နေ့ ကလေးထိမ်းကျောင်း ဆောက်လုပ် ဖို့ ပါတဲ့။

နောက် ၂ ရက်အကြာမှာတော့ ဒေသခံများဟာ မတ်လမကုန်မှီ ငွေပေးကြဖို့  အမိန့် ကျပြန်ပါသတဲ့။ ကျောင်းဆောက်ပစ္စည်း ကဝယ် ရဦးမှာလေ။ ကိုယ်ပိုင်ကားရှိသူများကတော့ ကားအမျိုးအစားပေါ်မူတည်ပြီး ဗိလပ်မြေ ပါ ဝယ်ပေးရမတဲ့။

ပစ်ကပ်ကားရှင်များကတော့ ဗိလပ်မြေ ၁၀ အိပ် စီ၊ တရုတ် Tolaji လယ်မောင်းစက် ပိုင်ရှင်များကတော့ ၅အိပ်စီ ဝယ်ထဲ့ကြဖို့ ၊ အခြား ကားသေးပိုင်ရှင်များကတော့ ကျောက်၊ သဲ၊ သစ် စသည်တို့  ဝယ်ဖို့ ရန် တာဝန်ကိုယ်စီ ချပေးခဲ့ကြသတဲ့။ ဗိလပ်မြေပေါက်ဈေးက တအိတ် ကို US$ 5.12 (Yuan 35) ရှိပြီး ဒေသခံ pickup ကား ၁၆ စီးနဲ့ Tolaji trucks ၅၀ လောက်ရှိပါတယ်။

ဒါတွင်မက အိမ်ထောင်စု တစ်ခုစီ က Y 15 (US $ 2.19) ထဲ့ရသေးသတဲ့။ မြို့ နယ်ထဲမှာ အိမ်ထောင်စုပေါင်း ၆၇၀ ဆိုတော့ စုစုပေါင်း Y 10,000 (US$ 1463.12) ရှိလေမပေါ့။

ဒေသခံတွေရဲ့ ထောက်ပြလိုချက်ကတော့ ယခုလို ပြည်သူများရဲ့ ချွေးနှီးစာနဲ့ စုပေါင်းထဲ့ဝင်လို့ ဖြစ်မြောက်လာတဲ့ ငွေအားပမာဏမှာ စစ်အရာရှိများက နာမည်ယူ မှတ်တမ်းတင်လေ့ရှိတဲ့ အပြုအမူ များကိုပါဘဲ။

ဗိုလ်ချုပ်ကျော်ဖြိုးက ယခု နေ့ ကလေးထိမ်းကျောင်း ဆောက်လုပ် တဲ့ စီမံကိန်းမှာ သူလှူတဲ့ငွေ ကျပ် ၁၀သိန်း (US$ 1015.22) ပါတယ်လို့ မှတ်တမ်းတင်လေသတဲ့။

ဒီ နေ့ ကလေးထိမ်းကျောင်းကို ဈေးရပ်ကွက်မှာဆောက်ဖို့ စီစဉ်ထားပါတယ်။ ဒေသခံတွေ ပူးပေါင်းဝယ်ယူထားတဲ့ အဆောက်အဦးပစ္စည်းများလဲ အသင့်ရောက်ရှိနေပါပြီ။

တချို့ ကြားတာကတော့ ဗိုလ်ကျော်ဖြိုးပြန်လာရင် ဆောက်လုပ်ရေးလုပ်ငန်းစမယ် ဆိုဘဲ။ လောလောဆယ်တော့ ဗိုလ်ကျော်ဖြိုးက စစ်အစိုးရ ရဲ့ ပုံမှန်အစည်းအဝေး တက်ရောက်နေ သတဲ့။

ရွှေမိ တတ်မှတ်သလောက် ပြန်ဆိုထားပါ၏။

မူလး ရှမ်းမြေ

No comments:

 
/* EOT ----------------------------------------- */