Tuesday 25 August 2009

အလောင်းဖျောက်တဲ့  စရဖ

အမည်မသိ အလောင်း စရဖမှ ဖျောက်ဖျက်

8/23/2009

ရခိုင်ပြည်နယ် စစ်တွေတွင် ရေထဲမှ ဆယ်ယူရရှိသော အမည်မသိ အလောင်း တလောင်းအား စစ်ထောက်လှမ်းရေး စရဖမှ အစအန မပေါ်ရအောင် ဖျောက်ဖျက် ပစ်လိုက်သည်ဟု သတင်းရရှိသည်။

http://www.narinjara.com/detailsbur.asp?id=2036

တောင်ကုတ်

တောင်ကုတ်တွင် ပိုစတာ ဖြန့်၍ လှုပ်ရှားမူ စတင်

8/24/2009
သျှင်ထွီးခိုင်(အလွတ်သတင်းထောက်) ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် သြဂုတ်လ ၂၃ ရက်နေ့က ပိုစတာ များကို ဖြန့်ဝေပြီး ဒေါ်စု လွှတ်မြှောက်ရေး လှုပ်ရှားမှုကို စတင်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ လှုပ်ရှားမှုကို တောင်ကုတ်မြို့ရှိ ကံပိုင် ရပ်ကွက်၊ ချောင်းကောက် ရပ်ကွက် ၊ ဂူတာ ရပ်ကွက်၊ သိမ်တောင်ရပ်ကွက် အပါအဝင် အထက်တန်းကျောင်းနှင့် ကိုင်းရှည်တံတားများတွင် ပိုစတာများကို ဖြန့်ဝေ၍ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

မြို့ခံ တဦးက “ပိုစတာတွေမှာ ဒေါ်စု အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ခြွှင်းချက်မရှိ ပြန်လွှတ်ပေး ဆိုတဲ့ စာတန်းရယ်၊ ပီးတော့ ဒေါ်စု ဓါတ်ပုံရယ်၊ နောက် ဒေါ်စုနဲ့ ဗိုလ်ချုပ်အောင်ဆန်း တွဲပြီး ဖေါ်ပြထားတဲ့ ရုပ်ပုံ တွေကို လမ်းတွေမှာ ဖြန့်ကျက် ချထားသလို တချို့နေအိမ်တွေရဲ့ ခြံဝင်းတွေထဲမှာလည်း ပိုစတာတွေကို ဖြန့်ကျက် ချထားတာကို တွေ့ရပါတယ်” ဟု ပြောသည်။

အဆိုပါ ပိုစတာများကို တောင်ကုတ် ရဲတပ်ဖွဲ့ဝင်များက နံနက်လင်းအာရုံတွင် လိုက်လံ သိမ်းဆည်းပြီး ရဲစခန်းသို့ ယူဆောင်သွားကြသကဲ့သို့ လူငယ် တချို့မှလည်း ကြည့်ရှု့ရန်နှင့် တခြား မိတ်ဆွေ သူငယ်ချင်းများကို ပြသရန် ယူဆောင်သွားကြသည်ဟု သူက ပြောသည်။

အဆိုပါ ပိုစတာများကို ဖြန့်ဝေ ပြီးနောက် ဒေသ အာဏာပိုင်များက စာရွက် ဖြန့်သူများကို အပူတပြင်း လိုက်လံ ရှာဖွေ နေသည်ဟု သိရသည်။

တောင်ကုတ်မြို့တွင် ပိုစတာ ဖြန့်ဝေ လှုပ်ရှားမှု အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အဖြူရောင် လှုပ်ရှားမှုကိုလည်း ဒေသခံ လူငယ်များက စတင် လုပ်ကိုင် လျှက်ရှိကြောင်း သတင်းရရှိသည်။

http://www.narinjara.com/detailsbur.asp?id=2038

Monday 24 August 2009

Where Is Mar Mar Aye ?

August 15, 5 pm Chobin Gauk, Bago

Mar Mar Aye, 46, member of NLD Party was taken from home by 3 police officers and another man. They told her that the chairman of the Township PDC wanted to see her. Mar Mar Aye had apparently been seen talking to a monk in a teashop, a few days earlier.

August 16, 2 pm

A police officer came to search the house of Mar Mar Aye and confiscated a jacket with a Daw Aung San Suu Kyi sticker and a copy of the Human Rights press release by United Nations.

August 17, 2 pm Zeegone Court


Mar Mar Aye was accused of a political act (action 5/nya - j) and sentenced to 3 years with hard labour.

Deputy Police Officer Tun Kyi and Police Sargeant Thein Lwin, Zeegone Police Station

They drove Mar Mar Aye, who fainted in the court room, to Zeegone Hospital, where she was treated for 25 minutes.

August 17 , 2:45 pm

Mar Mar Aye was taken in a police car to Paung Dair prison.

U Win Aung, In-Charge, Zeegone Police Station


He denied the police involvement in transporting Mar Mar Aye (to prison).

Her family members did not know anything about the court hearing , sentencing or her whereabouts. She has one son who is 11.

When the family members went to Paung Dair prison to look for her, they were told that she wasn't there.

Mar Mar Aye's 80 year old mother is desperately trying to locate her daughter.

http://burmese.dvb.no/news.php?id=8269

မာမာအေး ဘယ်မှာလဲ



http://burmese.dvb.no/news.php?id=8269

ကျောက်ပန်းတောင်း



http://burmese.dvb.no/news.php?id=8264

ဟေ့

မတရားမှု စုရုံးရာကို
တရားရုံးလို့ ခေါ်မှာလား၊

တရားဓမ္မကို ချုပ်နှောင်ထားတာ
မတရားမှုများစွာကို ကျူးလွန်တာဘဲ၊

လွတ်လပ်မှုကို တောင်းဆိုတာနဲ့ ပဲ
ချုပ်နှောင်မှုကို ခံရမှာလား၊

ပြည်သူ့ အတွက် တရားပျက်၍
လူသားအချင်းချင်း တရားကင်းစွာရှိကြသူတွေကို
အမှားမြင်သူ တရားရှင်တို့ က
အဓမ္မ ကျွန်မခံ
တွန်းလှန်မယ် ဟေ့ ။

(ကျောက်ပန်းတောင်း မှ အညတရ ကဗျာရှင်)

သူရဲဘောကြောင်သော လူသတ်သမားများ

တာဝန်ရှိသူများက အမှုရှောင်လွှဲ၍ ရာအိမ်မှူးကို လူသတ်မှုနှင့်တရားစွဲဆို
Saturday, 22 August 2009 18:39 ဗထူး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ရယကအဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားသူအမှုတွင် တာဝန်ရှိသူများက အဆိုပါအမှုမှ ရှောင်လွှဲကာ ရာအိမ်မှူးတဦးအား လူသတ်မှုဖြင့် တရားစွဲဆိုထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက်နေ့တွင် ပုသိမ်မြို့၊ စိန်ကုန်း တိုးချဲ့ရပ်ကွက်အမှတ် (၉) တွင် နေထိုင်သူ ကိုအောင်နိုင်ထွန်းသည် ရယကရုံးတွင် ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးခဲ့ရသည်။

အဆိုပါ (၁၉) ရက်နေ့က သံတိုသံစများ ရှာဖွေနေသည့် သေဆုံးသူ ကိုအောင်နိုင်ထွန်းတို့ စက်လှေသည် စက်ပျက်ခဲ့ပြီးနောက် ကမ်းနားသို့ ဆိုက်ကပ်ခဲ့ရာ အထက်အမိန့်ဖြင့် ဗေဒါအမှိုက်များ ဆယ်ယူနေသည့် ရယကအဖွဲ့ဝင်များနှင့် စတင်အချင်းများရာမှ ရယကရုံးသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည်။

ရယကရုံးသို့ရောက်ရှိပြီး ရယကဥက္ကဌနှင့် အဖွဲ့ဝင်များက ၎င်းတို့အား ဒဏ်ငွေအဖြစ် ငွေကျပ် ၆,၀၀၀ တောင်း ရမ်းခဲ့သဖြင့် အဖော်ဖြစ်သူ ကိုတင်ထွန်းလွင်မှာ ငွေကြေးအား နောက်တနေ့နံနက်တွင် ရယကရုံးသို့ သွားပေးရာတွင် ကိုအောင်နိုင်ထွန်းအား ပြန်လည်လွှတ်ပေးလိုက်သည်ဟု ရုံးတာဝန်ရှိသူများက ပြောဆိုခဲ့သည်။


ဖမ်းဆီးချုပ်နှောင်ခံထားရသူ ကိုအောင်နိုင်ထွန်း အိမ်သို့ ပြန်မရောက်လာသဖြင့် ရပ်ကွက်နေသူများနှင့် မိသားစုများက လိုက်လံရှာဖွေခဲ့ရာ နောက်တနေ့ (၂၁) ရက်နေ့တွင် အမှတ် (၁) ရပ်ကွက်ရှိ ရေခဲစက်နှင့် ဆားစက်အကြားတွင် ဦးခေါင်းတွင် ပြင်းထန်သည့်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မိသားစုဝင်များက အဆိုပါအမှုအား အဆင့်ဆင့် တိုင်ကြားအမှုဖွင့်ခဲ့ရာ သက်ဆိုင်ရာ ရယကအာဏာပိုင်များက အချင်းများချိန်တွင် စတင်ခဲ့သူ ရပ်ကွက်ရာအိမ်မှူး ကိုထွန်းထွန်းအပေါ် ပြစ်မှုအားလုံးပုံချကာ ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ကိုထွန်းထွန်းနဲ့ စဖြစ်တာကို ပုံကြီးချဲ့ပြီးတော့ ဆင်လိုက်တဲ့သဘော၊ မနက်ဘက်ဖြစ်ပြီးကတည်းက ကိုထွန်းထွန်းက ရုံးကိုမသွားတော့ဘူး၊ ညဘက်ကျတော့ သူက စက်ဘီးနဲ့ထွက်တယ်၊ သူတို့ ညနေက ရုံးကိုခေါ်သွားတဲ့လူက သေလားရှင်လားမသိဘူး” ဟု ကိုထွန်းထွန်းနှင့်ရင်းနှီးသူ ဒေသခံက ဆိုသည်။

ယခုအခါ ကိုထွန်းထွန်းသည် ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရပြီး ရပ်ကွက်နေသူများက မတရားစွပ်စွဲခဲ့သည့် လုပ်ရပ်အား မကျေနပ်၍ အဆင့်ဆင့် တိုင်ကြားမှုများပြုလုပ်ရာ အာဏာပိုင်များက အဆိုပါရပ်ကွက် ရယကအဖွဲ့ဝင် သုံးဦးအား ထပ်မံဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဆက်လက်ဖမ်းဆီးခံထားရသည့် ရယကအဖွဲ့ဝင်များမှာ ဦးလှမြင့်၊ ဦးလှမြိုင်၊ ဖိုးလပြည့်တို့ဖြစ်ပြီး ယခုလ (၁၀) ရက်နေ့ထုတ် မှုခင်းဂျာနယ်တွင် ကိုထွန်းထွန်းအား အဓိက လူသတ်တရားခံအဖြစ် ဖော်ပြထားသည်ဟု ဒေသခံတဦးက ပြောသည်။

"အတွင်းရေးမှူးတို့ ဥက္ကဌတို့ လုပ်တဲ့သူတွေက သူတို့ အဓိကလုပ်တာ၊ ရိုက်ဖို့ သူတို့အမိန့်ပေးတယ်၊ ခု ကိုထွန်းထွန်းကိုယ်တိုင်လည်း ကမ်းနားမှာ စဖြစ်တုန်းက ပါးရိုက်တာတွေ ရှိတယ်၊ အခုဖြစ်စဉ်မှာက အတွင်းရေးမှူးတွေက ၀ိတ်အား၊ ငွေအားနဲ့ ဘေးဖယ်ထွက်နေပြီး ရာအိမ်မှူး ကိုထွန်းထွန်းကို အမှုအကုန်လုံး ပုံချထားတယ်” ဟု ဒေသခံက ပြောသည်။

၎င်းတို့အားလုံးအား ပုဒ်မ ၃၀၂၊ ၃၄၁၊ ၂၁၀/၁၀၉ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အဓိက အမိန့်ပေးခဲ့သည့် ရပ်ကွက်(ရယက)ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များကို အရေးယူခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းနောက် ဖမ်းဆီးခံထားရသူ ကိုထွန်းထွန်း၏ သမီးဖြစ်သူက မကျေနပ်သဖြင့် ခရိုင်(ခယက)ရုံးအပါအ၀င် အခြားဌာနများသို့ တိုင်ကြားစာ ၁၀ စောင် ပေးပို့ခဲ့သဖြင့် ခယကရုံးမှ ဇနီးနှင့် သမီးဖြစ်သူအား ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

လူသတ်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိခြင်းကို သိရှိသည့် ရပ်ကွက်နေသူများက ၎င်း၏မိသားစုအား အစစအရာရာ ကူညီပေးခဲ့သည့်အပြင် အမှုရင်ဆိုင်ရာတွင် ရှေ့နေငှားရမ်းစရိတ်ကိုပါ ၀ိုင်းဝန်းထည့်ဝင်ခဲ့ကြဟု သိရသည်။

”ရှေ့နေခ ကျမတို့က အကုန်အကျမခံနိုင်ဘူး၊ ရပ်ကွက်က ထောက်ပံ့တာပါ၊ ကျမတို့က ဘာမှမရှိဘူး၊ ဆင်းရဲတယ်၊ ရပ်ကွက်က အကုန်လိုက်လုပ်ပေးနေတာ၊ မဟုတ်ဘဲနဲ့ ခံနေရတာကို ရပ်ကွက်က မကြည့်ရက်လို့ အားလုံးလိုက်လုပ်ပေးနေတာ၊ ကျမတို့ကလည်း အသနားခံစာ တင်ထားတယ်လေ” ဟု အကျဉ်းကျခံနေရသူ ကိုထွန်းထွန်း၏ဇနီးက ပြောသည်။

ကိုအောင်နိုင်ထွန်း သေဆုံးသွားသည့် အမှုနှင့်ပတ်သက်၍ ယခုလ (၂၈) ရက်နေ့တွင်လည်း ရုံးချိန်းရှိပြီး ပြီးခဲ့သည့်လ (၂၁) ရက်နှင့် (၂၈) ရက်နေ့တွင်လည်း အမှုစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဇနီးဖြစ်သူက ဆက်လက်ပြောဆိုသည်။

ယခု ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူ ကိုထွန်းထွန်းသည် မိသားစုဝင် ၃ ဦးနှင့်အတူ ပုသိမ်မြို့ သစ်ညိုကုန်း အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။

http://www.yoma3.org/index.php?option=com_content&view=article&id=350:2009-08-22-11-42-05&catid=41:2008-09-21-07-44-45&Itemid=124

ကလေးခိုးသော အစိုးရ

စစ်သားစုဆောင်းရေးမှ ကလေးငယ်အား မိဘများက ငွေပေး၍ ပြန်လည်ထုတ်ယူခဲ့ရ
Sunday, 23 August 2009 21:20 ဗထူး

စစ်သားအဖြစ် စုဆောင်းခံရသည့် ဘိုကလေးမြို့မှ ကျောင်းတက်နေသူ ကလေးငယ်အား မိဘများက စစ်သားစုဆောင်းရေးတပ်မှ ငွေပေးကာ ပြန်လည်ထုတ်ယူခဲ့ရသည်။

နေအိမ်မှ ညနေခင်းအချိန်တွင် ပျောက်ဆုံးသွားသည့် အသက် (၁၅) နှစ်အရွယ် အောင်ချစ်ထွေးဆိုသူ ကလေးငယ်အား ကျပ်ငွေ ၅၀,၀၀၀ ပေးကာ မိဘများက နေအိမ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အောင်ချစ်ထွေးသည် ဘိုကလေးမြို့ အထက (၁) တွင် (၈) တန်းပညာ သင်ကြားနေသူဖြစ်ပြီး ယခုလ (၁၆) ရက်နေ့က ပျောက်ဆုံးသွားခဲ့သည်။

မိဘများက သားပျောက်ဆုံးသည့်အတွက် လိုက်လံရှာဖွေကြရာ ဘိုကလေးမြို့ မြို့ပတ်တာလမ်း (၄) ရပ်ကွက်မှ သန့်ဇင်ထိုက်ဆိုသူနှင့် လိုက်သွားသည်ကို တွေ့မြင်လိုက်သူများက ပြောဆိုသဖြင့် သန့်ဇင်ထိုက်၏ မိဘများနှင့်အတူ နောက်တနေ့တွင် ရန်ကုန် မင်္ဂလာဒုံရှိ ဒညင်းကုန်းစစ်သားစုဆောင်ရေးတပ်သို့ ထပ်မံ လိုက်သွားခဲ့ရသည်။


အဆိုပါစုဆောင်းရေးတပ်သို့ ရောက်ရှိချိန်တွင် သန်းအေးဆိုသူ စစ်သားတဦးက ၎င်းကလေးငယ်မှာ ယခုမရှိတော့ဘဲ သင်တန်းသို့ပါသွားသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

“နောက်တော့ အောင်ချစ်ထွေးရဲ့ ယောက်ဖကနေပြီးတော့ ဟိုမှာ ကျနော်တို့ကလေး၊ ကလေးတွေအများကြီးအထဲက ကိုယ့်ကလေးကို သွားတွေ့လိုက်တယ်။ တွေ့တော့ ကျနော်တို့ကလေးဆိုပြီး အတင်းပဲ ပြန်ခေါ်ထုတ်တာ၊ အဲဒါဆိုရင် ပိုက်ဆံ ၅၀,၀၀၀ ပေးလို့ သန်းအေးဆိုတဲ့ စစ်သားက တောင်းတာ” ဟု မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။

အောင်ချစ်ထွေး၏မိဘများအနေဖြင့် ပါသွားသည့်ငွေ မလုံလောက်သဖြင့် အဆိုပါနေ့တွင် ဘိုကလေးမြို့သို့ပြန်ကာ ငွေငါးသောင်းပြည့်အောင် ရှာဖွေပြီး သြဂတ်လ (၁၉) ရက်နေ့တွင် စစ်သားစုဆောင်းရေးမှ သားဖြစ်သူအား ပြန်လည်ထုတ်ယူခဲ့ရသည်။

ငွေငါးသောင်းတောင်းခြင်းနှင့်ပတ်သက်၍ အဆိုပါ မိသားစုနှင့်နီးစပ်သူက “၅၀,၀၀၀ ပေးရင် ပြန်ထွက်လို့ရမယ်၊ ဒီကလေးကို သူတို့က ဆေးစစ်ချက်တွေ ဘာတွေ အကုန်လုံး စရိတ်စကတွေ ကုန်ထားပြီးပြီ၊ အဲဒီစရိတ်တွေအတွက်တောင်းတာလို့ ပြောတယ်” ဟု ဆိုသည်။

စစ်အစိုးရအနေဖြင့် စစ်သားသစ်စုဆောင်းခြင်းကို နေရာအနှံ့ပြုလုပ်နေပြီး တပ်သားသစ်တယောက်ကို စုဆောင်းပေးနိုင်သူအား ကျပ်ငွေ ၃၀,၀၀၀ ပေးလေ့ရှိပြီး အဆိုပါလုပ်ငန်းမှာ စီးပွားရေးတခုသဖွယ် ဖြစ်လာနေသည်မှာ အချိန်အတော်ကြာကပင်ဖြစ်သည်။

ယခု အောင်ချစ်ထွေးအား စစ်တပ်ထဲသို့ သွတ်သွင်းခဲ့သူ သန့်ဇင်ထိုက်မှာ ယခင်က စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပြီး အောင်ချစ်ထွေးနှင့်အတူ အဆိုပါနေ့က လူငယ်နှစ်ဦးလည်း စစ်သားစုဆောင်းရေးသို့ ပို့ဆောင်ခံခဲ့ရသည်ဟု ဒေသခံတဦးက ပြောသည်။

“လူတစ်ယောက်သွားပို့ရင် သူ့အတွက်က ဆုတော်ငွေရသလားမသိဘူး။ သူက ဘိုကလေးမှာ ကလေးတွေ လိုက်လိုက်ခေါ်တယ်။ သူ့အသက်က (၂၀) ကျော် (၃၀) ၀န်းကျင်ပဲ၊ အခု ဒီ အောင်ချစ်ထွေးနဲ့ အတူပါသွားတဲ့ ကလေးတွေလည်း သက်တူရွယ်တူပဲ၊ တယောက်က မြဂုဏ်ရောင် (၁၃) လမ်းက၊ နာမည်တွေတော့ မသိဘူး” ဟု အဆိုပါဒေသခံက ပြောသည်။

စစ်အစိုးရအနေဖြင့် တပ်ရင်း/တပ်ဖွဲ့အသစ်များ တိုးချဲ့နေသည်နှင့်အမျှ လိုအပ်နေသည့် တပ်သားသစ်အင်အား စုဆောင်းမှုများ ပြုလုပ်လျှက်ရှိရာ ယခုကဲ့သို့ အရွယ်မရောက်သေးသည့် ကလေးငယ် အမြောက်အများ ပါဝင်လျက်ရှိသည်။

ထို့အပြင် စစ်အစိုးရအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန် “အရွယ်မရောက်သေးသူ က လေး သူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီ” ကို ၂၀၀၄ ခုနှစ် နှစ်ဦးပိုင်းက ဖွဲ့စည်းခဲ့သော် လည်း ယခုကဲ့သို့ နိုင်ငံအနှံ့အပြားတွင်း စစ်သားအဖြစ် အဓမ္မ စုဆောင်းခံရ ခြင်းကို ကလေးငယ်များ ရင် ဆိုင်ကြုံတွေ့နေဆဲဖြစ်သည်။

http://www.yoma3.org/index.php?option=com_content&view=article&id=352:2009-08-23-14-22-20&catid=41:2008-09-21-07-44-45&Itemid=124

တွံတေး

တွံတေးမြို့နယ်ဆုတောင်းပွဲ ပြည်သူထောင်နှင့်ချီ လာရောက်ဝတ်ပြုဆုတောင်းခဲ့
Wednesday, 19 August 2009 18:00 ရိုးမ ၃

တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ကာ ယနေ့ ဝတ်ပြုဆုတောင်းခဲ့ရာ ပြည်သူလူထု ထောင်နှင့်ချီ၍ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဝတ်ပြုဆုတောင်းပွဲအား နောက်ဆုံးနေ့အဖြစ် သတ်မှတ်ကာ (NLD)ပါတီဝင်များက တွံတေးမြို့ပေါ်ရှိ ရွှေဆံတော်ဘုရား အင်္ဂါဒေါင့်တွင် ဝတ်ပြုဆုတောင်းပွဲကို ယနေ့ နေ့လည်က ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

စစ်အစိုးရအာဏာပိုင်များကလည်း တွံတေးမြို့ပေါ်တွင် လုံခြုံရေးများ ထူထပ်စွာ ချထားပြီး အဆိုပါလှုပ်ရှားမှုကို စောင့်ကြည့်မှုများ ရှိခဲ့သည်။

“လုံခြုံရေးကတော့ ဘုရားအောက်မှာတွေ၊ မြို့ထဲမှာတွေကော နောက်ပြီးတော့ ဘုရားအပေါ်မှာလည်း ချထားတယ်၊ လုံခြုံရေးကတော့ တော်တော်များတယ်ဗျ၊ ရဲတွေပါ၊ ဒါပေမဲ့ ယူနီဖောင်းတွေတော့ မပါဘူး၊ ရဲသတင်းပေးတွေလည်း များတယ်၊ ဒီနေ့တော့ ဝိုင်းစောင့်ကြည့်တာတွေ ဗွီဒီယိုရိုတာတွေပဲ ရှိတယ်၊ ဒီနေ့လာတဲ့ ပြည်သူလူထုအများအားဖြင့်ကတော့ အင်္ဂါဒေါင့်မှာပဲ ဝတ်ပြုဆုတောင်းတယ်” ဟု အင်န်အယ်ဒီပါတီ တွဲဘက်အတွင်း ရေးမှူး ကိုဇော်မင်းထွန်းက ပြောသည်။

ယနေ့သည် ဝါခေါင်လကွယ် ဥပုသ်နေ့ဖြစ်သည့်အတွက် ပြည်သူလူထုများက အဖြူရောင်များဝတ်ဆင်ကာ ဘုရားပေါ်သို့ တက်ရောက်ခဲ့ပြီး ဝတ်ပြုဆုတောင်းခဲ့ရာတွင် အများစုမှာ အမျိုးသမီးများဖြစ်ကြပြီး အင်အား ၃,၀၀၀ ခန့်ရှိသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယနေ့နောက်ဆုံးနေ့အဖြစ် အဖြူရောင်ဝတ်ဆင်ကာ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်မည်ကို တွံတေးမြို့နယ် (NLD)ပါတီအဖွဲ့ဝင်အချို့က ယခင်ရက်များတွင် ပြည်သူများအကြား လိုက်လံပြောဆိုထားခဲ့သည်ဟု ဆိုသည်။

"မနေ့ကလည်း ကျနော်တို့ ရဲတွေနဲ့ ပြဿနာတက်တယ်ဆိုတာ ပြည်သူက သိတယ်၊ ဒီနေ့ထပ်ဖြစ်မယ်ဆိုရင် သူတို့က ဥပုသ်လာစောင့်ရင်းနဲ့ ဒီ လှုပ်ရှားနေတဲ့သူတွေကို ဝိုင်းကာကွယ်မယ်ဆိုပြီး လာကြတာပါ၊ ဥပုသ်နေ့တိုင်းမှာ ဒီလို လူအများကြီး ဘုရားပေါ်မတက်ဘူး၊ နည်းနည်းလောက်ပဲ တက်တာ၊ ဘုန်းကြီးကျောင်းတွေလောက်ပဲ သွားကြတာ၊ ခုက ဘုရားပေါ်ကို အများကြီးတက်လာတယ်” ဟု ကိုဇော်မင်းထွန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထပ်မံချထားခြင်းမှာ နိုင်ငံရေးနှင့်ပတ်သက်၍ ထောင်ချောက်ဆင်မှုသာဖြစ်သဖြင့် တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကန့်ကွက်ရှုတ်ချသည်ဟုလည်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့သည့် အဓိကတရားခံ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ယက်တောအား စစ်အစိုးရက ပြန်လည်လွှတ်ပေးလိုက်ခြင်းနှင့်ပတ်သက်၍ ကိုဇော်မင်းထွန်းက “နိုင်ငံခြားသားကိုတော့ သဘောထားကြီးစွာနဲ့ လွှတ်ပေးနိုင်တယ်၊ ကိုယ့်လူမျိုးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ သဘောထားမကြီးဘဲနဲ့ နေအိမ်အကျယ်ချုပ်ထားတယ်၊ ထောင်ချတယ်၊ ခုလို အဖြူရောင် လှုပ်ရှားမှုတွေမှာ ရိုက်နှက်တယ်၊ ကျနော်တို့ကတော့ စစ်မှန်သော ဒီမိုကရေစီရတဲ့အထိ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်” ဟု ပြောဆိုသွားသည်။

http://www.yoma3.org/index.php?option=com_content&view=article&id=347:2009-08-19-11-02-14&catid=41:2008-09-21-07-44-45&Itemid=124

တောင်သာ၊ မြင်းခြံ



http://burmese.dvb.no/news.php?id=8239

ကြို့ ပင်ကောက်



http://burmese.dvb.no/news.php?id=8255

မော်လမြိုင်

နအဖဆန့်ကျင်ရေးလှုပ်ရှားမှု ပေါ်ပေါက်ပါက
မြို့ခံအာဏာပိုင်များအား အရေးယူမည်
ဝီရ / ၁၈ သြဂုတ် ၂၀၀၉

ပြည်တွင်းတွင် သံဃာတော်လှုပ်ရှားမှု ပြန်လည်စတင်တော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် နယ်မြို့များတွင် နအဖ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှု တစုံတရာ ပေါ်ပေါက်လာက မြို့ခံအာဏာပိုင်အဖွဲ့အစည်းများအား ထိရောက်စွာ အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းသို့အရေးယူမည့်အကြောင်းကို ပြီးခဲ့သည့် သြဂုတ် (၁၅) ရက်တွင် အမှတ် (၂) စက်မှုဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းက မော်လမြိုင်မြို့၌ မြို့နယ်အာဏာပိုင်တို့နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်မှ ဒုတိယ ရဲမှူးတဦးက ခေတ်ပြိုင်သို့ ပြောသည်။

“ကိုယ့်မြို့မှာ စာကပ်ဆေးဖြန်းတာတို့၊ ဆန္ဒပြတာတို့ စတဲ့ဆန့်ကျင်ရေးလုပ်ရပ်တွေ ဖြစ်လာရင် မြို့ခံအာဏာပိုင် အဖွဲ့အစည်း တွေကို အရေးယူမယ်တဲ့။ အဲဒီလိုဖြစ်တာကို အချိန်မီအစီရင်ခံမတင်နိုင်လို့၊ ဖမ်းလို့မမိဘူးဆိုရင် တာဝန်ကျတဲ့သူသာမက အဲဒီအဖွဲ့က အားလုံးထိမယ်ပေါ့။ ပြီးတော့ ဒီကိစ္စကို စောင့်ကြည့်ဖို့ ပူးတွဲစစ်ဆင်ရေးအနေနဲ့ ရဲနဲ့စစ်တပ် အတူဦးဆောင်ရမယ်။ အဓိကကတော့ သံဃာတော်တွေနဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေ၊ ထူးခြားချက်တွေကို ပြည်ထဲရေးဝန်ကြီးဆီကို အစီရင်ခံစာ နေ့တိုင်းတင်ရမယ်ပေါ့” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်ရှိ သံဃာ့နာယကအဖွဲ့သို့ အာဏာပိုင်တို့က သွားရောက်၍ ဘုန်းကြီးကျောင်းများတွင် သံဃာတော်အသစ် ရောက်ရှိလာလျှင် ဧည့်စာရင်းတိုင်ကြားရန်နှင့် သံဃာတော်များ ဆွမ်းခံကြွလျှင် ယပ်တောင်ပါ ယူဆောင်ကြွချီရန် စသည့်အချက်များ ပါဝင်သည့်လျှောက်ထားစာ ပို့ဆောင်ထားကြောင်း မော်လမြိုင်မြို့ပေါ်ရှိ စာသင်သား (၅၀) ကျော် သီတင်းသုံးနေသည့် စာသင်တိုက်တတိုက်မှ စာချဆရာတော်တပါးက မိန့်ကြားသည်။

“ကိုယ်တော်တွေ အပြင်ထွက်ရင်ပဲဖြစ်ဖြစ်၊ ဆွမ်းခံကြွရင်ပဲဖြစ်ဖြစ် ယပ်တောင်ပါသွားဖို့။ အခြားနယ်က သံဃာတော်တွေ လာတည်းရင် ဧည့်စာရင်းတိုင်ကြားဖို့ ပြည်နယ် သံဃာ့နာယကအဖွဲ့ထံကို အာဏာပိုင်တစုက လာလျှောက်ထားတယ်” ဟု အထက်ပါဆရာတော်က ပြောသည်။

ပြီးခဲ့သည့်စနေနေ့ကတည်းက သံဃာတော်များ လမ်းမပေါ်ပြန်ထွက်လှုပ်ရှားမှုများ ပြန်စမည်ဆိုသည့်သတင်းများ ထွက်ပေါ်နေကြောင်း၊ မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများမှ မနက်အစောကြီးဆွမ်းခံကြွသည့် ကိုယ်တော်များနောက်သို့ ယခုရက်ပိုင်းအတွင်း အာဏာပိုင်များက နောက်မှ စက်ဘီး၊ ဆိုင်ကယ်တို့ဖြင့် လိုက်လံကြည့်ရှုမှုများ ရှိလာကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကလည်း ဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်၊ သံဃာတော်များအပေါ် နှိပ်စက်သတ်ဖြတ်စော်ကားမှုများကို စစ်အစိုးရအာဏာပိုင်များက ပြန်လည်တောင်းပန်ရန်နှင့် မလိုက်နာပါက သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉) တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည်ဟု ထုတ်ပြန်ထားသည်။

၂၀၀၉ ခု သြဂုတ်လ ပထမအပတ်တွင် ချောက်မြို့၌ စစ်အစိုးရ ဆန့်ကျင်ရေး နံရံကပ်စာလှုပ်ရှားသူများအား ဖမ်းဆီးဖော်ထုတ်နိုင်ခြင်း မရှိသည့်အတွက် တာဝန်ကျ ရဲဝန်ထမ်း (၇) ဦးအား ခရိုင်ရဲမှူးကြီးက (၄) ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

http://www.khitpyaing.org/news/Aug09/180809d.php

စစ်တွေ

စစ်တွေမြို့တွင် လုံခြုံရေးတင်းကျပ်ချထား
မင်းနိုင်သူ / ၂၄ သြဂုတ် ၂၀၀၉

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် ယခုရက်ပိုင်းများအတွင်း လုံခြုံရေးတင်းကျပ်စွာချထားကြောင်း သိရသည်။

စစ်တွေမြို့၏ အထင်ကရ သာသနိက အဆောက်အဦများတွင် လုံခြုံရေးယူထားခြင်းဖြစ်ကာ လုံခြုံရေးယူသည့် ရဲများ သာသနိက အဆောက်အဦများအတွင်း၌ပင် နေထိုင်စားသောက် အလောင်းအစားဝိုင်းများ ထောင်နေခြင်းကြောင့်လည်း ဒေသခံလူထု စိတ်အနှောင့်အယှက်ဖြစ်ကြရကြောင်း စစ်တွေမြို့ခံတဦးက ပြောသည်။

၎င်းက “လောကနန္ဒာဘုရားကြီးထဲမှာလည်း ရဲတွေလုံခြုံရေးယူထားတာကြာပြီ။ စားတော့၊ သောက်တော့လည်း ဘုရားပေါ်။ နေ့ခင်းဘက် လူနည်းပါးချိန်ဆို လုံခြုံရေးရဲတွေက ဖဲဝိုင်းထောင်ကြနဲ့။ သာသနိကအဆောက်အဦနဲ့ ဘယ်လိုမှကို မသင့်တော်တာ” ဟု ပြောသည်။

စစ်တွေမြို့ရှိ အထင်ကရနေရာများဖြစ်သော ဦးရဲကျော်သူကျောင်း၊ ၀င်္ကဘာကွင်း၊ အတုလမာန်အောင်ဘုရား၊ လောကနန္ဒာ ဘုရားနှင့် ဦးဥတ္တမပန်းခြံတို့တွင် ရဲများလုံခြုံရေးယူထားသည်မှာ တလကျော်သွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အခုရက်ပိုင်းမှာ လုံခြုံရေးအင်အားတိုးလာတယ်။ စက်တင်ဘာအရေးအခင်း နှစ်ပတ်လည်နီးလာလို့ ထင်တယ်။ တဘက်က လုံခြုံရေးအင်အားတိုးချထားသလို တဘက်ကလည်း တိုင်းမှူးက မြို့ထဲရပ်ကွက် (၄) ရပ်ကွက်ကို (၂၄) နာရီ မီးပေးမယ်ဆိုပြီး စည်းရုံးနေတယ်” ဟု အဆိုပါစစ်တွေမြို့ခံက ဆက်လက်ပြောဆိုသည်။

ဥဒါန်း၊ ပြည်တော်သာ၊ ပလုတ်တောင်စသည့် မြို့တွင်းပိုင်းကျသည့် ရပ်ကွက်များတွင် လျှပ်စစ်မီး (၂၄) နာရီ ရယူလိုသူများအား စာရင်းကောက်ယူနေသော်လည်း မည်သည့်နေ့တွင် (၂၄) နာရီ မီးစရမည်ကိုမူ ရပ်ကွက်အာဏာပိုင်များက မပြောနိုင်ကြောင်း သိရသည်။

“လျှပ်စစ်မီးရမယ်ဆိုမှတော့ လူတိုင်းလိုချင်တာပေါ့။ စာရင်းတောင် ကောက်နေစရာမလိုပါဘူး။ ဒါပေမယ့် ဘာကြောင့်မှန်း မသိဘူး စာရင်းတောင်းယူတယ်” ဟု မြို့ခံက ပြောသည်။

ရန်ကုန်တွင်၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်းအပြီး စစ်တွေမြို့မှ သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲများ ဆက်လက်လုပ်ဆောင်ခဲ့မှုကြောင့် စစ်အာဏာပိုင်များက စစ်တွေမြို့ကို ပိုမိုအာရုံစိုက်လာသည်ဟု စစ်တွေမှ သံဃာတော်တပါးက မိန့်သည်။

“တဘက်က ဒေသဖွံ့ဖြိုးရေးလုပ်ပါတယ်ဆိုပြီး ပြဖို့ ရထားလမ်းဖောက်တာတွေ၊ စာကြည့်တိုက်ဖွင့်တာတွေ၊ သတင်းစာတိုက်ခွဲ လာလုပ်ပေးတာတွေနဲ့ စည်းရုံးရေးလုပ်နေတယ်။ တဘက်ကလည်း လုံခြုံရေးကို တိုးချထားတယ်။ တကယ်တမ်းမှာ ဒေသခံလူထုက ဆင်းရဲကျပ်တည်းဆဲပဲ။ ဖိနှိပ်မှုတွေရှိနေဆဲပဲ” ဟု အထက်ပါသံဃာက ဆက်လက်မိန့်ဆိုသည်။

စစ်တွေမြို့ လုံခြုံရေးကို ယခုရက်ပိုင်းများအတွင်း ပိုမိုတင်းကျပ်ထားရာ အခြားမြို့များမှ စစ်တွေမြို့သို့ လာရောက်သည့် ကားများ ညနေ (၆) နာရီကျော်လျှင် စစ်တွေမြို့တွင်း ၀င်ခွင့်မရဘဲ မြို့ပြင်မှာသာ အိပ်ကြရကြောင်း၊ စစ်တွေမြို့သို့ လာရောက်သည့် ရဟန်းသံဃာများကိုလည်း စစ်ဆေးမေးမြန်းမှု များပြားနေကြောင်း သိရသည်။

http://www.khitpyaing.org/news/Aug09/240809c.php

Thursday 20 August 2009

လက်နက်မဲ့ အရပ်သားများကို အရှက်ကင်းမဲ့စွာပစ်သတ်ရဲသော မြန်မာ့တပ်မတော်သားများ

ရှမ်းပြည် (အလယ်ပိုင်း) ရှိ ကျေးရွာပေါင်း ၄၀ ခန့်အား ပြီးခဲ့သည့် လကုန်ပိုင်းတွင် ဒေသတွင်း အခြေစိုက် စစ်တပ်များက မီးရှို့ခြင်း၊ ပြောင်းရွှေ့ခိုင်းခြင်းကြောင့် ဒေသခံ ရွာသား တသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ အိမ်ခြေ ၅၀၀ ကျော်အား မီးရှို့ဖျက်ဆီးခြင်း၊ ရွာ ၃၀ ခန့်အား အဓမ္မ ရွှေ့ပြောင်းခြင်းကြောင့် ရွာသားပေါင်း ထောင်ချီ၍ အိုးအိမ်မဲ့ဖြစ်သွားခြင်း ဖြစ်သည်။

''လဲချားမြို့နယ် တတ်မောက် ကျေးရွာအုပ်စုထဲက ဝမ်ဟိုလွန်၊ ကွန်ဟုန်း၊ မောက်စမ်ရွာတွေလည်း ပါတယ်။ ရွာ ၁ဝ ရွာမီးရှို့ပြီးတော့ ကျန်ရွာ ၃ဝ လောက်ကို အဓမ္မ ရွှေ့ပြောင်းခိုင်းတယ်။ လူပေါင်း တသောင်းကျော်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တယ်’’ ဟု ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေးအဖွဲ့ (Shan Human Rights Foundation) မှ ပြောရေးဆိုခွင့်ရှိသူ ဦးခမ်ဟမ်ဖ (Kham Harn Fah) က မဇ္ဈိမကို ပြောသည်။

ယခုလုပ်ရပ်သည် ပြီးခဲ့သည့် မေလ ၂၁ ရက်မှ ဇူလိုင်လ ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့သော SSA (တောင်ပိုင်း) နှင့် မြန်မာစစ်တပ်၏ တိုက်ပွဲများတွင် စစ်တပ်မှ ဗိုလ်ကြီး၊ ဗိုလ်မှူး အဆင့်ရှိသူများ အပါအဝင် တပ်သား ၂၀ ကျော် သေဆုံးခဲ့သည့် ဒေသတွင်း၌ ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်သူများအား ယခုလို ဒုက္ခပေးခြင်းသည် 'ကြွက်မနိုင် ကျီမီးရှို့' သဘောဖြင့် ပြန်လည်တုံ့ပြန်ခြင်း ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ပြောဆိုသည်။

ပြီးခဲ့သည့်လ ၂၂ ရက်နေ့က မိုင်းနန်မြို့နယ် အခြေစိုက် စဗခ (စစ်ဗျူဟာ ကွပ်ကဲရေးဌာနချုပ်) ၂ တွင် တပ်ခေါင်းဆောင်များ အစည်းအဝေးလုပ်ခဲ့ပြီးနောက် ယခုလို ဖြစ်ရပ်မျိုး ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရှမ်းအမျိုးသမီး၊ လူငယ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေးနှင့် လူမှုကူညီရေးနှင့်ဖွံ့ဖြိုးရေး စသည့် ရှမ်းအဖွဲ့အစည်း ၆ ဖွဲ့မှ ကိုယ်စားလှယ်တဦးဖြစ်သူ ဦးစိုင်းခူစမ် (Sai Khur Hseng) က ‘‘ရွာသားတယောက် ပြန်ပြောပြတာက ရွာကို မီးရှို့နေတဲ့အချိန် စစ်ဗိုလ်က စကားပြောစက်နဲ့ အိမ်ဘယ်လောက် မီးရှို့ပြီးပြီဆိုတာ သတင်းပို့နေတယ်။ အထက်က မလုံလောက်သေးဘူးဆိုတော့ မီးထပ်ရှို့တယ်။ ဒါကိုကြည့်ရင် သူတို့ စနစ်တကျနဲ့လုပ်တာ ထင်ရှားနေတယ်” ဟု ပြောသည်။

စဗခ ၂ လက်အောက်ရှိ လွယ်လင် အခြေစိုက် ခြေလျင်တပ်ရင်း - ခလရ ၉ ၊ ခလရ ၁၂ ၊ လဲချားအခြေစိုက် ခလရ ၆၄ ၊ ခြေမြန်တပ်ရင်း - ခမရ ၅၁၅ ၊ မိုးနဲအခြေစိုက် ခမရ ၂၄၈ နှင့် ခမရ ၅၁၃၊ ခမရ ၅၁၄ က ယခုလို မီးရှို့ခြင်းနှင့် နေအိမ်ရွှေ့ပြောင်းခိုင်းခြင်းတို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းဖြစ်ရပ် ၃ ရက်ကြာ ဖြစ်ပွားနေစဉ်အတွင်း လူသေဆုံးမှုများလည်း ရှိကြောင်း သူက ဆိုသည်။

‘‘တတ်မောက်ကျေးရွာ အုပ်စုထဲကပဲ ရွာသား ၃ ဦး မြန်မာစစ်တပ်က ပစ်သတ်ခံခဲ့ရတယ်။ နောက် အမျိုးသမီးတဦးက သူ့အိမ်ကို မီးရှို့နေတုန်း အိမ်ထဲကို ပစ္စည်းဝင်ယူတဲ့အတွက် သေနတ်နဲ့ပစ်ပြီး အိမ်သာကျင်းထဲ ပစ်ချလိုက်တယ်လို့ ကျနော်တို့ သတင်း ရတယ်ခင်ဗျ။ အမျိုးသား ၃ ယောက်ကတော့ သေတယ်။ အမျိုးသမီးကတော့ သေသလား၊ ရှင်သလား မသိရသေးဘူးခင်ဗျ’’ ဟု သူက ပြောသည်။

နေအိမ်များ စွန့်ခွာ ထွက်ပြေးခဲ့ကြရသည့် ဒေသခံအချို့သည် နီးစပ်ရာ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဆွေမျိုးများထံတွင် သွားရောက် ခိုလှုံနေရပြီး အချို့မှာ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးခဲ့ကြသည်။

ယခု အဖြစ်အပျက်သည် ၁၉၉၆-၉၈ ခုနှစ်အတွင်း ရှမ်းပြည်နယ် အလယ်ပိုင်းနှင့် တောင်ပိုင်းမှ လူပေါင်း ၃ သိန်းကျော် နေအိမ်များ အဓမ္မ ရွှေ့ပြောင်းခံခဲ့ရပြီးနောက် ၅ နှစ်အကြာတွင် ပြန်လည်အခြေချနေထိုင်ခွင့်ပြုခဲ့ရာမှ နောက်တဖန် ယခုလို ထပ်မံဖြစ်ပွားခဲ့သည်။ ယခင်တကြိမ်နောက်ပိုင်း အကြီးမားဆုံး လူနေအိမ် ရွှေ့ပြောင်းခိုင်းမှုလည်း ဖြစ်သည်။

ယမန်နေ့က ရှမ်းအဖွဲ့အစည်း ၆ ဖွဲ့ ပူးပေါင်း၍ သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ထိုင်း-မြန်မာနယ်စပ် ပြုလုပ်ခဲ့ကြပြီး၊ အရပ်သားများအပေါ် ကြမ်းတမ်းရက်စက်သည့် ယခုလုပ်ရပ်အား ချက်ချင်း ရပ်တန့်ပြီး ဒေသခံရွာသားများအား ၎င်းတို့၏ နေအိမ်များတွင် ပြန်လည် နေထိုင်ခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။

http://www.mizzimaburmese.com/index.php?option=com_content&view=article&id=3583:2009-08-14-11-05-01&catid=1&Itemid=2

Tuesday 18 August 2009

Girls On Top

Supreme Leader Than Shwe might be working his bottom off to convince the world that he, after killing several thousand monks and people, is actually a true Buddhist but his cunning efforts seemed to have ended up in the worst possible place for any highly honoured man – the girls toilet.

On the morning of Friday 14 August, the Year 9 girls of No 8, State Girls’ High School, Mandalay were summoned to the hall where they were all given stern warning by the head, for sticking letters containing less than respectful writing about the country’s Supreme Leader, General Than Shwe.

“ The Royal Great Granddad “ (sarcastic way to call someone who is powerful) , “ Dog Shit” , “Hope you can still rule from your own coffin” , etc. were written on papers, then stuck on the toilet walls.

“ Oh, we got told off alright. It took the whole morning. The entire school got quite excited. Still, no one knows who did it.”


http://burmese.dvb.no/news.php?id=8249

အိမ်သာထဲက သန်းရွှေ





http://burmese.dvb.no/b_news/8249-220090817_ThanShwe.gif

http://moemaka.com/index.php?option=com_content&task=view&id=4375&Itemid=1

Monday 10 August 2009

ကြောက်ပါတယ်လေ့ ကြောက်ပါတယ်လေ့ (အာဏာရှင်တို့အကြောက်ဆုံးသော မြို့များ ၃)

ဒေါ်အောင်ဆန်းစုကြည်အကြောင်း မပြောရဟု ထုတ်ပြန်ထား
Monday, 10 August 2009 17:54 ကြည်ဝေ ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ တက္ကသိုလ် ကျောင်းသူ ကျောင်းသားများနှင့် ဆရာ ဆရာမများ အားလုံးကို မည်သည့် ထင်မြင်ချက်မှ မပေးရန်နှင့် မည်သို့မှ ပြောဆိုခြင်းမပြုရန် တရားဝင် စာထုတ်ကာ တားမြစ်ထားကြောင်း ဒဂုံတက္ကသိုလ်မှ ပါမောက္ခ တဦးက ပြောသည်။

“ပြီးခဲ့တဲ့ ဇွန်လကတည်းက ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့ ပတ်သက်ပြီး လုံးဝ မပြောကြဖို့ စာထုတ် သတိ ပေးထားတယ်။ ကျမတို့ ပညာရေး ဌာနတင်မကဘူး ၀န်ကြီးဌာနတိုင်းမှာ စာထုတ်သတိပေးတယ်လို့ ကြားတာပဲ” ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းရှိသော နေ့များတွင် ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ကျောင်းများ၌ လုံခြုံရေး ထူထပ်စွာ ချထားသည့်အပြင် ဌာနအသီးသီးမှ ဆရာဆရာမများ လုံခြုံရေး ယူပေးရကြောင်းလည်း ကြားသိ ရသည်။

“ရုံးချိန်းရှိတဲ့ နေ့တွေဆိုရင် မနက် ၇ နာရီ အရောက် ကျောင်းကိုလာပြီး ကင်းစောင့်ပေးရတယ်၊ ညနေ ၆ နာရီထိပဲ၊ ကျောင်းသူကျောင်းသား တွေထဲက ထူးခြားမှု ရှိ၊ မရှိကိုလည်း စောင့်ကြည့်ပေးရတယ်၊ ထူးခြား ရင် ဒု - ချုပ်တွေဆီကို သတင်းပို့ရတယ်” ဟု အဆိုပါ ပါမောက္ခက ဆိုသည်။

တက္ကသိုလ်ကျောင်းများအတွင်း ဆရာဆရာမများအား လုံခြုံရေးတာဝန်ပေးကာ ကင်းစောင့်စေခြင်းကို ၂၀၀၀ ပြည့်နှစ်ကတည်းက ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ သံဃာအရေးအခင်းပြီး ကာလများတွင် ပိုမို တင်းကျပ်လာကာ သံသယရှိသော ကျောင်းသူကျောင်းသားများ စာရင်းအား ပါမောက္ခချုပ်မှ တဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုက်ရိုက် သတင်းပေးပို့ရန် မှာကြားထားသည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်း ရက်များတွင် နည်းပညာကောလိပ် (GTC) ကျောင်းဝန်း အတွင်း၌လည်း အရပ်ဝတ်ရဲများ အများအပြား ချထားသကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေး ဖိုးလပြည့် အနားယူသည့် အိမ်နှင့်အနီးတ၀ိုက်တွင်လည်း အထူးလုံခြုံရေးအနေနှင့် ယူနီဖောင်းဝတ် ရဲများကို တွေ့မြင်ရကြောင်း GTC ကျောင်းသားတဦးက ပြောပြသည်။

“သူ ကျောင်းတက်တာ ၂ ခါ ၃ ခါလောက်တော့ တွေ့ဖူးတယ်၊ ရုံးချိန်းရက်တွေဆို နေပြည်တော်မှာပဲ နေတယ်လို့ ကြားတာပဲ၊ တခုခုဖြစ်ရင် ရှောင်နိုင်အောင် ထင်တယ်” ဟု အဆိုပါ ကျောင်းသားက ဆိုသည်။

ရုံးချိန်းရှိသော နေ့ရက်များတွင် ရန်ကုန်မြို့အတွင်း အင်းစိန်ထောင် ပတ်ဝန်းကျင်၊ NLD ရုံးရှိရာ ရွှေဂုံတိုင်နှင့် အနီးတ၀ိုက်၊ မြို့တော်ခန်းမ အနီးတ၀ိုက်တို့တွင် ရဲများ၊ လုံထိန်းများ၊ အရပ်ဝတ်ရဲများ၊ စွမ်းအားရှင်များ စုစုပေါင်း အင်အား ၃ ထောင်ခန့်ကို လုံခြုံရေး တာဝန်ပေးထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် စီရင်ချက်ချမည်ဟု ကြေညာခဲ့သည့် ပြီးခဲ့သော ဇူလိုင်လ ၃၁ ရက်နေ့ မတိုင်မီ ညသန်းခေါင်ယံအချိန်က အင်းစိန်ထောင်ရှေ့သို့ သွားမည့် NLD လူငယ် ၂၅ ဦးခန့်ကို အာဏာပိုင် များက ဖမ်းဆီးခေါ်ယူသွားခဲ့ပြီး ၎င်းတို့အထဲမှ တချို့ကို သြဂုတ် လဆန်းပိုင်းတွင် ပြန်လွှတ်ခဲ့သည်။

ဇူလိုင်လ ၃၁ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ အမှု အပြီးသတ် စီရင်ချမည့်ရက် ဖြစ်သော်လည်း သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီသို့ ထပ်မံ ရွှေ့ဆိုင်းချိန်းဆိုလိုက်သည်။

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=1584:2009-08-10-10-58-52&catid=1:news&Itemid=2

ကြောက်သလားဟေ့ မောင်တို့ ရေ (အာဏာရှင်တို့အကြောက်ဆုံးသော မြို့ များ ၂)

မကွေးတိုင်း ရေနံချောင်းမြို့

ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် ရေနံချောင်းတမြို့လုံး၌ လုံခြုံရေးများ တင်းကျပ်စွာ ချထားရာ ဆိုင်ကယ်၊ ကားတို့ဖြင့် လှည့်ပတ်နေကာ လူစည်ကားရာနေရာတိုင်း ရဲတပ်ဖွဲ့များအား နံပါတ်တုတ်များ ကိုင်ဆောင်ကာ တနေရာလျှင် ၅ ဦးမှ ၇ ဦးအထိ စောင့်ကြပ်ထားသည်ဟု ပြောသည်။ (၁၀.၈.၀၉ မဇ္ဈိမ )

ရခိုင်ပြည်နယ် မင်းပြား၊ ရမ်းဗြဲ

သြဂတ်စ်လ ၈ ရက်နေ့က စစ်တွေတွင် လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့သော်လည်း ယခုအခါ ဘုရားကြီး အနီးတ၀ိုက်မှ အပ တခြားနေရာများမှ ရုတ်သိမ်းသွားပြီ ဖြစ်သည်ဟု သိရသည်။

အလားတူ နိုင်ငံရေး အရ တက်ကြွသော မြို့များဖြစ်ကြသည့် တောင်ကုတ်၊ မင်းပြား။ သံတွဲနှင့် ရမ်းဗြဲံမြို့များတွင် လုံခြုံရေးများ တင်းကြပ်စွာ ချထားခဲ့သည်။ (၁၀.၈.၀၉ နိရဉ္စရာ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့

“ဒီနေ့ ဆုတောင်းပွဲလုပ်ဖြစ်တယ်၊ နှစ်ဖွဲ့ခွဲလုပ်တာ၊ ရွှေစည်းခုံဘုရားဘက်မှာ လုံခြုံရေးက အယောက် ၂၀ လောက် စောင့်ကြည့်နေတာ ရှိတယ်၊ အဲဒါနဲ့ ဆုတောင်းပွဲကို နှစ်ယောက်တဖွဲ့၊ သုံးယောက်တဖွဲ့ ခွဲပြီး လုပ်လိုက်ရတယ်” (၃၁.၇.၀၉ ရိုးမ ၃)

ရန်ကုန်

ရန်ကုန်မြို့၏ အချက်အချာနေရာတွေဖြစ်သည့် မြို့တော်ခန်းမ၊ သိမ်ကြီး ဈေး၊ မီးပွိုင့်လမ်းဆုံ နှင့် လူစည်ကားရာ နေရာတော်တော်များများမှာ လမ်းပိတ်တဲ့ သံဆူးကြိုး သစ်သားတိုင်အတော်တော်များများကို ယ မန်နေ့ကစပြီး ဖြန့်ကျက်ချထားသည်ကို တွေ့ရပါသည်။

ယခုလို ထင်ထင်ရှားရှား လမ်းပိတ်ဖို့ချထားက ဒီနှစ်အနည်းငယ်အတွင်းမှာ ထူးထူးခြားခြားချထာပြီး ပိုထူးခြားတာက လမ်းဆုံးမှာ ယခုအသင့်ထား ထားသည့် သံဆူးကြိုး သစ်သားတိုင်တွေက အသစ်လုပ်ထားတာကို တွေ့ရ သည်။ သံဆူးကြိုးရိုက်ပြီးသား သစ်သားပေါ် မျဉ်းကြား သုတ်ထားတဲ့ အဖြု နှင့် အနီဆေးတွေကလည်း အသစ်စက်စက်ဖြစ်နေပါသည်။ (၆.၈.၀၉ ဌာန်ပရိုင်)

http://www.mizzimaburmese.com/news/inside-burma/3544-2009-08-10-08-41-41.html

http://www.narinjara.com/detailsbur.asp?id=2009

http://www.yoma3.org/index.php?option=com_content&view=article&id=325:2009-07-31-09-54-41&catid=41:2008-09-21-07-44-45&Itemid=124
http://www.monnews-imna.com/burmese/newsupdate.php?ID=398

The Towns That Terrify The Authorities Most

Insein, Yangon

"There are 22 quarters in Insein. Each and every quarter is thick with 2000 strong security forces made up of police, local PDC, Fire forces and criminals who come straight out of prisons."
(06.08.09 Yoma 3)

Sittwe, Boothee Daung, Kyauktaw, Taungok and Thandwe , Rakhine State

Western Commander Maj-Gen Thaung Aye, has issued orders that these towns to be put under surveillance with round-the-clock report.

Rakhine, being one of the top anti-military government states, the security force that was placed in the capital city Sittwe since the 2007 Golden Colour Revolution has never been removed. (08.08.09 Narinjara)

Chauk, Magwe

"Posters were all over the town. They were Aung San Suu Kyi's pictures with 'Release" written underneath. "

"All the police officials were arrested, for being unaware of those posters"

"Every monastery has at least 15 security officials watching. They are also everywhere in town, especially by the gates. Anyone who comes in from Pakoku, Salin is thoroughly searched." (09.08.09 Yoma3)

Pegu'


The A4 leaflets, which read," Our Spirits Live On" and "Remember 06-08-88, Bago's Bloody Day" were scattered all over the town. (05.08.09 Mizzima)

Moulmain, Mudon, Thanbyu Zayat, Ye'

"It is the Rector's order : all the lecturers and tutors must watch the movement of the Uni students. Anyone who has Mon tradional outfit and in groups must be stopped. Any problem which occurs within the University estate would be the responsibility of the staff."

All the local PDC chairs in Mudon were summoned to attend the security meeting , organised by the military .

Extra security forces were positioned at the gate of Moulmein Polytechnic and also along the road to Thanbyu Zayat.

"Travellers ID cards were all checked at the gates of Moulmein and Mudon. Travellers from Ye' to Moulmein faced a toughter security check." (08.08.09 Mon news - imna)

အာဏာရှင်တို့ အကြောက်ဆုံးသော မြို့များ ၁

ရန်ကုန်တိုင်း အင်းစိန် (၆.၈.၀၉ ရိုးမ ၃)

“အင်းစိန်မှာ (၂၂) ရပ်ကွက် ရှိတယ်လေ၊ လုံခြုံရေးတွေကို ရဲတို့၊ (မယက)တို့၊ မီးသတ်တို့ တခြား သတ်ဟဲ့ဖြတ်ဟဲ့ဆိုတဲ့ ထောင်ထဲကထွက်လာတဲ့ လူမိုက်တွေပေါင်းပြီး အင်အား ၂၀၀၀ နီးပါး ရပ်ကွက်အ၀င်အထွက်တွေမှာ အကုန်ချထားတယ်ဗျ”

ရခိုင်ပြည်နယ် စစ်တွေမြို့ ဘူးသီးတောင်၊ ကျောက်တော်၊ တောင်ကုတ်နှင့် သံတွဲ (၇.၈.၀၉ နိရဉ္စရာ)

စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက် အရ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးမှာ အမ်းမှနေ စစ်တွေသို့ ရောက်ရှိနေပြီး အဆိုပါ မြို့များ၏ ဖြစ်ပေါ် ပြောင်းလဲမူများကို ယနေ့ နေ့လည်ပိုင်းမှ စတင်ပြီး သြဂတ်စ်လ ၉ ရက်နေ့ထိ တနာရီ တကြိမ်ကျ သတင်းပေးပို့ရန် ညွှန်ကြားထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်မှာ စစ်အစိုးရအား ဆန့်ကျင် ပုန်ကန်ရာတွင် နာမည်ရ ပြည်နယ် တခု ဖြစ်နေသဖြင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အတွင်းကပင် စစ်တွေမြိ့ရှိ ဘုရားကြီး၊ လောကာနန္ဒာ စေတီနှင့် ဦးဥတ္တမ ပန်းခြံတို့တွင် ချထားသော လုံခြုံရေး တပ်ဖွဲ့များကို ယခုအချိန်ထိ မရုတ်သိမ်းဘဲ ဆက်လက် ချထားလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်း၊ ချောက်မြို့ (၉.၈.၀၉ ရိုးမ ၃)

"အေဖိုးဆိုဒ်အရွယ် စာရွက်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ လွှတ်ပါဆိုပြီး ရေးထားတဲ့ စာရွက်တွေ ကပ်တာ၊ မြို့ပေါ် (၇) ရပ်ကွက်လုံးမှာ ကပ်ထားတာ"

"ဒီလောက်မြို့ပေါ် (၇) ရပ်ကွက်လုံးမှာ စာကပ်တာ မသိရကောင်းလား၊ ဖမ်းမမိရကောင်းလား ဆိုပြီး အမှတ် (၁) ရဲစခန်း အချုပ်ခန်းမှာ ချုပ်ထားတယ်၊ ရဲသားအမည်ကတော့ အောင်နိုင်လို့ သိရတယ်၊ ရဲအုပ်တွေအမည်တော့ မသိဘူး"

"ညကတည်းက ဘုန်းကြီးကျောင်းတွေမှာ လုံခြုံရေး ၁၅ ယောက်စီ ချထားတယ်၊ မြို့ပေါ်မှာလည်း ချထားတာ ထူထပ်တယ်၊ ဆိပ်ဖြူဘက်အထွက်တွေမှာလည်း ဂိတ်တွေ ချထားတယ်၊ ပခုက္ကူ၊ စလင်းဘက်ကလာတယ်ဆိုရင် မှတ်ပုံတင်၊ လိုင်စင်တွေကအစ ဒီနေ့ထိ စစ်နေတုန်းပဲ"

ပဲခူးတိုင်း ပဲခူးမြို့ (၅.၈.၀၉ မဇ္ဈိမသတင်းဌာန)

“၆ ရက်၊ ၈ လ၊ ၈၈။ အောက်မှာ စာပိုဒ် ၂ ပိုဒ်။ အပေါ်ပိုဒ်က ၄ ကြောင်း ရေးထားတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်တွေ မရှိတော့ရင်တောင်မှ ကျွန်ုပ်တို့ရဲ့ ဝိဉာဉ်တွေက ဆက်လက်ရှင်သန်နေမှာပါတဲ့။ နောက်တပိုဒ်က ၆-၈-၈၈ ပဲခူးမြေမှာ အပြစ်မဲ့တဲ့ ကျောင်းသားတွေနဲ့ ပြည်သူတွေ သွေးမြေကျတဲ့နေ့ကို သင်တို့ မေ့ထားနိုင်ပြီလားတဲ့။ အောက်က ၈၈ ဝိဉာဉ်များ ဆိုပြီးတော့ ရေးထားတာ တွေ့တယ်”

A4 အရွယ်အစား စာရွက် ထက်ဝက်ခန့်တွင် '၆ ရက်၊ ၈ လ၊ ၈၈' ခေါင်းစဉ်ဖြင့် စာ ၄ ကြောင်းခန့် ရေးသားထားသည့် စာရွက်များကို မြို့တွင်း ကားလမ်းမများ၊ ဈေးများနှင့် လူစည်ကားရာ နေရာများတွင် မြို့ခံများအနေဖြင့် တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံ ၊ သံဖြူဇရပ် ၊ ရေး (၈.၈.၀၉ ဌာန်ပရိုင်)

“ပါချူပ်ရဲ့ ညွှန်းကြားချက်အရ ဆရာ/မတိုင်း ကျောင်းသား/သူများတွေကို စောင့်ကြည့်ခိုင်းတယ်။ နောက်ပြီး မွန်ဝတ်စုံနဲ့ စုလိုက်ပုံလိုက်သွားလာ နေတဲ့ ကျောင်းသားတွေကိုလည်း ရပ်တန့်သွားအောင် တားဆီးခိုင်းတယ်။ တကယ်လို့ ကျောင်းသားတွေက တစ်ခုခုဖြစ်ရင် ဆရာ/မတို့က တာဝန် ယူရမယ် ”

မုဒုံမြို့နယ်တွင် ကျေးရွားဥက္ကဋ္ဌကိုခေါ်ကာ မြို့နှင့်ကျေးရွာလုံခြုံးရေးအတွက် စစ်တပ်က အစည်းဝေးခေါ်ခဲ့ကြောင်း သိရပါသည်။

မော်လမြိုင်နည်းပညာတက္ကသိုလ်ကျောင်းရှေ့ဂိတ်နှင့် သံဖြူဇရပ်မြို့ လမ်း တလျှောက်တွင် မြန်မာအစိုးရမှ ရဲများပိုမိုအစောင့်ချထားသည်

“မော်လမြိုင်မှ မုဒုံသွားတဲ့ ခရီသည်ပါမကျန် ဂိတ်ရောက်ရင် မှတ်ပုံတင်ပြ ခိုင်းတယ်၊ မှတ်ပုံတင်မပြနိုင်တဲ့ သူတွေက ရဲက မေးနေရောပဲ၊ ဘယ်က နေလာလဲ ဘယ်မှာနေလဲ။ တကယ်လို့ ရေးမှ မော်လမြိုင်သို့ တက်လာ တဲ့ကားဆို ဂိတ်မှာ ပိုပြီးစစ်ဆေးခံရတယ်”်

http://www.narinjara.com/detailsbur.asp?id=2005
http://www.yoma3.org/index.php?option=com_content&view=article&id=328:2009-08-06-04-24-10&catid=41:2008-09-21-07-44-45&Itemid=124
http://www.yoma3.org/index.php?option=com_content&view=article&id=330:2009-08-09-08-10-49&catid=40:2008-09-21-07-44-20&Itemid=70
http://www.mizzimaburmese.com/index.php?option=com_content&view=article&id=3521:2009-08-05-13-21-31&catid=1&Itemid=2

http://www.monnews-imna.com/burmese/newsupdate.php?ID=401

Saturday 8 August 2009

စွမ်းအားရှင် အလိုရှိသည်

နေ့ စဉ်ကြေး ။ ။ သာမာန် လူ တရက် ၃၅၀၀ ကျပ် ၊
ထောင်မှထွက်လာသည့် ရာဇ၀တ်အကျဉ်းသား တရက် ၅၀၀၀ ကျပ်

လုပ်ငန်းနေရာ ။ ။ ပေါက်ကုန်း၊ ပိန္နဲကုန်း၊ ဈေးကုန်း၊ စော်ဘွားကြီးကုန်း စသည့် အင်းစိန်မြို့ နယ် ရှိ ရပ်ကွက် ပေါင်း ၂၂ ရပ်ကွက် အတွင်း နေရာ အနှံ့ အပြား။

တာဝန် ။ ။ ရိုးသား အေးချမ်းစွာ လုပ်ကိုင်စားသောက် နေသည့် ပြည်သူများ ကို မျက်ချေမပြတ် စောင့်ကြည့်ရန်၊ လက်ရှိ အာဏာရှင် စစ်အစိုးရ ကိုဆန့် ကျင်သည့်  မည်သည့် လှုပ်ရှားမှုမျိုးကို မဆို အလျင်မြန်ဆုံး နှင့် အထိရောက်ဆုံး အပြတ် ရှင်းပစ်ရန်၊
မသင်္ကာဖွယ်ရာ လှုပ်ရှားသူ၊ တီးတိုးသတင်းပေးသူ၊ စကားပြောသူများ တွေ့ ပါ က ဓါတ်ပုံ ရိုက်ယူရန်။

ရပိုင်ခွင့်များ ။ ။ ကော်လံကတုံး ရှပ်င်္အင်္ကျီဖြူ၊ ကချင် ပုဆိုး၊ လက်ကိုင်ဖုန်း၊ ကင်မရာ၊ နံပါတ် ဒုတ် များ အခမဲ့ ထုတ်ပေးမည်။
အလုပ်ရှိ သောနေ့ များတွင် ထမင်း ၃ နပ် ကျွေးမည်။

ပို့ ဆောင်ရေး
။ ။ ဒိုင်နာ ကားဖြင့် မိမိ နေထိုင် ရာလမ်းထိပ် တွင် ကြို / ချ ပေးမည်။

သင်တန်းများ။ ။ လက်နက် ကိုင် ရိုက်နှက် ဖမ်းဆီးခြင်း၊ ထိမ်းချုပ်ခြင်း၊ ကားပေါ်ဆွဲ တင် ခြင်း၊ ဓါတ်ပုံ မှတ်တမ်းတင် ခြင်း စသည့်  လိုအပ် သော နည်းပညာ များ ကို အလျင်းသင့်သလို သင်တန်း ပေးသွားမည်။ ပုံ မှန် သင်တန်း အချိန် များမှာ ညဥ့်နက်သန်းခေါင် လူချေတိတ် ချိန် ဖြစ် သည်။

လျောက်လွှာတင်ရန်။ ။ရန်ကုန်တိုင်းအတွင်း မည်သည့် မြို့ နယ်တွင် မဆိုလျောက်ထား နိုင်သည်။ (မယက)၊ ဒုရဲမှူး၊ မြို့နယ်ဦးစီးမှူး၊ (မယက)အတွင်းရေးမှူး၊ (လ၀က)ဦးစီးမှူးနှင့် စည်ပင်အုပ်ချုပ်ရေးမှူးများ ထံသို့  တိုက် ရိုက် လိပ်စာ တပ်ပါ။

လူတွေ့ စစ်ဆေးခြင်း။ ။ လျောက်လွှာတင်သူ အားလုံး ကိုလူတွေ့ စစ်ဆေးမည်။ အကယ် ၍ ယခု တကြိမ်တွင် အရွေးချယ် မခံ ရ ပါ က စောင့်ဆိုင်းသူ (waiting list) စာရင်းတွင် ထဲ့သွင်းပေးထား မည်ဖြစ်ပြီး နောက်နောင် အရေးအခင်းများ ပေါ်ပေါက်သော အခါ ဦးစားပေး ခေါ်ယူသွားမည် ဖြစ်သည်။

လျောက်လွှာပိတ်ရက်။ ။ ရက်အကန့် အသတ် မရှိ။

http://www.yoma3.org/index.php?option=com_content&view=article&id=328:2009-08-06-04-24-10&catid=41:2008-09-21-07-44-45&Itemid=124
http://www.khitpyaing.org/news/june_09/11-6-09e.php

Friday 7 August 2009

Monday 3 August 2009

ကြံ့ ကြံ့ ခိုင်တဲ့ ဇာနည်ဘွား

ပြီးခဲ့တဲ့ စနေ တနင်္ဂနွေ က ကျမ ရဲ့ ထုံးစံအတိုင်း မြန်မာနိုင်ငံ ပြည်တွင်းရေးရာများကို အင်တာနက်ထဲ ရှာဖွေဖတ် ရှုစဉ်မှာ NLD ပါတီဝင်များ ဖမ်းဆီးထိမ်းသိမ်းခံ ရကြောင်း ဆိုဒ်အတော်များများ က သတင်းပေးပို့ ကြတာ ကို သတိထားမိ ပါတယ်။

"ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချမည်ဟု ယနေ့တွင် လျာထားခဲ့ရာမှ ဆူပူအုံကြွမည်ကို စိုးရိမ်ပြီး လက်ဦးမှု ရယူသည့် အနေဖြင့် အနယ်နယ်အရပ်ရပ်မှ အန်အယ်ဒီအဖွဲ့ဝင်အချို့ကို ယမန်နေ့ညက ဖမ်းဆီးခဲ့ရာ စုစုပေါင်း ၃၀ ဦးခန့်ရှိမည်ဟု ခန့်မှန်းရသည်။ " စသည်တို့ ဖြင့် မဇ္ဈိမ၊ DVB ၊ မိုးမခ သတင်းဌာန များက ဆိုထားကြပါတယ်။

ပုံမှန်အားဖြင့်ကတော့ ဒီလို အဖမ်းအဆီးသတင်းမျိုးဖတ် ရရင် မခံချင်စိတ် နဲ့ ဒေါသ ထွက်မိပါတယ်။

ဒီဖမ်းချုပ်ခံရ သူများဟာ ဘာပစ်မှူမှ မကျူးလွန်ပါ ဘူး။ ဒီလိုမတရားသက်သက် လက်နက်စွဲ အနိုင်ကျင့်ပြီး သူရဲဘောကြောင်စွာ အပစ်မကျူးလွန်သူကို ဖမ်းဆီးထောင်ချတဲ့  စစ်အစိုးရ အာဏာပိုင်များ ရဲ့ ရွံရှာစက်ဆုပ် စဖွယ် အပြုအမူများကြောင့်လည်း ကမ္ဘာ့ အလည် မှာ မြန်မာ နိုင်ငံသားအားလုံး မျက်နှာငယ် လူရာမဝင် ဖြစ် ရ ဦးမှာကြောင့် စိတ်ဓါတ် ကျမိ ပါတယ်။

အဖမ်းခံ ရသူများရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ သူတို့ မိသားစုတွေ၊ မိတ်ဆွေတွေ ရဲ့ ပူပင်သောကမှူ များကို တွေးမိ တဲ့အခါ အလွန်တရာ စိတ်ဆင်းရဲ မိပါတယ်။

နိုင်ငံတော် အစိုးရ ရဲ့ ဂုဏ်သိက္ခာ ကိုမထိမ်းသိမ်းနိုင်တဲ့ ၊ မင်းကျင့်မင်းဝတ် နဲ့လျော်ညီစွာ မပြုကျင့်နိုင်တဲ့ လက်ရှိ အာဏာပိုင်များ ရဲ့ ခွေးရူးမီးဝိုင်း မဲမဲမြင် လှမ်းကိုက်တဲ့ လုပ်ဆောင်မှူများကြောင့် တိုင်းပြည်ဟာ နွံတောထဲ ရေတိမ်ထဲ နစ်သထက်နစ်ပြီး မြန်မာဆိုတဲ့ လူမျိုးဟာ မကြာမီ စုန်းစုန်းမြုတ် ပျောက်ပြုန်းတော့မှာ ကိုတွေးတောပြီး စိတ်အထိခိုက် ကြီး ထိခိုက်မိပါတယ်။

ဒီလိုနဲ့ ဖမ်းဆီး သတင်းများကို ဖတ်ရင်း က ထူးခြားချက်တခုကို သတိပြုမိ ပါတယ်။

အဖမ်းခံရ သူ ၃၀ ကျော် ထဲမှာ ရန်ကုန် မှ အချို့ (အမျိုးသမီးများအပါအဝင်)ဖြစ်တာ က လွဲရင် အများစု ဟာ မကွေးတိုင်း က အဖွဲ့ ဝင်များဖြစ် ကြခြင်းပါ ဘဲ။ မကွေး၊ မကွေး လို့ ပါးစပ် က တတွတ်တွတ် ရွတ်ဆို ရင်း မကွေးဆိုတာ ဘာများထူခြားပါလိမ့်လို့ စဉ်းစားရာ က "သြော် ...ညံ့လိုက်လေ မိရွှေမိ ရယ် ..ဒီလောက်တောင် မေ့တတ် ရလား ." ဆိုပြီး ကိုယ့်နဖူး ကိုယ်ပြန်ထု မိပါတယ်။

ကျမငယ်စဉ် မူလတန်း မှာ စာသင်တုန်းက အနှစ်ခြိုက်ဆုံး ကဗျာလေး ရဲ့ အစပိုင်းလောက်မှာ ပေါ့.....

ဖေဖေါ်ဝါရီ ဆယ့်သုံးဟာ
ဗိုလ်ချုပ် မွေးနေ့ ပါ
တထောင့်ကိုးရာ တဆယ့်ငါး
ရှေ့ နေ ဦးဖါ သား

ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စု သား .........


လွတ်လပ်ရေးအတွက် ဗြိတိလျှနယ်ချဲ့ များ နဲ့ ဖက်ဆစ် ဂျပန်များကို တော်လှန် တိုက်ခိုက် ခဲ့ရာ မှာ နိုင်ငံ့ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟာ အကြောက်အလန့်ကင်းမဲ့စွာ ရွပ်ရွပ်ချွံချွံ ဦးဆောင် ခဲ့ပါတယ်။ ဒီလို သိက္ခာ သမာဓိပြည့်စုံတဲ့၊ မြန်မာ အားလုံးက ချစ်ခင်ဂုဏ်ယူရတဲ့ ၊ ကမ္ဘာတလွှမ်းက ကြည်ညို လေးစားရတဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟာ မကွေးတိုင်း နတ်မောက် မြို့ သားဖြစ်ပါ တယ်။

ငယ်စဉ် ကတည်းက စပြီး ယခု အချိန် အထိ ကျမ အင် မတန် နှစ်ချိုက်ခဲ့တာ ကတော့ ကြံ့ကြံ့ ခိုင်တဲ့ ဇာနည်ဘွား ဆိုတဲ့ စာသားကလေးဘဲ ဖြစ်ပါတယ်။

ကြံ့ကြံ့ ခိုင်တယ်ဆိုတာ က တော်ယုံ နဲ့ မပြိုလဲတဲ့၊ ကြမ်းတမ်းတဲ့သဘာဝဘေးဒဏ်များကို အံတုပြီး ရင်ဆိုင်တဲ့ သစ်မာပင်ကြီးလို လူ။ သံမဏိစိတ်ဓါတ် နဲ့ လူ။

ဇာနည်ဘွား ဆိုတာ က အာဇာနည် မလွဲမသွေ ဖြစ်ဖို့ မွေးလာတဲ့သူ။ မျိုးရိုးသန့် ပြန့် တဲ့ မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့၊ မဟုတ်မခံစိတ်ရှီ်တဲ့၊ သူတပါးအကျိုးအတွက် မိမိ အသက်ကိုစွန့် လွှတ်ဖို့ ဆုံးဖြတ် ထားတဲ့ လူ။

ငယ်ငယ်တုံးကတော့ ကြံ့ကြံ့ ခိုင်တဲ့ ဇာနည်ဘွား၊ မိခင် ဒေါ်စု သား ....လို့ အားရပါးရ ဆောင့်ပြီး ဆိုချလိုက်လို့ ရှိရင် ဗို်လ်ချုပ်ရဲ့ တည်ကြည်မြင့်မြတ်တဲ့ ပုံရိပ် ကို တန်းပြီး မြင်ယောင်မိပါတယ်။

မနေ့ က ဖမ်းဆီးတဲ့ သတင်းများကို ဖတ်နေစဉ်မှာတော့ ပုံမှန် နာကြည်းဒေါသထွက် စိတ်သောက ရောက်နေစဉ် အတွင်းမှာ ဘဲ ယခုလို ဗိုလ်ချုပ် ရဲ့ ဇာတိ မကွေးတိုင်း မှအဖွဲ့ ချုပ်ဝင်များ နဲ့ သူတို့ ရဲ့  ကြံ့ကြံ့ ခိုင်တဲ့ ဇာနည်ဘွား စိတ်ဓါတ်များ ကို ဆက်စပ်တွေးခေါ် ကြည့်မိပါတယ်။

ဒီလိုတွေးခေါ် ရင်းနဲ့ ဘဲ အရှေ့ တောင်အာရှမှာ လက်နက် အင်အား အကြီးမားဆုံးကိုင်ဆောင်ထားတဲ့ စစ်အာဏာပိုင် အစိုးရ ဟာ ဘာကြောင့် ယခုလို လက်နဲ့ မဲ့ NLD အဖွဲ့ ဝင်များကို အိမ်မှာ ရိုးရိုး နေရင်း စားရင်း အိပ်ရင်း ကနေ ဖမ်းဆီး ရသလဲ ဆိုတာသဘောပေါက် လာပါတယ်။ လက်နက်ကိုင် မျိုးမစစ် အာဏာပိုင် များဟာ လက်နဲ့မဲ့ အဖွဲ့ ချုပ်ဝင်များ ရဲ့ ကြံ့ကြံ့ ခိုင်တဲ့ ဇာနည်ဘွား စိတ်ဓါတ်များ ကို ဖိန့်ဖိန့်တုန်အောင် ကြောက်လို့ ပါ ဘဲ။

အဖမ်းခံ ရတဲ့စာရင်း ကို စိစစ်ကြည့်လိုက်ရင် မြန်မာနိုင်ငံ အလည်ပိုင်း က မကွေးတိုင်း ဆိုတာ ကမ္ဘာကျော် ဗိုလ်ချုပ်အောင်ဆန်းတယောက်ကိုသာ မွေးထုတ် ခဲ့တာ မဟုတ်ဘဲ ဗိုလ်ချုပ်နည်းတူ ကြံ့ကြံ့ ခိုင်တဲ့၊ ရာပေါင်း ထောင်ပေါင်းများစွာသော ဇာနည်ဘွား များ ကိုလဲ မွေးထုတ်ပေးထားကြောင်း သက်သေထင် ရှုား နေပါ တယ်။

ဒါကြောင့်မို့ လို့ လဲ ကျမရဲ့ စိုးရိမ်စိတ်တွေ ဇဝေဇဝါ ဖြစ်မှုတွေ ဟာ ကြာဖက်ရေတင် သလို လျောကနဲ ပျောက်ကုန်ပြီး ကြည်ညို ဂုဏ်ယူစိတ်များ အစားထိုးဝင်လာ ကာ မကွေးအပါအဝင် ပြည်နယ် နှင့် တိုင်း အားလုံးမှ ဇာနည်ဘွား သူရဲကောင်းများ ရဲ့ အံ့ချီးဖွယ်ရာ သူရသတ္တိ နဲ့  ခေါင်းဆောင်မှု အရည် အချင်းကို လေးစားစွာ ဦးညွှတ် လိုက်ပါတယ်။

ထိုမျှသာမက မျိုးချစ်စိတ်များ ဇာတိသွေး ဇာတိမာန်များ လဲ တဖွားဖွား တက်ကြွလာ ကာ မိန်းမသား မပီသစွာဖြင့် လက်ခမောင်း ကို တဖြောင်းဖြောင်းခတ်ပြီး

"ဟေ့ ...ငါတို့ မြန်မာပြည်မှာ ဧရာဝတီမြစ်ကြီးက ရေ တသွင်သွင်စီးဆင်းနေသရွေ့  အမျိုးကောင်း အမျိုးသန့် မိကောင်းဖခင် များက အမျိုးကောင်း အမျိုးသန့်  အာဇာနည် သားသမီးများ ကို ဆက်လက် မွေးထုတ် နေဦးမှာ ဖြစ်ပြီး ဒီ အာဇာနည် ဘွား သူရဲကောင်းများ ဟာ ဗို်လ်ချုပ်ဦးဆောင်ပြီး နယ်ချဲ့ ဖက်ဆစ် ကို မောင်းထုတ် ခဲ့ သလို ဘဲ လက်ရှိ အာဏာရူး လောဘသား စစ်အာဏာရှင်များကို မောင်းထုတ် တောချောက် ငရဲ အိုးထဲ ဇောက်ထိုးရောက် အောင် မလွဲမသွေ ကန်ကြောက် ကြမယ် ဟေ့"

လို့  ဂုဏ်ယူစွာ ကြွေးကြော် လိုက် ပါတယ်။

ရွှေမိ (ခေါ်) Goldie Shwe


++++++++++++++++++++++++++++++++++++++++++++++++++++++++++


ဇူလိုင် ၃၁ - တရားရုံးချိန်းမတိုင်မီ အဖမ်းခံရသူ ၂၃ ဦး စာရင်းရသည့်အနက်မှ ၂ ဦး ပြန်လွတ်လာဟု ဆို

မိုးမခအထောက်တော် ၀၀၉

ဇူလိုင် ၃၁၊ ၂၀၀၉


ပြည်တွင်းက ပေးပို့သော သတင်းအရ ဒီမိုကရေစီရေးအတွက် ရပ်တည်လှုပ်ရှားသူများ ယမန်နေ့ညက အများအပြား မြန်မာပြည်အနှံ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည်ဟု သိရသည်။ ယမန်နေ့ညက ဖမ်းဆီးထားရာမှ ပြန်လည်လွှတ်ပေးလိုက်သူ ၂ဦးမှာ - မြောက်ဥက္ကလာ မှ ဒေါ်နော်အုန်းလှ နှင့် စမ်းချောင်း မှ ဦးညွှန့်လှိုင် (အောင်လံအမတ်) ဟု ဆိုသည်။ ဆက်လက်ရရှိသော အဖမ်းအဆီးစာရင်းများကို တင်ပြပေးသွားမည်ဟု သတင်းပေးပို့သူက အကြောင်းကြားထားသည်။ ယခုလတ်တလော စာရင်းလက်ခံရသည့် စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်း ခံထားရသူ ၂၁ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။

၎င်းတို့မှာ -

ရေနံချောင်း
၁။ ကိုမြင့်ငွေ

၂။ ကိုတင့်လွင်

၃။ ကိုသန်းအောင်

၎။ အမည်မသိ

အောင်လံ
၅။ ဦးအေးမြင့်

၆။ ဦးမင်းမောင်

တောင်တွင်းကြီး
၇။ ကိုစိုး

၈။ ကိုပါလေး

၉။ ကိုကျော်နိုင်

မြို့သစ်
၁၀။ ဦးသာအောင် (အမတ်)

၁၁။ မဇင်မမထွန်း

၁၂။ ကိုသန်းစိုးမြင့်

ဒဂုံမြို့သစ်
၁၃။ ကိုထိန်ဝင်း

၁၄။ ဒေါ်ခင်ဝင်းကြည်

မင်္ဂလာဒုံ
၁၅။ မခင်မြတ်သူ

ဒေါပုံ
၁၆။ ကိုနေလင်းကျော်

သာကေတ
၁၇။ ကိုနေလင်းစိုး

မင်းဘူး
၁၈။ ဦးသောင်းစိုး-ဥက္ကဌ (မကွေးအမှတ် ၂ ရဲစခန်းမှာချုပ်ထား)

စကု
၁၉။ ကိုနေမျိုးကျော် (မကွေးအမှတ် ၁ ရဲစခန်းမှာချုပ်ထား)

ပွင့်ဖြူ
၂၀။ ကိုအောင်ဝင်း (ပွင့်ဖြူရဲစခန်းမှာချုပ်ထား)

၂၁။ အမည်မသိ (ပွင့်ဖြူရဲစခန်းမှာချုပ်ထား)


http://moemaka.com/index.php?option=com_content&task=view&id=4557&Itemid=1
http://burmese.dvb.no/news.php?id=8083
http://www.mizzimaburmese.com/news/inside-burma/3482-2009-07-31-06-33-41.html
http://www.mizzimaburmese.com/news/inside-burma/3491-2009-07-31-13-59-05.html

 
/* EOT ----------------------------------------- */