Friday 14 November 2008

သတင်းဖြန့် ဝေခြင်း (ဘလော့ဂ် နည်း)

ယခင်ပိုစ့်များတွင် မသမာသူ များ အကြောင်း မည်ကဲ့သို့  ရှာဖွေ စာရင်းပြု မှတ်တမ်းတင်နိုင်ပုံကို ရေးသားခဲ့ပါသည်။ ယခုပိုစ့်တွင် မသမာသူတဦး စီကို ဘလော၈့် နည်းဖြင့် မှတ်တမ်းတင်ခြင်း ကို ရှင်းပြ သွားပါမည်။

မသမာသူတဦးကို ရှာဖွေရွေးချယ်ပါ၊
ဘလောဂ့်အသစ်တခုကိုဖွင့်လိုက်ပါ၊
ထိုမသမာသူ၏ အမည်ကို ဘလောဂ့် နာမည် အဖြစ် ထဲ့သွင်းပါ၊
သတင်းမှတ်တမ်းတင် ဖြန့်ဝေခြင်း (ဥပမာ သာဓက) ပိုစ့် တွင် ဖေါ်ပြထားသည့် ရှင်းလင်းချက်များ အတိုင်းဆောင်ရွက်ပါ၊ (ပိုစ့် ခေါင်းစဉ် ကို တပ်ရန် မလိုအပ်ပါ၊)

သင် ၏ဘလောဂ့် သည် ဖြန့် ဝေရန် ( publish ) အသင့် ဖြစ်ပါ ပြီ။

ဥပမာ ဘလောဂ့် များ

သန်းရွှေ Than Shwe
ဘေဘီ Baby, The Judge
ခင်သက်ဌေး Khin Thet Htay

ဤ ဥပမာ ဘလောဂ့်များကို ကြည့်ပါ။

သန်းရွှေ ဘလောဂ့် မှာ ရေးစရာ အချက်အလက် များပြီး ဓါတ်ပုံ များ ဝေဝေဆာဆာ ထဲ့နိုင် ပါတယ်။ ဒီဘလောဂ့် ရဲ့ လိုအပ်ချက်ကတော့ မြန်မာဘာသာ ရေးသားချက်များဘဲ ဖြစ်ပါတယ်။

ဘေဘီ ဘလောဂ့် မှာတော့ အချက်အလက်များစုဆောင်းရန် လိုနေ ပါသေးတယ်။ ဒါပေမဲ့ အချက်အလက် မစုံလို့  မဖြန့် ဝေသေးဘူးဆို လျင် ဒီ ပုဂ္ဂိုလ် ရဲ့ ယုတ်မာ တဲ့ လုပ်ရပ် ဟာ မေ့မေ့ပျောက် ပျောက် ဖြစ်သွားနိုင် ပါတယ်။ ဒီ ဘေဘီ ဆိုတဲ့ တရားသူကြီး အမည်ခံ သူကို သိရှိ တဲ့ စာဖတ်သူများ အနေဖြင့် လဲ မှတ်ချက် အကွက်ထဲမှာ (comment)
အခြားအချက်အလက်များကို ဖြည့်စွက် ထဲ့ သွင်းနိုင်ပါတယ်။

ခင်သက်ဌေးဘလောဂ့် ဟာလဲ ဘေဘီ ဘလောဂ့် နဲ့  ဆင် ပါတယ်။ ဗိုလ်ချုပ် မြင့်ဆွေ ဟာ နအဖ ထိပ်ပိုင်းခေါင်းဆောင် တဦး ဖြစ်တဲ့ အတွက် ၎င်းတို့  နဲ စပ်ဆိုင် တဲ့ အချက်အလက် များကို ဘလောဂ့်  ရှင် နှင့် စာဖတ်သူများ က မကြာမီ ဖြည့်စွက် သွားနိုင်ပါတယ်။

သတိပြုရန်အချက်များ

လုံခြုံရေးစိတ်ချစေရန် ဘလောဂ် အသစ်တခု ပြုလုပ်တိုင်း email အသစ် တခု ဖွင့်ပါ။
Login name, password နှင့် Blog name များကို စာရင်းသေချာစွာမှတ်ပြီး လုံခြုံသော နေရာတွင် သိမ်းဆည်းပါ။

လေးစားစွာဖြင့်

နေခြည်ဦး

Rest of your post

No comments:

 
/* EOT ----------------------------------------- */