Wednesday, 24 December 2008

Season's Greetings Everybody...










See you next year... stay alert... :)


Tuesday, 23 December 2008

Army demanding local residents for gas pipeline security persist in Thanbyuzayat township

"Do extortionists realise that one day their roles would revert?"
Karma or Divine Justice in process...

Source: Redmonnya.org
December 23, 2008

HURFOM, Thanbyuzayat: Local Burmese army battalions are forcing villagers in Thanbyuzayat Township to guard the Kanbauk to Myaing Kalay gas pipeline. Residents unable to meet their sentry obligations are being forced to pay fines.

Saw Nay, 45, a resident of Waekhami village, Thanbyuzayat township said Infantry Battalion (IB) No. 62 ordered his village to patrol the gas pipeline for the next five months, starting in early December. “The Commander, Lieutenant Colonel Than Swe, 50, of Burmese Army IB No. 62 from Thanbyuzayat, demanded we guard the pipeline. They set up a timeline [for patrolling periods] of at least the next five months, starting from this month. He [Lt. Col Than Swe] instructed our village headmen to send two villagers every day. Those who are absent have to pay 4,000 kyat to the village headmen as sentence,” he added.

According to a HURFOM reporter in Thanbyuzayat Township, Lieutenant Colonel Than Swe’s order applied to at least eight other villages located along the Kanbauk to Myaing Kalay gas pipeline route. Affected villages include Waekhami, Anin Kyaung Way, Anin, Waewinkara, Sakhan, Taungout, Pain-Nae-Taw, Krein-Padaw and Sakhan Gyi villages.

“They [the village PDC] attached this order signed by Lieutenant Colonel Than Swe on the board in front of Village Peace and Development Council office,” said a resident of one of the affected villages. “A person from each household must provide security for the gas pipeline on a rotating basis, according to the order. The sentry duty will last the next five months, starting in this month.”

The resident added that, though most villagers have finished harvesting the paddy crop their work is not over. The rice seeds still need to be stripped from the paddy and prepared for delivery to market. People do not have the time to provide 24-hour guard for the pipeline, he said. “But who dares to complain about this unpaid job?” he added.

Most villagers seem to be planning to serve their sentry duty. “My duty will come soon. I don’t want to pay 4,000 kyat. That amount of money is enough to feed my family for two days. So, I have to go and guard the pipeline,” said Nai Akyaw, who had that no one in his village has refused to work and paid the fine for fear of ending up on the battalion’s black-list.

One of the villages included in the order, Anin village, has never been required to provide pipeline security detail. One respected community member from the village told HURFOM that he does not understand why the army is demanding villagers provide security because the pipeline is located over 4 kilometers away.

“The pipeline is far from us. The village is far from the pipeline, about 2.5 miles. So, I don’t understand why the Army forced us to guard their pipeline. We have been never forced to work of this pipeline before,” he side.

The other seven affected villages have been required to provide sentries for the pipeline in the past. “Normally every year we are forced to look after this gas pipeline for no pay,” said Nai Akyaw, 35, from another affected village. “Last year in February, we [the entire village] were required by Artillery Battallion No. 318 to take responsibility for the security of the pipeline for four months.

The Kanbauk to Myaing Kalay gas pipeline transports fuel from the Yadana gas fields in the Andaman Sea. The gas in the pipeline is for two cement factories near Pa-an Township. The gas pipeline passes through five townships in Mon State and local people have been repeatedly forced to provide security payments or stand sentry. Most recently, HURFOM reported in the second week of November HURFOM reported that at least four villages in nearby Mudon Township were required to provide similar sentry duty.

Sunday, 21 December 2008

မြန်မာစစ်တပ် အမှိုက်ရှင်းနည်း

တပ်မတော်အရာရှိတဦး (၁၉-၁၂-၂၀၀၈)


ဗျူဟာမှူးနဲ့ အထက်စစ်အာဏာရှင်တွေဟာ ၀ိနည်းလွတ် အမိန့်များ ပေးတတ်ရာ “မင်းတို့ အမှိုက်သရိုက်တွေ ရှင်းပစ်ကြ” ဆိုပြီး အမိန့်ပေးရင်ပဲ လက်အောက်ခံတပ်များက ရွာတွေကို မီးရှို့ ရတဲ့ ထုံးစံ ရှိပါတယ်။ အချို့တပ်ရင်းတွေ အနေနဲ့လည်း အထက်ဌာနတွေကို မိမိအတွက် အမှုမပတ်အောင် လုပ်ကြံသတင်းတင်တဲ့အခါ ရွာတွေမှာ သောင်းကျန်းသူတွေရဲ့  အမာခံ လူတွေရှိလို့ မသင်္ကာတဲ့အတွက် သွားရောက်ရှင်းလင်းရာ ခုခံလို့ မီးရှို့ ဖျက်ဆီးရခြင်း ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

အမှန်တကယ်တော့ အထက်ဌာနတွေကလည်း လက်အောက်မှ တင်ပြချက်ကို မသိကျိုးကျွန်ပြုကာ စုံစမ်းဖော်ထုတ် အရေးယူခြင်း မရှိခဲ့တဲ့ အတွက် အပြစ်မဲ့ ပြည်သူတွေအနေနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်ရ၊ သတ်ဖြတ်ခံရတာမို့ တိုင်းရင်းသားတွေရဲ့  နာကြည်းချက်ဟာ မေ့ပျောက်ဖွယ်ရာ ရှိမှာ မဟုတ်တော့ပါ။

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ က ခလရ (၉၉) ဟာ ၁၉၉၇ ခုနှစ် မတ်လမှာ တပ်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေကို ခေါ်ယူပြီး ရန်သူ့ သတင်း အချက်အလက်တွေကို မေးမြန်းစစ်ဆေးခဲ့ကြပါတယ်။ အဲ့ဒီလို စစ်ဆေးမေးမြန်းခဲ့ရာမှာ ဘာအကြောင်းမှ မထူးလို့ စစ်ဆေးတဲ့ အရာရှိတွေဟာ စိတ်မရှည်တော့ဘဲ ပန်ကျိုင်းရွာမှ ရွာသားတွေကို စတင်ထုရိုက် နှိပ်စက်သတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီပန်ကျိုင်းဆိုတဲ့ ရွာလေးကို ဆက်တိုက်ဆိုသလို ခေါ်ယူစစ်ဆေးသတင်းမေးခဲ့ရာ ပန်ကျိုင်းရွာက လူတွေ တယောက်မှ မရှိတော့ဘဲ တခြား တနေရာကို ထွက်ပြေးတိမ်းရှောင်သွားပြီး ရွာပျက်သလို ဖြစ်သွားခဲ့ပါတယ်။ စစ်တပ်က လုပ်ချင်ရာ လုပ်တော့ သတ်ရင် အသေခံတော့မယ်ဆိုတဲ့ သက်ကြီးရွယ်အိုတွေသာ ကျန်ခဲ့ကြပါတယ်။ နောက်တော့ ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုတွေကိုတောင် မညှာတာဘဲ (တပ်ရေး ဗိုလ်ကြီး) ဗိုလ်ကြီးကျော်သိန်း က ရွာရော၊ လူတွေပါ မီးရှို့ ဖျက်ဆီးခဲ့ကာ သတ်ဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်း ၀မ်ဆင်းမြို့ရှိ ခလရ (၂၈၇) မှာလည်း အောက်ပါဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလရဲ့ ညတညမှာ ၀မ်ဆင်းမြို့ ရှိ ဘုန်းကြီးကျောင်းရှေ့မှာ ဘုရားပွဲကျင်းပနေစဉ် SSA အဖွဲ့တွေဟာ ခလရ (၂၈၇) ဘက်မှ စစ်သားတွေကို အနီးကပ် ပစ်သတ်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ CSM ဒု အရာခံဗိုလ်တဦး၊ တပ်ကြပ်ကြီး စာရေးတဦးနဲ့ ရဲဘော်နှစ်ဦးတို့ သေဆုံးခဲ့ရပါတယ်။ အဲဒီ ဖြစ်စဉ်အပေါ် သက်ဆိုင်ရာ ရွာသားတွေနဲ့ ရွာလူကြီးတွေကို ရန်သူ့သတင်းကို ကြိုတင် မတင်ပြရ ကောင်းလားလို့ဆိုပြီး ခလရ (၂၈၇) ဒု-တပ်ရင်းမှူး ဗိုလ်မှူး ဝေလင်း က ဒေါသူပုန်ထကာ စတင် အရေးယူပါတော့တယ်။

ဖြစ်စဉ်ဖြစ်တဲ့ ညတွင်းချင်းမှာပင် ရွာမှာရှိတဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့ဝင်တွေကို ချက်ချင်း ဖမ်းဆီးထားပြီး နောက်နေ့ နံနက်တွင် ထုရိုက်နှိပ်စက် စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် ဘာသတင်းမှ မရခဲ့တာမို့ တပ်ရင်းအချုပ်ထဲမှာ ထည့်ထားပြီး (၇) ရက် ဆက်တိုက် ရေလောင်း၊ အ၀တ်အုပ်၊ တုတ်နဲ့ရိုက် ထမင်းမကျွေးဘဲ လူမဆန်စွာ နှိပ်စက် ညှဉ်းပန်းခဲ့ပါတယ်။ ရွာသားတွေဟာ ရန်သူ့သတင်း အမှန်တကယ် မသိတာကို ဘယ်လိုမှ မဖြေတတ်လေ၊ ထုရိုက် နှိပ်စက်မှု ပြင်းထန်လာလေဖြစ်နေတာမို့ နောက်ဆုံး သူတို့ကို သတ်လိုက်ဖို့ တောင်းဆိုတဲ့အထိ ဖြစ်လာခဲ့ရပါတယ်။(၇) ရက် ပြည့်တဲ့နေ့မှာပင် ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးဝေလင်းက အမိန့်အရ ဖမ်းဆီးထားတဲ့ အဲဒီ ရွာသား (၁၅) ယောက်ကို မည်သူနဲ့မှ တွေ့ခွင့်မပေးတော့ဘဲ တပ်ရင်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်မြေမှာ သူတို့ ကိုယ်တိုင်ကို ကျင်းတူးခိုင်းပြီးတော့ ရက်စက်စွာ ပစ်သတ်ခဲ့ပါတယ်။ တချို့ကျတော့ မသေမရှင်နဲ့ ဒီအတိုင်းပဲ မြေမြှုပ်လိုက်ကြပါတယ်။

အဲဒီတပ်မှာပင် မုဒိန်းမှု ဖြစ်စဉ် ထပ်မံ ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၀၂ ခုနှစ် ဇန်န၀ါရီလခန့်က ခလရ (၂၈၇) ဌာနချုပ် တပ်ရင်းမှာပင် ဌာနချုပ် တပ်ခွဲမှူး ဗိုလ်မှူးသန်းဇော် ဟာ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လားဟူ စုစည်းရွာလေးတရွာမှ အပျိုချောချောလေးတွေကို အဓမ္မစည်းရုံး သိမ်းသွင်းပြီး အပျော်ကြံ မုဒိန်းကျင့်ကြံပါတယ်။
ဗိုလ်မှူးသန်းဇော်ဟာ အဲဒီ ဧရိယာ နယ်မြေတ၀ိုက်မှာ အကြီးဆုံးအာဏာပိုင် ဖြစ်တာမို့ စားသောက်ဆိုင်တွေမှာ သောက်စားမူးယစ်ပြီး မိန်းမပျိုတွေကို ခေါ်ယူညအိပ် ပေါင်းသင်းခဲ့ပါတယ်။ အချို့ မိန်းမပျိုတွေကိုတော့ ဆန်၊ ဆီ၊ နို့ဆီ အနည်းငယ်လောက်သာ နှစ်သိမ့်ပေးပြီး တချို့ ကိုကျတော့ အာဏာဖြင့် ခြိမ်းခြောက် အနိုင်ကျင့်ခဲ့ပါတယ်။
ဆင်းရဲတဲ့ ရွာက ရွာသားတွေဟာ ပထမတော့ သည်းခံနေကြပေမယ့် မိန်းကလေး တော်တော်များများ အနိုင်ကျင့်ခံလာရတဲ့အခါမှာ မခံရပ်နိုင်တော့ဘဲ အထက် စစ်ဌာနချုပ်တွေကို တိုင်ကြားပါတော့တယ်။ ဒါပေမယ့် အကြောင်းမထူးတာကြောင့် နောက်တော့ ရွာသားတွေဟာ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်ဘိုထံသို့ သွားရောက်တိုင်ကြားခဲ့ပြန်တယ်။ ဒါကြောင့် တိုင်းမှူး ကိုယ်တိုင် ၀မ်ဆင်းသို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။ ဒီလို အဓမ္မပြုကျင့်တာကို လားဟူရွာမှ အပြုခံရသူ အပျိုများကို ခေါ်ပြီး ဟုတ် မဟုတ် စစ်ဆေးခဲ့ရာ ဟုတ်မှန်ကြောင်း ဖော်ထုတ် သိရှိခဲ့ပါတယ်။

ဗိုလ်မှူးသန်းဇော်ဟာ တပ်ရင်းအချုပ်ထဲမှာ တလအချုပ်ခံထားရပြီး အကျဉ်းစစ်တရားရုံးချုပ်က သူ့အား အရပ်ဝတ်လဲခိုင်းလိုက်ပါတယ်။ အဲဒီနောက် ဗိုလ်မှူးသန်းဇော်ဟာ အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုမှာ ၀င်ရောက်နေကြောင်း သိခဲ့ရပါတယ်။ အဲဒီ ဗိုလ်မှူးသန်းဇော်ဟာ အခဲမကျေဘဲ အဲဒီရွာနဲ့ တပ်ရင်းအား မကြာခဏ ခြိမ်းခြောက်သံပေးနေကြောင်းလည်း သိရှိရပါတယ်။

ရှေ့ တန်းစစ်ဆင်ရေး နယ်မြေတွေမှာ စစ်တပ်က ကြီးစိုးနေတာမို့ ဥပဒေမဲ့ လုပ်ချင်ရာ လုပ်နေတာကို တွေ့ရပါတယ်။ ပြည်သူလူထုအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရရုံသာမက မိန်းကလေးတွေအကြမ်းဖက် ခံရတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏဖြစ်ပွားနေတာမို့ ပြည်သူလူထု ထောက်ခံမှုကင်းမဲ့နေပြီး တပ်ရင်းတွေရဲ့ စည်းရုံးရေး ကျဆင်းနေမှုတို့ကို တွေ့ရှိနေရပါတယ်။

မုဒိန်းမှုဖြစ်စဉ်မှာ အတိုင်းအတာတခုထိ အရေးယူမှု ရှိခဲ့သော်လည်း လူသတ်မှု ဖြစ်စဉ်မှာ တိုင်းမှူးအနေနဲ့ အရေးယူမှု မရှိတာကို တွေ့ရလို့ တပ်မတော်ရဲ့  သမိုင်း အမည်းစက်ကြီး တစက် စွန်းထင်းခဲ့တာကို တွေ့ရပါတယ်။ မုဒိန်းမှုအရ အရေးယူလိုက်တဲ့ ဗိုလ်မှူး သန်းဇော်ရဲ့  ပြစ်ဒဏ်မှာလည်း ပေါ့ပါးလွန်းပြီး စစ်ဥပဒေအရပဲ ကြည့်ကြည့်၊ နယ်ဘက် ဥပဒေအရပဲ ကြည့်ကြည့် ထောင်ဒဏ်ကျခံသင့်ပါတယ်။ ဒီနေရာမှာ တိုင်းမှူးဖြစ်တဲ့ ဗိုလ်ချုပ်မောင်ဘိုဟာ လက်အောက်ခံ အရာရှိတွေကို ဥပဒေနဲ့အညီ အရေးယူမှု ပျက်ကွက်တာမို့ ဘက်လိုက်မှုနဲ့ အကာအကွယ်ပေးခဲ့ကြောင်း ပေါ်လွင်ထင်ရှားခဲ့ပါတယ်။

ဗိုလ်ချုပ်မောင်ဘို ကိုယ်နှိုက်က စစ်အာဏာရှင်ပီပီ သူ့ရဲ့ တိုင်းစစ်ဌာနချူပ် လက်အောက်ခံ ၀န်ထမ်းတွေနဲ့ ပြည်သူ လူထုအပေါ် ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းတဲ့လူ ဖြစ်ပါတယ်။ ဒါ့အပြင် အသတ်ခံရတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့  နာကြည်း ချက်တွေကြောင့် ခလရ (၂၈၇) တပ်ဌာနချုပ်ရဲ့  လုံခြုံရေး၊ စည်းရုံးရေးတွေဟာ တော်တော်နှင့် ရရှိနိုင်တော့မှာ မဟုတ်တော့သလို ပြည်သူကြားက ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်ဟာ ပြည်သူနဲ့ တသားတည်း မဖြစ်တော့တာကို ၀မ်းနည်းဖွယ် တွေ့နေရပါတယ်။

အထက်လူကြီးတွေရဲ့  မဟာဗျူဟာအရ ၀မ်ဆင်းရွာလိုမျိုး ရန်သူ့ဧရိယာတ၀ိုက်အတွင်း တပ်ရင်းတွေကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်မှာ နယ်မြေစိုးမိုးရေးနဲ့ ရန်သူ့ ဧရိယာ ကျုံ့သွားစေရေး ဖြစ်တာမို့ ခလရ (၂၈၇) ရဲ့ လုပ်ကိုင်ပုံကြောင့် မဟာဗျူဟာ အထမမြောက် တော့ ကြောင်း တင်ပြလိုက်ရပါတယ်။

ရွာသား (၁၅) ဦးကို အသားလွတ် သတ်ဖြတ်လိုက်တဲ့ လူသတ်မှု ဖြစ်စဉ်အရ ဒု-တပ်ရင်းမှူး ဗိုလ်မှူးဝေလွင်ဟာ SSA ပစ်ခတ်မှုကြောင့် ဘုရားပွဲမှာ သေဆုံးသွားတဲ့ အရာခံ အကြပ်ကြီး ရဲဘော်တွေအတွက် အထက်ဌာနမှ ၎င်းအား အရေးယူခံရမယ့် အရေးမှ လွတ်ကင်းစေဖို့ ရွာသားတွေကို သူပုန်အမာခံလို့ မတရားစွပ်စွဲပြီး သတ်ဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ စစ်အာဏာရှင်တွေနဲ့ တချို့ တပ်တွေဟာ ရွာမီးရှို့ မှု၊ လူသတ်မှုနဲ့ မုဒိန်းမှု စတဲ့ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျ သတ်ဖြတ်မှု ဖြစ်စဉ်များကို ဖြစ်ပွားခဲ့ပေမယ့် နိုင်ငံတကာအဆင့်ထိ ရောက်ဖို့ နေနေသာသာ အောက်ခြေမှာပင် ရင်နာစွာ တိမ်မြုပ် ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်များ ရှိခဲ့ကြောင်း သာဓကများနဲ့ ဖော်ထုတ်တင်ပြ ပေးပို့လိုက်ပါတယ်။



Rest of your post

မတရားသူကြီး အင်းစိန် မြို့နယ်တွဲဘက် တရားသူကြီး ဒေါ်ဘေဘီ

ရွှေဝါရောင် တော်လှန်ရေးကြောင့် ထိမ်းသိမ်းခံနေရသည့် ညီဖြစ်သူထံ ထောင်ဝင်စာလာတွေ့စဉ် နိုင်ငံရေး အကျဉ်းသားများအား ထောင် တွင်း ဆေးကုသခွင့်ပြုရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြတောင်းဆိုထားသည့်စာကို ဖတ်ပြမှုဖြင့် ထောင်၆ လ ချမှတ်လိုက်သည်။ ထောင်၁၉ နှစ် ချမှတ်ခံရသော လှိုင်သာယာ NLD အဖွဲ့ဝင် ကိုသန့်ဇင်မျိုး၏ အကို ကိုသန့်ဇင်ဦးသည် ပြီးခဲ့သော ဇန်န၀ါရီလ ၁၄ ရက်နေ့ က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် ကမ္ဘာ့ကြက်ခြေနီ၊ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ပေးပို့သောစာကို ညီဖြစ်သူကို ထောင်ဝင်စာတွေ့စဉ် ဖတ်ပြ၍ အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

အင်းစိန် အကျဉ်းထောင်မှူးမှ (ထောင်လက်စွဲ ဥပဒေ ပုဒ်မ ၄၂ ) ထောင်တွင်းသို့ ခွင့်မပြုသည့် စာရွက်စာတမ်း ယူဆောင်မှုဖြင့် ပြီးခဲ့သော ဇန်န၀ါရီလ ၃၁ ရက်နေ့က တရားစွဲဆိုပြီး အင်းစိန်မြို့နယ် တရားရုံးမှ ယခုလို ထောင်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်ဟု ကိုသန့်ဇင်ဦး၏ မိတ်ဆွေတဦးက ပြောသည်။ "ဖတ်ပြတဲ့ ၂၂ ရက်နေ့က ထောင်မှူး ကိုယ်တိုင် လာရှင်းတယ် ဘာပြဿနာမှ မရှိဘူး၊ ၃၁ ရက် နေ့ကျမှ လာ ဖမ်းပြီး အာမခံနဲ့ ပြန်လွှတ်ထားတာ ထောင်ဥပဒေ ပုဒ်မ ၄၂ နဲ့လို့ ပြောတယ်"ဟု သူကပြောသည်။သို့သော်လည်း ထောင်ဝင်စာတွေ့ စဉ် ဖတ်ပြရန် ယူဆောင်သွားစဉ် အဆင့်ဆင့် စစ်ဆေးခံပြီးမှ ခွင့်ပြု၍ ထောင်အာဏာပိုင်များရှေ့တွင် ဖတ်ပြခဲ့ခြင်း ဖြစ်သည်။တရားလို သက် သေဖြစ်သည့် ထောင်ဝန်ထမ်း ၄ ဦးမှ တဦး က အဆိုပါ စာရွက်အား ထောင်တွင်းသို့ သယ်ယူရန် ခွင့်ပြုခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ယခုစွဲဆိုထားသော အမှုကို ထိရောက်စွာ အရေးယူရန် ပြည်ထဲရေး ၀န်ကြီးဌာနမှ မှတ်ချက် ရေးသား ပေးပိုထားသည့် စာကို အင်းစိန် မြို့နယ်တွဲဘက် တရားသူကြီး ဒေါ်ဘေဘီက မတ်လ ၂၈ ရက် နေ့တွင် အမှုစစ်ဆေးသည့်အခါ တရားရုံးထဲ၌ မှားယွင်းစွာ ဖတ်ကြားခဲ့ ကြောင်း အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။ယခုအခါ ကိုသန့်ဇင်ဦးအား အင်းစိန် အကျဉ်းထောင်တွင် ချုပ်နှောင်ထား သည်။
source: www.bppu.blogspot.com

Rest of your post

သူ့ အမေ ပစ္စည်းကျနေတာဘဲ ..အမွေခွဲနေလိုက်တာ

၁။ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနှင့် မင်းဆောက်လုပ်ရေးမှ ဦးမင်းနိုင်တို့သည် ၂၂ လမ်းနှင့် ၂၆ လမ်းကြား၊ ကမ်းနားလမ်း နှင့် အောက်ကမ်းနားလမ်းရှိ မြေနေရာအား ဈေးဆောက်လုပ်ရန်အတွက် စာချုပ်ချုပ် ခဲ့ပါသည်။ စာချုပ်အရ ဈေးဆောက်လုပ်ပြီးက ယင်း ဈေးအား M.C.D.C သို့ လွှဲပြောင်းပေးရမည် ဖြစ်ပါသည်။ စာချုပ်အရ ဈေးဆောက်လုပ်ပြီးစီးချိန်တွင် ရောင်းချပြီး ဆိုင်ခန်းများအတွက် အ ခွန်ငွေအား M.C.D.C မှ ကောက်ခံခဲ့ပါသည်။ မင်းဆောက်လုပ်ရေးမှ ၂၂ လမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ဟော်တယ်တစ်လုံး ဆောက် လုပ် ပါသည်။ ဟော်တယ်ဆောက်လုပ်ပြီးပါကလည်း M.C.D.C သို့လွှဲပေးခြင်း (သို့) BOT စနစ် သာဖြစ် ရပါမည်။

၂။ သို့သော် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်သည် ဟော်တယ်ဆောက်လုပ်သည့် မြေအား မင်းဆောက်လုပ်ရေးပိုင် ရှင် ဦးမင်းနိုင်သို့ ဂရန်ထုတ် ပေးလိုက်ပါသည်။ ထိုသို့ဆောင်ရွက်သဖြင့် မြေရော ဟော်တယ်ကိုပါ ဦးမင်းနိုင်မှ လုံးဝ ပိုင်ဆိုင်သွားပါသည်။ M.C.D.C အနေဖြင့် များစွာ နစ်နာဆုံးရှုံးပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် မူလ စာချုပ်ပါ စည်းကမ်းနှင့် မညီသကဲ့သို့ စည်ပင်သာယာ၏ ဥပဒေ လုပ်ထုံးလုပ်နည်း များ နှင့်လည်း လုံးဝကိုက်ညီ မှု မရှိပါ။

၃။ ကော်မတီပိုင်မြေကို ဦးမင်းနိုင်ပိုင် ဂရန်မြေအဖြစ် ထုတ်ပေးလိုက်သဖြင့် ဦးမင်းနိုင်မှ မြို့တော်ဝန် ဗိုလ်မှူး ချုပ် ဖုန်းဇော်ဟန်၏ ဇနီး မိုးသီတာ အမည်ပေါက် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ စိုက်ပျိုးရေး စီ အကွက်၊ ဦးပိုင် အမှတ် ၁၅၄ ( ခ) နေရာတွင်နှစ်ထပ် တိုက်တစ်လုံးအား ဆောက်ပေးရပါသည်။ ထို့အပြင် ချမ်း မြသာစည်မြို့နယ် ၆၄ လမ်းနှင့် သိပ္ပံလမ်းထောင့်အနီးရှိ မြို့တော်ဝန်၏ သမီး ခင်အင်ကြင်း အမည်ပေါက် မြေကွက် (မန်းမြန်မာဆောက်လုပ်ရေး၊ မန်းမြန်မာ ပလာဇာ ဆောက်လုပ်သူ ဦးသန်းဝင်း ပေးထားသော မြေ ကွက်) နေရာတွင်လည်း ဦးမင်းနိုင်မှ ၂ ထပ်တိုက်တစ်လုံး ဆောက်လုပ်ပေးရပါသည်။

၎။ ထိုသို့ ဦးမင်းနိုင်ဆောက်ပေးရသော တိုက် ၂ လုံးအား လမ်းတံတား ဌာနခွဲမှူး ခင်မေဌေးမှ ကြီးကြပ်ပေးရ ပြီး တချို့ပစ္စည်းများအား ခင်မေဌေးမှ ၀ယ်ယူပေးရပါသည်။

၅။ ကိုယ်ကျိုးစီးပွားအတွက် စည်ပင်သာယာပိုင်မြေအား ဥပဒေနှင့်မညီစွာ ( ဥပဒေမဲ့စွာ) ဂရန်ထုတ်ပေးသော မြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန် ၏ လုပ်ရပ်အား နိုင်ငံတော်အကြီးအကဲများ သိရှိစေရေးအတွက် သတင်း ထုတ်လွင့်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
http://drlunswe.blogspot.com/2008/12/blog-post_4799.html

Tuesday, 16 December 2008

Burmese Defense Lawyer Flees to Thailand, Blasts Regime

By SAW YAN NAING
The Irrawaddy News


A young Burmese lawyer sentenced to six months imprisonment for questioning court proceedings against his dissident clients has fled to Thailand after a hazardous journey from Rangoon.

Saw Kyaw Kyaw Min, 29, was one of four defense lawyers convicted of contempt of court after complaining of unfair treatment by the Rangoon court. The other three—Aung Thein, Khin Maung Shein and Nyi Nyi Htwe—are being detained by Burmese authorities.

Saw Kyaw Kyaw Min, who escaped to Thailand some two weeks ago, gave a press conference in the Thai-Burmese border town of Mae Sot on Monday, accusing the Burmese courts of allowing themselves to become tools of the Burmese regime. He had been engaged to represent more than 20 political activists.

In a telephone interview on Monday with The Irrawaddy, Saw Kyaw Kyaw Min said:
“There are no fair trials in Burma. Defense lawyers are denied the right to defend their clients. The Burmese authority is using the courts to pressure political activists by pronouncing long terms of imprisonment.”

By imprisoning young political activists, the Burmese authorities were trying to silence an entire political generation in the run up to the 2010 general election, Saw Kyaw Kyaw Min said.

Among those defended by Saw Kyaw Kyaw Min was the prominent human rights activist Myint Aye, founder of a rights advocacy group known as the Human Rights Defenders and Promoters.

Myint Aye was sentenced to life imprisonment for his alleged involvement in a bomb attack on an office of the junta-backed Union Solidarity and Development Association in Rangoon’s Shwepyithar Township on July 1.

According to the state-run newspaper New Light of Myanmar, Myint Aye funded the bombing, which it said had been carried out by two members of the opposition National League for Democracy, Zaw Zaw Aung and Yan Shwe. Exiled Burmese dissidents based in Mae Sot had also helped fund the attack, the newspaper alleged.

Saw Kyaw Kyaw Min said Myint Aye was innocent and he accused the Burmese authorities of illegally sentencing him.

About 215 political activists, including members of the 88 Generation Students group, Buddhist monks, cyclone relief workers, journalists and bloggers, were given prison sentences of up to 68 years in a series of trials in November. More than 100 were transferred to prisons in remote areas around Burma, according to the Assistance Association for Political Prisoners (Burma).

According to rights groups, more than 2,100 political prisoners are estimated to be still behind bars in Burma.

Sunday, 14 December 2008

Dirty Thirty firms financing Burmese junta - more to the list

Mizzima News
13 December 2008


New Delhi (Mizzima) - The lack of effective sanctions on Burma's military rulers has allowed business firms to invest in the Southeast Asian nation providing millions in revenue to the regime, which faces international condemnation given its appalling human rights record, a campaign group said on Thursday.

Burma Campaign UK, in its new 'Dirty List' of companies which have business operations or links to Burma and provide direct or indirect financial support to the ruling regime, said it found 30 more companies financing the Burmese generals, making up the new list of 170 companies.

Mark Farmaner, Director of the BCUK said the list of companies proves that the international community has not imposed proper sanctions on Burma's military rulers to stop these companies from financing the junta.

According to the BCUK, these companies, which have business operations in Burma or has links, are providing billions of dollars to the military regime, which faces condemnation for its appalling human rights record.

While the European Union and the United States have imposed economic sanctions on Burma's military rulers, the lack of sanctions from other countries including Asian countries and the absence of concrete action by the United Nations has allowed business firms to continue dealing with Burma's rulers and providing the much needed revenue to it, the BCUK said.

"If there were sanctions, from the UN, from Asian countries and from the EU, these companies would not be able to operate in Burma," said Farmaner, adding the international community despite its rhetorical condemnation has seen to "No action".

"… and what you had from the UN is nothing, there are no UN sanctions at all," said Farmaner.

He added that although the UN has accused the Burmese military regime of committing crime against humanity by using slave labour, and for flouting the Geneva Convention by targeting civilians, "the UN has not implemented one single sanction against the regime, not even an arms embargo."

Human rights activists have accused business companies operating in Burma of not only aiding the military regime financially but also accused that their involvement has escalated rights abuses in areas where they operate.

Oil giants Total of France and UNOCAL of the US, which had deals with Burma's military government to explore and develop the Yadana and Yetagun gas fields in Southern Burma, were accused of indirectly being involved in human rights abuses perpetrated by the Burmese Army while guarding the gas pipelines connected to Thailand.

Johny Chatterton, Campaigns Officer at the BCUK, in a press release on Thursday said, "To those that claim investment aids the people of Burma, the evidence shows the opposite is true. As investment has increased, the human rights situation has deteriorated."

Chatterton added that new targeted sanctions against the Burmese regime should be implemented if the international community is serious about cutting the regime's financial lifeline.

Some of the companies that are named in the list include Toyota, Qantas, TOTAL Oil, Orient Express, Kuoni, TUI, Schlumberger, BBC Worldwide, Lonely Planet Daewoo, China National Offshore Oil Corp, and Hutchison Whampoa, owner of 3 Mobile.

The BCUK said the new companies added to the list are the result of new information and an inflow of new investment in Burma's gas and hydroelectricity sector. The list according to the group includes 34 companies in the oil and gas sector, 28 companies in the hydroelectricity sector and 57 companies in the tourism sector.

Farmaner, however, said, the list, which is based on research, fails to include all business firms financing the military regime, and is not a comprehensive list as information from the military-ruled country remains limited and difficult to obtain.

But he said, "These are the ones that we have concrete evidence that their involvement in Burma is directly or indirectly funding the SPDC," referring to the Burmese military regime by its official name – State Peace and Development Council.

Reporting by Solomon, writing by Mungpi

A List of Murderers and Their Supporters

Summary



The State Peace and Development Council or Arr Nar Yuu Myar A Phwet
Myanmar Armed Forces
The Army
The Air Force
Some of Janta's Businesses
Tracking the Tycoons
Tycoon Turf
About U Shwe and U Kyin Pain
Burmese regime figures and supporters
More Burmese regime figures and supports
Burma Dictator Watch
The wedding video records
The Union Solidarity and Development Association (USDA)
Military Intelligence
Police Force
















Rest of your post

အနီးကပ်ဆုံး ရန်သူကို ရှာ၍ တိုက်ခြင်း

အနီးကပ်ဆုံး ရန်သူ = စစ်အစိုးရ နှင့် အပေါင်းပါများအားလုံး

ရှာဖွေခြင်း = အင်တာနက် ၊ လူသတင်းလူခြင်းဆောင်

တိုက်ခိုက်ခြင်း = အင်တာနက် တွင် (ဘလော့ဂ် နည်းဖြင့်) ထပ်ဆင့် သတင်းလွှင့်ခြင်း၊ မှတ်တမ်းတင်ခြင်း

(ဗိုလ်ချုပ်အောင်ဆန်းမှာကြားခဲ့သည့် "အနီးကပ်ဆုံး ရန်သူကို ရှာ၍ တိုက်ခြင်း" ဆိုသောဆောင်ပုဒ်ကို စာရေးသူ၏ အမြင်ဖြင့် ဖေါ်ပြထားပါသည်)


အနီးကပ်ဆုံး ရန်သူများစာရင်း

နအဖ SPDC အာဏာရူးများအဖွဲ့ 
စစ်စီးပွားရေး
ဦးရွှေနှင့် ဦးကျင်ပိန်းတို့  အကြောင်း
မင်္ဂလာဆောင်ဗီိဒီယိုမှတ်တမ်းများ
ကြံ့ဖွတ်
အသားမှထွက်သည့် လောက်ကောင်များ
ဗိုလ်ချုပ်ကြီးများ နှင့် ၄င်းတို့ ၏ မိသားစုများ
သူကြွယ်များမှတ်တမ်း
သူကြွယ်ကြီးများ
တပ်မတော်
ကြည်း
လေ
ရေ
ရဲတပ်ဖွဲ့ 
စစ်အစိုးရ နှင့် အပေါင်းပါများစာရင်း
စစ်အစိုးရ နှင့် အပေါင်းပါများစာရင်း (နောက်ဆက်တွဲ)













Tuesday, 9 December 2008

အာဏာရူးတဲ့ ကြံ့ဖွတ်အတွင်းရေးမှူး ငအောင်သောင်း




ဗိုလ်ထက်မင်း (၈ ဒီဇင်ဘာ ၂၀၀၈)
http://www.khitpyaing.org/articles/December_08/08-12-08a2.php

Aung Thaung is a strategic and influential player of the USDA




ယနေ့ကမ္ဘာ့နိုင်ငံတွေမှာ စက်မှုကဏ္ဍဟာ အတိုးတက် အမြင့်မားဆုံး ခေတ်ကို ရောက်ရှိနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံက စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံတွေကတော့ စက်စွမ်းအား (၇ဝ) ရာခိုင်နှုန်းအထိ ကျဆင်းနေလို့ (၁၁၅) ရာခိုင်နှုန်း ကုန်ထုတ်လုပ်မှု ကို မရနိုင်မှန်း သိလျက်နဲ့ ဝန်ကြီးက မျက်စိမှိတ်ပြီး ထုတ်လုပ် သည့် ကုန်ပစ္စည်းတန်ဖိုးအား အရေအတွက် တိုးတက်မှုဖြင့် ပြရမယ့်အစား ပစ္စည်းဈေးနှုန်းကို အဆမတန်မြှင့်ပြီး ကိန်းဂဏန်း စာရင်းဇယားတွေကို လိမ်လည်ပြသခိုင်း နေတာတွေကြောင့် မြန်မာပြည်ရဲ့ လူ့စွမ်းအား အရင်းအမြစ် တိုးတက်မှု အမှန်မရှိတာ တွေ့ရပါတယ်။

စက်မှု (၁) နဲ့ အကျိုးတူ စီးပွားရေးလုပ်နေတဲ့ ကျော်သာ၊ ရတနာသိင်္ဂီ၊ လွယ်ဟိန်း၊ ရွှေသံလွင်၊ မားသား ထရေးဒင်းစတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံခြားက ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းခွင့် လိုင်စင်အား သီးခြား မရရှိနိုင်လို့ စက်မှု (၁) ဝန်ကြီးနဲ့ ပူးပေါင်းပြီး ကိုယ်ကျိုး စီးပွား ရှာကြပါတယ်။ စက်မှု (၁) ကို အကြောင်းပြကာ ကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းနေကြပေမယ့် တကယ်တမ်းမှာတော့ အရည်အသွေး မြင့် ကုန်ကြမ်းပစ္စည်းကို ရောင်းစားပြီး ပြည်တွင်းဖြစ် ခပ်ညံ့ညံ့ ကုန်ကြမ်းပစ္စည်းတွေကို အစားထိုးသုံးခြင်းနဲ့ ရောနှောသုံးခြင်းတွေ ပြုလုပ်ကြပါတယ်။

အဲဒီလို ၀န်ကြီးနဲ့ သူ့တပည့် ၀န်ထမ်းတွေဟာ ကုန်သည်များနဲ့ ပေါင်းပြီး မသမာမှုလုပ်နေတာတွေကြောင့် စက်မှု (၁) ကထုတ်နေတဲ့ ကုန် ပစ္စည်းတွေရဲ့  အရည်အသွေးတွေဟာ ညံ့ဖျင်း ကျဆင်းနေကာ အရှုံးပေါ်နေတာကို တွေ့မြင်နေကြရပါတယ်။ ဒါ့အပြင် မသမာမှုတွေအမျိုး မျိုးနဲ့ အစွမ်းကုန် ကိုယ်ကျိုးစီးပွားရှာတဲ့ စက်ရုံမှူး အများစုကြောင့် စက်ရုံတွေဟာ အရှုံးပေါ်ပြီး နာလန်မထူနိုင်အောင် ဖြစ်နေရပါ တယ်။

“င” လေးလုံးကိုရှောင်ဆိုတဲ့ ဗိုလ်သန်းရွှေရဲ့  ဆောင်ပုဒ်ကို လိုက်နာရမယ့်အစား “င” လေးလုံးကို ဆောင်ပြီးတော့ ငါ့အတွက်၊ ငါ့မိန်းမ အတွက် ငါ့သားသမီးအတွက် ငါ့ဆွေမျိုးအတွက် မရှက်မကြောက် ပေါ်ပေါ်ထင်ထင် အစွမ်းကုန် လုပ်ဆောင်နေတဲ့ ဦးအောင်သောင်းလို အာဏာရူးအား ဗိုလ်သန်းရွှေက ဘာကြောင့် အရေးမယူသလဲ ဆိုတာ မေးစရာရှိနေပါတယ်။

သူ့ရဲ့ အမျိုးကောင်းစားရေးမူဝါဒနဲ့ တကယ့်ပညာရှင်တွေကို လုပ်ပိုင်ခွင့်မပေးဘဲ ဘေးဖယ် ချောင်ထိုးထားတဲ့ သိမ်ဖျင်းတဲ့ လုပ်ရပ်တွေ ကြောင့်လည်း စက်မူ (၁) ရဲ့  လုပ်ငန်းတွေဟာ အခုလို ဆုံးရှုံးရတာလို့လည်း ၀န်ထမ်းတွေက ထင်မြင်ချက် ပေးပြန်ပါတယ်။ ဦးအောင်သောင်းအနေနဲ့ အရှက်ရှိတယ်ဆိုရင် သိက္ခာရှိရှိ ရာထူးက နုတ်ထွက်ဖို့ သင့်ပေမယ့် နောင်လာမယ့် အစိုးရအဖွဲ့ထဲမှာ ဆက် လက် ခြယ်လှယ်နိုင်အောင် အစွမ်းကုန် ကြိုးစားနေတဲ့အထိ အာဏာကို မတန်မရာ ယစ်မူးနေဆဲ ဖြစ်နေပါတယ်။

စက်မှု (၁) လက်အောက်ခံ သာပေါင်းစက္ကူစက်ရုံကြီးဟာ ကြီးမားတဲ့စက်ရုံကြီးဖြစ်ပြီး ကြိတ်ဝါးမှု စွမ်းအား မြင့်မားလို့ နွေရာသီမှာ နေ့ စဉ်ဝါး တွေကို ကားအစီးပေါင်း (၆ဝ) မှ (၁ဝဝ) အထိ သယ်ယူဖို့ လိုအပ်ပေမယ့် ကားများနဲ့ စက်သုံးဆီများ မရှိဘဲ အခက်အခဲ ကြုံတွေ့ နေကြောင်း သိရပါတယ်။ မူလကတည်းက ကုန်ကြမ်းသယ် ဖို့ ဘတ်ဂျတ်မှာ ထည့်မဆွဲတာလား၊ ထည့်ဆွဲလျက်သားနဲ့ ငွေတွေ ပျောက် သွားတာလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်၊၊

အဲဒီစီမံကိန်းမှာ ပူးပေါင်းလုပ်နေတဲ့ တရုတ်ကုမ္ပဏီကို ဝန်ကြီးက လာဘ်လာဘအဖြစ် နအဖဥက္ကဋ္ဌကို ဖားရန် ရဟတ်ယာဉ်တစင်း၊ သူ့အ တွက် တစင်း တောင်းခံခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည်ရဲ့ ပညာရေးအတွက်ကိုတော့ စက်မှု (၁) ကထုတ်တဲ့ ခပ်ညံ့ညံ့ ဗလာစာအုပ်တွေကိုတောင် အလုံအလောက် ထုတ်မပေး နိုင်တာ ပြည်သူတွေ အားလုံးသိကြပါတယ်။ သာပေါင်းစက္ကူစက်ရုံကြီးဟာ လာဘ်စားမှု၊ အဂတိလိုက်စားမှု ရှိနေကြောင်း စက်မှု (၁) ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်ကျော်ဝင်းက သတင်းပို့လိုက်လို့ ဗိုလ်ချုပ်ခင်ညွှန့်က သိရှိရာမှ အသေးစိတ် စစ်ဆေးမှုပြုလုပ်နေစဉ် ဦးအောင်သောင်းဟာ ၎င်းရဲ့သားတော်မောင် ဗိုလ်ပြည်အောင်ကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မောင်အေးရဲ့ တစ်ဦးတည်းသော မွေးစားသမီးနန္ဒာအေးနဲ့ လက်ဆက်စေပြီး ထိုးကျွေးကာ အကာအကွယ်ယူခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ နှိပ်ကွပ်မဲ့ အန္တရာယ်ကို စိုးရိမ်ပြီး စက်မှု (၁) လက်အောက်ခံ စစ်ကိုင်းချည်မျှင်နဲ့အထည်စက်ရုံမှူးအား အထူး တာဝန်ပေးကာ ဗိုလ်သန်းရွှေမိသားစုရဲ့ မီးဖိုချောင်ကိစ္စကို တာဝန်ယူ လုပ်ကိုင်စေခဲ့ပါတယ်။ နောက်ဆုံးအိမ်တော်ကြီးဟာ ဦးအောင် သောင်း ချက်ပြုတ်စီမံမှ စားရတဲ့ဘဝ ရောက်ရှိခဲ့ပါတယ်။ ဗိုလ်ခင်ညွန့်ကို ဖြုတ်ချရာမှာလည်းကောင်း၊ သူ့ရဲ့  ဆရာ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ထွန်းကြည်ကို ဖြုတ်ချရာမှာလည်းကောင်း၊ ဒီပဲယင်း အရေးအခင်းဖြစ်အောင် အကောင်အထည်ဖော်ရာမှာ လည်းကောင်း၊ ဦးအောင် သောင်းဟာ အဓိက အခန်းမှ တက်ကြွစွာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ ဂျုံလုပ်ငန်း စက်ရုံမှူးဟာ ဆီချေးစော် နံနေတဲ့ စက်ရုံထုတ်ခေါက်ဆွဲတွေနဲ့ မုန့်တွေရောင်း မ ကောင်းလို့ အရှုံးပေါ်မှာ စိုးရိမ်ပြီး ဂျုံကုန်ကြမ်းတွေကို နှစ်စကတည်းက ဝယ်ယူထားကာ ထုတ်လုပ်မှုနည်းစဉ်အတိုင်း ကုန်ချောကို မ ထုတ်လုပ်တော့ဘဲ ကုန်ကြမ်းကိုသာ နှစ်ကုန်မှာ ဈေးတက်လို့ အမြတ်ရရှိဖို့ ရောင်းစားခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှု ဖြစ်ပြီး ဝန်ကြီးအနေနဲ့ ပုဂ္ဂလိက အကျိုးတူ ကုမ္ပဏီများနဲ့ လာဘ်စားထားတာပေါ်မှာ စိုးရိမ်ကာ စက်ရုံမှူးကို ပင်စင်တောင်မပေးဘဲ ရာထူးက ဖြုတ်ပစ်ခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်သောင်းရ့ စီးပွားရေးသောင်းကျန်းမှုဟာ သူတဦးတည်းမဟုတ်ဘဲ သူ့ရဲ့သား ကိုနေအောင် ဦးစီးတဲ့ အောင်ရီဖြိုး ကုမ္ပဏီ ဟာလည်း ပြဿနာဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။သူ့ရဲ့ ဖခင် အရှိန်အဝါကို သုံးပြီး Export/ Import ဆန်တွေကို လုပ်ကိုင် နေစဉ် မသမာမှု ရှိနေကြောင်း သတင်းရလို့ အထူးရဲက ဖမ်းဆီးစစ်ဆေး ရာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနဲ့ ထိပ်တိုက်တွေ့ကာ တိုးတိုးတိတ်တိတ် ကြိတ်ပြီး ဖြေရှင်းလိုက်ရ ကြောင်း သိရှိရပါတယ်။

ဝန်ကြီးဦးအောင်သောင်းဟာ ရန်ကုန်မြို့ ရန်ကင်းမှာရှိတဲ့ ကျောင်းကြီးကျောင်းတိုက်မှာ ကျောင်းဒကာအဖြစ် ဆည်းကပ်ကိုးကွယ်နေပြီး စက်မှု (၁) ရဲ့ အလှူပွဲတွေကို အဲဒီ ဘုန်းကြီးကျောင်းမှာ နှစ်စဉ် ကျင်းပခဲ့ပါတယ်။ နအဖရဲ့ နိုင်ငံတော်ကာကွယ်ရေး မဟာဗျူဟာအရ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းရာမှာ ဦးအောင်သောင်းဟာ အဓိကပါဝင် လှုပ်ရှားခဲ့ပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ ကိုအေးလွင် ဦးစီးတဲ့ (၈၈) မျိုး ဆက်စင်ပြိုင်ကျောင်းသားအဖွဲ့၊ ဒေါက်တာစိုးလင်း၊ ဦးတင်ထွန်းမောင်၊ ဦးကြည်ဝင်းတို့ ပါဝင်တဲ့ စင်ပြိုင် အန်အယ် လ် ဒီအဖွဲ့၊ စင်ပြိုင်အမျိုးသားရေးအဖွဲ့ စတာတွေကို စုစည်းစေကာ ဖျက်မြင်းအသွင် အတိုက်အခံများအား တန်ပြန်တဲ့ အစီအမံများအား ကြပ်မတ် ဆောင်ရွက်ခဲ့တာဟာ ဦးအောင်သောင်းရဲ့ လက်ချက်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါတယ်။

ဒါ့အပြင် ဦးအောင်သောင်းဟာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားတဲ့အခါမှာလည်း ရဟန်းသံဃာတွေရဲ့  ကြီးမားတဲ့စွမ်းအားကြောင့် ကြံ့ဖွံ့ တွေ မနိုင်မနင်းဖြစ်နေလို့  ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ စက်မှု (၁) ဝန်ကြီးရုံးအဟောင်းမှာ စက်မှု (၁) ရွှေတောင် စက်ရုံ ၀န်ထမ်း များအား အမာခံထားကာ ဝန်ထမ်းတွေကို အသင့်ပြင်၊ စုဖွဲ့နေခိုင်းပြီး လိုအပ်လာရင် ကြ့ဖွံ့တွေနဲ့ ရောနှောကာ စွမ်းအားရှင် အမည် ခံ၍ ချေမှုန်းနိုင်ရေး စီစဉ်ခဲ့သူဖြစ်ပါတယ်။

ဦးအောင်သောင်းဟာ ကြံ့ဖွံ့အတွင်းရေးမှူးပီပီ နောင်ပေါ်လာမယ့် အစိုးရအဖွဲ့အသစ်မှာ နေရာရရှိဖို့အတွက် မီးကုန်ယမ်းကုန် အစွမ်းပြကာ သောင်းကျန်းနေသူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာ ပြည်သူလူထုက တခဲနက် ထောက်ခံမှု ရရှိနေ တဲ့အပေါ်မှာလည်း မနာလို မရှုစိမ့်ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပအားကိုးသူအဖြစ် စွပ်စွဲကာ နောင်ဖွဲ့မယ့် အစိုးရအသစ်မှာ မထိုက်တန်ကြောင်း ဝန်ထမ်းတွေနဲ့ ကြံ့ဖွံ့တွေကို အစည်းအဝေးတိုင်းမှာ မကြာခဏ တိုက်ခိုက် ပြောကြားနေတယ်လို့ သိရပါတယ်။

ဝန်ကြီး ဦးအောင်သောင်းဟာ ဘုရားသားရဟန်းသံဃာတွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲမှာတော့ အကြပ်ရိုက်ခဲ့ပါတယ်။ မန္တလေးနဲ့ကျောက်ပန်းတောင်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အပြေးအလွှား သွားရောက်ပြီး ဆွမ်းကပ်လှူခဲ့၊ စည်းရုံးခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ဘဲ မရှုမလှ ဆုတ်ခွာခဲ့ရပါတယ်။ ပြည်သူလူထုဟာ ရပ်ကွက်အတွင်းရှိ ကြံ့ဖွံ့ခေါင်းဆောင်များကို အင်တာနက်တွင် နာမည် နှင့်တကွ ချေမှုန်းဖို့ ဖော်ပြခဲ့သလို ကြံ့ဖွံ့ခေါင်းဆောင်ဖြစ်တဲ့ ငပွကြီး မောင်အောင်သောင်း အကြောင်းကိုလည်း ဆက်လက်ဖော်ပြပေးလိုက်ရပါတယ်။

လောက်ကောင်စာရင်းများ




 
/* EOT ----------------------------------------- */