Friday 7 November 2008

သတင်းမှတ်တမ်းတင် ဖြန့်ဝေခြင်း (ဥပမာ သာဓက)

ယခင်ပိုစ့်တွင် မိထ္ထီလာ လေတပ် လူသတ်မှု ကြောင်း ကို သတင်းအချက်အလက် ရှာဖွေစုဆောင်းခြင်း အနေဖြင့် ဥပမာ ပုံစံ ရှင်းပြခဲ့ပါသည်။

ယခုပိုစ့်တွင် ထိုသတင်းကို မှတ်တမ်းတင်ခြင်း နှင့် ဖြန့် ဝေခြင်း များကို ရှင်းလင်းဖေါ်ပြသွားပါမည်။

ပိုစ့်ခေါင်းစဉ်

အမည်ကို ပိုစ့် ခေါင်းစဉ် တွင်ထဲ့သွင်းပါ။

အမည်သက်သက် ကိုသာ ဦးစားပေး သွင်းပါ။ ဦး၊ ဒေါ်၊ Dr ၊ ဗိုလ်ချုပ် စသည့် ဂုဏ်ပုဒ်များကို နောက်မှ ထဲ့သွင်းပါ။ ရာဇဝတ်မှုကျူးလွန်သူများ၊ ယုတ်မာကောက်ကျစ် သူများအား မြန်မာ့ထုံးတမ်းအစဉ်အလာ အရသော်၎င်း၊ နိုင်ငံတကာ ထုံးစံအရသော်၎င်း ဂုဏ်ပုဒ် တပ်၍ ခေါ်လေ့ မရှိပါ။

ပိုစ့်စာသား

ထို ရာဇဝတ်မှုကျူးလွန်သူ၊ ယုတ်မာကောက်ကျစ်သူ၊ မတရားမှုပြုသူ၊ လာဘ်စားသူ စသည်တို့ ၏ နေရပ် လိပ်စာ၊ အလုပ်အကိုင် တို့ ကိုထဲ့ သွင်းပါ။

ထိုသူများကျူးလွန် သည့် ပစ်မှုကို အကျဉ်းချုပ် ရေးသား ဖေါ်ပြပါ။ မိမိ ကူးယူ ကိုးကားသော သတင်းမီိဒီယာ အား ထင်ရှားစွာ ဆက်သွယ် ဖေါ်ပြပေးပါ၊ (လင့်ခ်)

အင်္ဂလိပ် နှင့် အခြားဘာသာ ရပ်များ ရိုက်တတ် ပါက ဘာသာပြန်များ ထဲ့သွင်းပါ။ ဤလူယုတ်မာများအား နိုင်ငံတကာ ဥအဒေများအရ အရေးယူ သောအခါတွင် များစွားအသုံးဝင်ပါ မည်။

ဓါတ်ပုံများရနိုင်လျင် ထဲ့ပေးပါ။

သက်ဆိုင်ရာ နေ့ စွဲ ကို ဖေါ်ပြပါ။

အသင်၏ ပိုစ့်သည် ယခုအခါတွင် ဖြန့်ဝေရန် (publish ) အသင့် ဖြစ်ပါပြီ။

အထက်ပါ ပိုစ့်ကို ဥပမာ အနေဖြင့် ဖေါ်ပြထားပါသည်။

လေးစားစွာဖြင့်

နေခြည်ဦး

No comments:

 
/* EOT ----------------------------------------- */