Friday 14 November 2008

သတင်းဖြန့် ဝေခြင်း (ဘလော့ဂ် နည်း)

ယခင်ပိုစ့်များတွင် မသမာသူ များ အကြောင်း မည်ကဲ့သို့  ရှာဖွေ စာရင်းပြု မှတ်တမ်းတင်နိုင်ပုံကို ရေးသားခဲ့ပါသည်။ ယခုပိုစ့်တွင် မသမာသူတဦး စီကို ဘလော၈့် နည်းဖြင့် မှတ်တမ်းတင်ခြင်း ကို ရှင်းပြ သွားပါမည်။

မသမာသူတဦးကို ရှာဖွေရွေးချယ်ပါ၊
ဘလောဂ့်အသစ်တခုကိုဖွင့်လိုက်ပါ၊
ထိုမသမာသူ၏ အမည်ကို ဘလောဂ့် နာမည် အဖြစ် ထဲ့သွင်းပါ၊
သတင်းမှတ်တမ်းတင် ဖြန့်ဝေခြင်း (ဥပမာ သာဓက) ပိုစ့် တွင် ဖေါ်ပြထားသည့် ရှင်းလင်းချက်များ အတိုင်းဆောင်ရွက်ပါ၊ (ပိုစ့် ခေါင်းစဉ် ကို တပ်ရန် မလိုအပ်ပါ၊)

သင် ၏ဘလောဂ့် သည် ဖြန့် ဝေရန် ( publish ) အသင့် ဖြစ်ပါ ပြီ။

ဥပမာ ဘလောဂ့် များ

သန်းရွှေ Than Shwe
ဘေဘီ Baby, The Judge
ခင်သက်ဌေး Khin Thet Htay

ဤ ဥပမာ ဘလောဂ့်များကို ကြည့်ပါ။

သန်းရွှေ ဘလောဂ့် မှာ ရေးစရာ အချက်အလက် များပြီး ဓါတ်ပုံ များ ဝေဝေဆာဆာ ထဲ့နိုင် ပါတယ်။ ဒီဘလောဂ့် ရဲ့ လိုအပ်ချက်ကတော့ မြန်မာဘာသာ ရေးသားချက်များဘဲ ဖြစ်ပါတယ်။

ဘေဘီ ဘလောဂ့် မှာတော့ အချက်အလက်များစုဆောင်းရန် လိုနေ ပါသေးတယ်။ ဒါပေမဲ့ အချက်အလက် မစုံလို့  မဖြန့် ဝေသေးဘူးဆို လျင် ဒီ ပုဂ္ဂိုလ် ရဲ့ ယုတ်မာ တဲ့ လုပ်ရပ် ဟာ မေ့မေ့ပျောက် ပျောက် ဖြစ်သွားနိုင် ပါတယ်။ ဒီ ဘေဘီ ဆိုတဲ့ တရားသူကြီး အမည်ခံ သူကို သိရှိ တဲ့ စာဖတ်သူများ အနေဖြင့် လဲ မှတ်ချက် အကွက်ထဲမှာ (comment)
အခြားအချက်အလက်များကို ဖြည့်စွက် ထဲ့ သွင်းနိုင်ပါတယ်။

ခင်သက်ဌေးဘလောဂ့် ဟာလဲ ဘေဘီ ဘလောဂ့် နဲ့  ဆင် ပါတယ်။ ဗိုလ်ချုပ် မြင့်ဆွေ ဟာ နအဖ ထိပ်ပိုင်းခေါင်းဆောင် တဦး ဖြစ်တဲ့ အတွက် ၎င်းတို့  နဲ စပ်ဆိုင် တဲ့ အချက်အလက် များကို ဘလောဂ့်  ရှင် နှင့် စာဖတ်သူများ က မကြာမီ ဖြည့်စွက် သွားနိုင်ပါတယ်။

သတိပြုရန်အချက်များ

လုံခြုံရေးစိတ်ချစေရန် ဘလောဂ် အသစ်တခု ပြုလုပ်တိုင်း email အသစ် တခု ဖွင့်ပါ။
Login name, password နှင့် Blog name များကို စာရင်းသေချာစွာမှတ်ပြီး လုံခြုံသော နေရာတွင် သိမ်းဆည်းပါ။

လေးစားစွာဖြင့်

နေခြည်ဦး

Rest of your post

Friday 7 November 2008

အောင်တေဇာ၊ ဗိုလ်ကြီး၊ မိထ္ထီလာလေတပ် Aung Tayza, Captain, Meiktila Air Base

အောင်တေဇာ၊ ဗိုလ်ကြီး၊
မြေပြင်အတတ်သင် လေတပ်စခန်း (လမတ)
မိထ္ထီလာလေတပ်
မန္တလေးတိုင်း

၎င်းသည် အသက် ၁၉နှစ် အရွယ် ဆယ်တန်းကျောင်းသား ကလေးအား ၆ လက္မ ဓါးမြှောင်ဖြင့် နိုဝင်ဘာ ၂ ရက် ၂၀၀၈ က ထိုးသတ် ခဲ့ပါသည်။ ထို ကလေး၏ အလောင်းအား ၎င်း၏ မိန်းမ ဆရာဝန်ဖြစ်သူ အလုပ်လုပ်ကိုင် သော မိထ္ထီလာ စစ်ဆေးရုံသို့  သယ်ပို့ ခဲ့ပါသည်။ နောက်တနေ့  နိုဝင်ဘာ ၃ ရက်နေ့  တွင် ကလေးအလောင်းအား ဝေးလံခေါင်ဖျားသော လက်ပခေါင်းသုဿန်သို့  ပို့ ဆောင်လိုက်ပါသည်။ ၎င်းသည် ကလေးမိဘများအား လျော်ကြေးငွေ ၁၅ သိန်း ပေးခဲ့သည်။

http://burmese.dvb.no/news.php?id=6038


Aung Tayza, Captain
Air Base's Ground Crew Training School
Meiktila Air Base

He made an unprovoked attack on a 19 year old grade 10 student and stabbed him to death on 2nd November 2008 near the Meiktila Air Base. He then immediately took the body to the mortuary at Meikhtila military hospital where his doctor wife was on duty, and sent it to the faraway cemetery in Latphakhaung district for burial on the following afternoon.

The murdured boy's family was reportedly offered 1.5m Kyat by Aung Tayzar as compensation.

http://english.dvb.no/news.php?id=1911

သတင်းမှတ်တမ်းတင် ဖြန့်ဝေခြင်း (ဥပမာ သာဓက)

ယခင်ပိုစ့်တွင် မိထ္ထီလာ လေတပ် လူသတ်မှု ကြောင်း ကို သတင်းအချက်အလက် ရှာဖွေစုဆောင်းခြင်း အနေဖြင့် ဥပမာ ပုံစံ ရှင်းပြခဲ့ပါသည်။

ယခုပိုစ့်တွင် ထိုသတင်းကို မှတ်တမ်းတင်ခြင်း နှင့် ဖြန့် ဝေခြင်း များကို ရှင်းလင်းဖေါ်ပြသွားပါမည်။

ပိုစ့်ခေါင်းစဉ်

အမည်ကို ပိုစ့် ခေါင်းစဉ် တွင်ထဲ့သွင်းပါ။

အမည်သက်သက် ကိုသာ ဦးစားပေး သွင်းပါ။ ဦး၊ ဒေါ်၊ Dr ၊ ဗိုလ်ချုပ် စသည့် ဂုဏ်ပုဒ်များကို နောက်မှ ထဲ့သွင်းပါ။ ရာဇဝတ်မှုကျူးလွန်သူများ၊ ယုတ်မာကောက်ကျစ် သူများအား မြန်မာ့ထုံးတမ်းအစဉ်အလာ အရသော်၎င်း၊ နိုင်ငံတကာ ထုံးစံအရသော်၎င်း ဂုဏ်ပုဒ် တပ်၍ ခေါ်လေ့ မရှိပါ။

ပိုစ့်စာသား

ထို ရာဇဝတ်မှုကျူးလွန်သူ၊ ယုတ်မာကောက်ကျစ်သူ၊ မတရားမှုပြုသူ၊ လာဘ်စားသူ စသည်တို့ ၏ နေရပ် လိပ်စာ၊ အလုပ်အကိုင် တို့ ကိုထဲ့ သွင်းပါ။

ထိုသူများကျူးလွန် သည့် ပစ်မှုကို အကျဉ်းချုပ် ရေးသား ဖေါ်ပြပါ။ မိမိ ကူးယူ ကိုးကားသော သတင်းမီိဒီယာ အား ထင်ရှားစွာ ဆက်သွယ် ဖေါ်ပြပေးပါ၊ (လင့်ခ်)

အင်္ဂလိပ် နှင့် အခြားဘာသာ ရပ်များ ရိုက်တတ် ပါက ဘာသာပြန်များ ထဲ့သွင်းပါ။ ဤလူယုတ်မာများအား နိုင်ငံတကာ ဥအဒေများအရ အရေးယူ သောအခါတွင် များစွားအသုံးဝင်ပါ မည်။

ဓါတ်ပုံများရနိုင်လျင် ထဲ့ပေးပါ။

သက်ဆိုင်ရာ နေ့ စွဲ ကို ဖေါ်ပြပါ။

အသင်၏ ပိုစ့်သည် ယခုအခါတွင် ဖြန့်ဝေရန် (publish ) အသင့် ဖြစ်ပါပြီ။

အထက်ပါ ပိုစ့်ကို ဥပမာ အနေဖြင့် ဖေါ်ပြထားပါသည်။

လေးစားစွာဖြင့်

နေခြည်ဦး

အချက်အလက်ရှာဖွေစုဆောင်းခြင်း (ဥပမာ သာဓက)

ဤပိုစ့်တွင် အချက်အလက်ရှာဖွေစုဆောင်းခြင်း ကို ဥပမာ အနေဖြင့် ဖေါ်ပြသွားပါမည်။

ယခင်ပိုစ့်တွင် ဆက်စပ် (လင့်ခ်) တင်ပြခဲ့သည့် http://burmese.dvb.no/news.php?id=6038 သတင်း ကိုပြန်လည်ဆန်းစစ်ပါ။ ထိုသတင်းတွင် မိထ္ထီလာ အခြေစိုက် လေတပ် ဗိုလ်တဦးက ၁၉ နှစ် အရွယ် ဆယ်တန်းကျောင်းသား ကလေးအား ဓါးဖြင့်ထိုးသတ်ကြောင်း၊ အလောင်းကို ဝေးလံသောနေရာတွင် မြှုပ်နှံကြောင်း၊ မိသားစုအား ငွေ၁၅သိန်း လျော်ကြေးပေးကြောင်း များ ဖေါ်ပြထားပါသည်။

လူသတ်မှုကိုကျူးလွန်သော ဗိုလ်ကြီးအောင်တေဇာ အမည်ရှိ လေတပ်တွင် အမှုထမ်းဆောင်နေသူသည် ဥပဒေအရ အရေးယူခံရ ခြင်းရှိမရှိ သတင်းမရ ရှိပါ။

ဤကဲ့သို့သောအခြေအနေ မျိုးတွင် ယခုဘလော့ဂ်ကဲ့သို့  သတင်းဖြန့်ဝေသူများ၏ အခန်းကဏ္ဍသည်များစွာ အရေးကြီးအသုံးဝင်လာ ပါသည်။

ဗိုလ်ကြီးအောင်တေဇာ သည် အကြီးဆုံးသောရာဇဝတ်မှုကြီးဖြစ်သည့် လူသတ်မှုကို ကျူးလွန်သူ ဖြစ်ပါသည်။ ၎င်းသည် ရာဇဝတ်သားဖြစ်သည့်အားလျော်စွာ အကျဉ်းထောင်ထဲတွင် ရာသက်ပန် နေထိုင်သင့်ပါသည်။

၎င်း၏ ဇနီးသည်ဖြစ်သူ မိထ္ထီလာစစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်အမျိုးသမီးသည် မိမိယောက်ျား လူသတ်သမား၏ အကြောင်းကို သိသင့်သိထိုက် ခွင့်ရှိသင့်ပါသည်။ အဘယ်သူသည် လူသတ်သမားနှင့် ညစဉ် အိပ်ရာဝင် ပျော်ရွှင်ပေါင်းဖက် ဆက်ဆံလိုစိတ် ရှိပါအံ့နည်း။ ထို့အပြင် ၎င်းကိုယ်တိုင်တွင်လည်း အသက်အန္တရယ် စိုးရိမ်ဖွယ်ရာ ရှိပါသည်။ (ဗိုလ်ကြီးအောင်တေဇာ သည် ကလေးအလောင်းကို စစ်ဆေးရုံ ရေခဲတိုက်သို့ သယ်ဆောင်ခဲ့ပါသည်။ သို့သော် ၎င်းသည် ဤကလေးအား ၎င်းကိုယ်တိုင် သတ်ခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းသို့ သတင်းပို့ဝန်ခံခြင်းမရှိခဲ့ပါ။)

ဗိုလ်ကြီးအောင်တေဇာ၏ မိဘဆွေမျိုးများသည်လည်း ၎င်းတို့၏ လူသတ်သမား သား အကြောင်းကို သိရှိထိုက်ပါသည်။ ၎င်းတို့၏ ချစ်မညီးသော သားအာဇာနည်ဗိုလ်ကြီးသည် အခြားမိဘ တဦး၏ ရင်နှစ်သည်းခြာ အပစ်မဲ့လူငယ်လေးတယောက်အား မောက်မာရက်စက်စွာ ဓါးဖြင့် အသေထိုးသတ် ခဲ့ပါသည်။ အကယ်၍ အခြားသူတဦးက ဗိုလ်ကြီးအောင်တေဇာ အား ဓါးနှင့်ထိုးသတ်ပြီး ငွေ ၁၅သိန်းကို မိဘများအား လျော်ကြေးလာပေးပါက ၎င်းတို့ သည် ကျေကျေနပ်နပ် မေ့မေ့ပျောက်ပျောက်ဖြင့် ထိုငွေများအား ပျော်ရွှင်စွာသုံးစွဲ ပါမည်လော။

ဗိုလ်ကြီးအောင်တေဇာ တာဝန်ထမ်းဆောင်နေသော မိထ္ထီလာ မြေပြင်အတတ်သင်လေတပ်စခန်းမှ သက်ဆိုင်ရာ အရာရှိအရာခံ များနှင့် မိထ္ထီလာ ပြည်သူ့ ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိ များ အားလုံးသည်လည်း ဤလူသတ်မှုကြီးအကြောင်းကို သိသင့်သိထိုက်ပါသည်။ သို့မှသာလျင် ၎င်းတို့သည် ဗိုလ်ကြီးအောင်တေဇာ အား သက်ဆိုင်ရာ ဥပဒေများ အရ အရေးယူဆောင်ရွက်သွား နိုင်မည်ဖြစ်ပါသည်။

ထိုအကြောင်းများကြောင့် တာဝန်သိမြန်မာလူမျိုးများတို့သည် ဤလူသတ်မှုအကြောင်းကို DVB မှဖေါ်ပြခဲ့ပြီးဖြစ်သော်လည်း ထပ်မံ၍ မှတ်တမ်းတင် သတင်းဖြန့် ဝေသင့်ကြပါသည်။

လေးစားစွာဖြင့်

နေခြည်ဦး

Thursday 6 November 2008

မြန်မာပြည်ကလူ၊ စကားဝဲ၏

အသင်မြန်မာပြည်က လာပါသလား။

အသင်သည် ဗမာ(သို့ မဟုတ်)တိုင်းရင်းသား မျိုးနွယ် ဖြစ်ပါသလား။

အသင်သည် အကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည် ကိုစွန့် ခွာပြီး တိုင်းတပါးတွင် အခြေစိုက်နေထိုင်လုပ်ကိုင်စားသောက် နေပါသလား။

အသင်သည် မြန်မာပြည်၏ အဖက်ဖက်မှ ယိုယွင်းပျက်စီးနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို သိရှိ၊သတိပြု မိပါသလား။

အသင်သည် ထိုကဲ့သို့ အဖက်ဖက်မှ ယိုယွင်းပျက်စီးနေသော မြန်မာနိုင်ငံတွင် သန်းပေါင်းများစွာသော လူများ နေ့စဉ်ထမင်းနပ်မှန်မှန် စားရရေးနှင့် အရှက်လုံရန်ဝတ်ဆင်ရေးတို့ အတွက် ပင်ပမ်းဒုက္ခကြီးစွာ ရုန်းကန်လှုပ်ရှား နေကြရကြောင်း သိရှိ၊ နားလည်၊ ခံစား မိပါသလား။

အသင်သည် မြန်မာနိုင်ငံတွင် ထောင်ပေါင်းများစွာသော ရိုးသားဖြောင့်မတ်၊ အမှန်တရားဘက်မှ ရဲဝံ့စွာရပ်တည် သူများသည် မတရား ညှင်းပမ်းနှိပ်စက် ခံရ ရုံသာမက နှစ်ရှည်လများ ထောင်သွင်းအကျဉ်းချ ခံကြရသည် ကို သိရှိ နားလည် ခံစားမိပါသလား။

အသင်သည် ဖေါ်ပြပါသတင်းများဖြစ်သည့် -

နိုင်ငံတော်၏လျှို့ ဝှက်ချက်များ

၁၀တန်းကျောင်းသားကိုဓားနှင့်ထိုးသတ်သော မိထ္ထီလာလေတပ်က ဗိုလ်ကြီးအောင်တေဇာ

မတရားမှုများကို ကျူးလွန်နေသော တရားရုံး

စသည်များကို ဖတ်ရှုသော အခါ စစ်ဝါဒ စနစ်ဆိုးကြောင့် အစစပျက်သုန်းနေပြီဖြစ်သော မြန်မာနိုင်ငံကို၎င်း၊ ဒုက္ခဆင်းရဲခြင်းကြီးစွာဖြင့် မတရားဖိနှိပ်ချုပ်ခြယ်မှုကို ပြင်းထန် ဆိုးရွားစွာ ခံစားနေကြရသော ရိုးသားအပြစ်မဲ့သည့် ပြည်သူများကိုသော်၎င်း တနည်းတဖုံအားဖြင့် ကူညီလိုစိတ် ရှိပါသလား။

အကယ်၍ ကူညီလိုစိတ်ရှိပါလျင် ဤဘလောဂ့်တွင် ဖေါ်ပြထားသော စာရင်းဇရားပြုစုမှတ်တမ်းတင်ခြင်း ပိုစ့် ကို ကျေးဇူးပြု၍ ဖတ်ရှုပြီး ထိုလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက် ပေးပါ။

အသင်၏ အားလပ်ချိန်တွင် တနေ့ ကို နာရီဝက်၊ တနာရီခန့်မျှ စာရင်းပြုမှတ်တမ်းတင် ခြင်းဖြင့် စစ်အာဏာရှင်အစိုးရ အား ထိမိပိုင်နိုင်စွာ ထိုးစစ်ဆင် တိုက်ခိုက်နိုင်ပါသည်။

လေးစားစွာဖြင့်

နေခြည်ဦး

Monday 3 November 2008

စာရင်းပြုစုခြင်း နှင့် အချက်အလက်ရှာဖွေစုဆောင်း ခြင်း

အဘယ်ကြောင့် စာရင်းဇရားပြုစုမှတ်တမ်းတင်ခြင်းသည် ရေးကြီးပါသနည်း။

စာရင်းဇရားပြုစုမှတ်တမ်းတင်ခြင်း သည် မည်သည့်အဖွဲ့ အစည်း၊ ဌာန၊ သမဂ္ဂ တိုင်းတွင်မဆို အဓိက အရေးပါ အရာရောက်သော လုပ်ငန်းစဉ်ကြီးတခု ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ သမိုင်းကိုပြန်ကြည့်လျင် ပုဂံခောတ် အနော်ရထာမင်းကြီးလက်ထက်မှစ၍ လူစာရင်း၊ မြေစာရင်း၊ လယ်စာရင်း စသည်များကို စနစ်တကျ မှတ်တမ်းတင် ခဲ့ပြီး ထိုလုပ်ရပ်များ၏ ရလဒ် သည်ကားသာယာဖွံ့ ဖြိုးတိုးတက်ကြွယ်ဝသော မြန်မာနိုင်ငံကြီးပင် ဖြစ်ခဲ့ပါသည်။

ထို့ အတွက်ကြောင့် လက်ရှိ မြန်မာနိုင်ငံကို ကမ္ဘာ့ နောက်ဆုံးပိတ် အဆင်းရဲ၊ အမွဲတေဆုံး နိုင်ငံအဆင့်မှ ပုဂံ၊ တကောင်းခောတ် များက ကဲ့သို့စည်ပင်ကြွယ်ဝ၊ဖွံ့ ဖြိုးတိုးတက်သော န်ုင်ငံကြီးတခုအဆင့်သို့  ပြန်လည်ရောက်ရှိစေရန်ကြိုးပမ်းရာတွင် စနစ်တကျ စာရင်းဇရားပြုစုမှတ်တမ်းတင်ခြင်း အလုပ်သည် အဓိက အချက်အချာ ကျသော လုပ်ငန်းစဉ်ကြီးတခု ပင်ဖြစ်ပါသည်။

မည်သူများက စာရင်းဇရားပြုစုမှတ်တမ်းတင်ခြင်း နှင့် အချက်အလက်ရှာဖွေစုဆောင်းခြင်း ကိုပြုလုပ်နိုင်ပါသနည်း။

စာရေးစာဖတ်တတ်သည့် မည်သူမဆို ပြုလုပ်နိုင်ပါသည်။ စာရင်းဇရားပြုစုမှတ်တမ်းတင်သူ များလေ၊ နိုင်ငံတော်အတွက် အကျိုးကျေးဇူး အမြန်ရလေပင် ဖြစ်ပါသည်။

မည်ကဲ့သို့ ပြုလုပ်ပါမည်နည်း။

၁ ဘလော့ဂ်အသစ်တခုကိုဖွင့်ပါ။

၂ မိမိပြုလုပ်လိုသောစာရင်းနှင့်ဆီလျော်သည့် အမည်ကိုတပ်ပါ။ ဥပမာ ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများ

၃ ပုဂ္ဂိုလ် တဦးစီ၏ အမည်ကို ပိုစ့် (post) တခုစီတွင် သွင်းပါ။

၎ စာရင်းပါ ပုဂ္ဂိုလ်များနှင့် သက်ဆိုင်သည့် အချက်အလက်များကို သတင်းစာ၊ အင်တာနက် စသည့် မီဒီယာအမျိုးမျိုးမှ ရှာဖွေစုဆောင်းပြီး သက်ဆိုင်ရာ ပိုစ့်များတွင် ထဲ့သွင်းပါ။

အထက်ပါ လုပ်စဉ်များ ကိုလုပ်ပြီးပါက အသင်၏ စာရင်းပြုစုခြင်းဆိုင်ရာ ဘလောဂ့်သည် အကြမ်းအားဖြင့် ပြည့်စုံသွားပြီ ဖြစ်ပါသည်။
အနာဂါတ်တွင် အသင်၏ ကွန်ပြူတာနည်းပညာ ကျွမ်းကျင်မှုပေါ်တွင်မူတည်၍ သင်၏ဘလောဂ့်ကို စိတ်ကြိုက် ပိုမိုကောင်းမွန် ထိရောက်အောင် ပြုပြင်သွားနိုင်ပါသည်။

(သတိပြုရန်အချက်များ)


စာရင်းဘလောဂ့်တွင် ပိုစ့်အရေအတွက်ကို လျော့ထားပါ။ ဥပမာ ဝန်ကြီးအရေအတွက် ၄၀ ကျော်ရှိပါက ထက်ဝက်ဖြတ်ပြီး ဝန်ကြီးများ (အပိုင်း၁)၊ ဝန်ကြီးများ (အပိုင်း၂) စသည်ဖြင့် ဘလောဂ့် ၂ခု (သို့ )၃ခု ထုတ်လုပ်ပါ။ ပိုစ့်အရေအတွက် ၁၀ခု ၁၅ခု မျှသာ ထားပါက ထိမ်းသိမ်းပြုပြင်ရန် နှင့် ဖတ်ရှုရန် ပိုမို လွယ်ကူပါသည်။ ဤဘလောဂ့်ကို ပုံစံကြည့်နိုင်ပါသည်။

ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ခြင်းကို ရှောင်ကြဉ် ပြီး သတင်းအချက်အလက် ထုတ်ဖေါ်ခြင်းကိုသာ ဦးစားပေးပါ။

အခြားသောသတင်းမီဒီယာများမှ အချက်အလက်များကို ကူးယူ ဖေါ်ပြလျင် လင့်ခ်များကို အထင်အရှား ဖေါ်ပြပါ။

သတင်းအချက်အလက်များကို မည်ကဲ့သို့ ရှာဖွေပါမည်နည်း။

လက်ရှိသတင်းအချက်အလက်အများစု ကို အင်တာနက် သတင်းမီဒီယာ များတွင် ရရှိနိုင်ပါသည်။ ဥပမာ

http://www.rba.gov.au/MediaReleases/2007/mr_07_19_annex.html

http://documents.treasury.gov.uk/financialsanctions/sanctionsconlist.htm

http://www.irrawaddy.org/article.php?art_id=5010&page=2

http://burmatoday.net/news2005/2007/200709/070906_bty_bur_tun_hla_sein.swf

http://www.publicenemies.blogspot.com/

စသည့် ဆိုက်များတွင် ရှာဖွေစုဆောင်းနိုင်ပါသည်။

အခြားသောဆိုဒ်များဖြစ်သည့် DVB ကဲ့သို့ ဆိုဒ်များတွင် မတရား၊လဒ်လာဘ်လိုက်စားသော ရဲအရာရှိ၊ တရားသူကြီး စသည်တို့၏ အကြောင်းများကို ဖတ်ရှုရှာဖွေ မှတ်တမ်းတင်နိုင်ပါသည်။

စာရင်းဘလောဂ့်များ မထပ်စေရန် မည်ကဲ့သို့  ဆောင်ရွက်ပါမည်နည်း။

ဤကိစ္စကို စိတ်ပူရန် မလိုပါ။ စာရင်းဘလောဂ့် များလေ အချက်အလက်ရှာဖွေ ရန် အသုံးကျလေ ဖြစ်ပါသည်။

မြန်မာလက်ကွက်မရိုက်တတ်လျင်မည်သို့ ပြုလုပ်ရမည်နည်း။


မိမိရိုက်တတ်သည့် ဘာသာ လက်ကွက်နှင့် သာရိုက်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ စပန်းနစ် စသည့် နိုင်ငံခြား ဘာသာအားလုံးသည် အသုံးဝင် အရေးပါ ပါသည်။ အကယ်၍ မြန်မာလက်ကွက် ရိုက်တတ်လိုစိတ် ရှိလျင် Zawgyi စသည့် မြန်မာဖောင့် ဆိုက်များကို အလွယ်တကူ Download ရယူနိုင်ပြီး လက်ကွက်အရိုက်ကျင့်လျင် ရက်အနည်းငယ်အတွင်း တိုးတက်ကျွမ်းကျင်လာနိုင်ပါသည်။

သင်၏ ကူညီတတ်သည့် စိတ်စေတနာဖြင့် ကြိုးစားအားထုတ်မှုကြောင့် ရိုသားဖြောင့်မတ်သော်လည်း ဒုက္ခဆင်းရဲခြင်း ကြီးစွာ ရုန်းကန်လှုပ်ရှား နေကြရသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများ တို့ သည် အကျိုးကျေးဇူးများစွာ ခံစားနိုင်မည် ဖြစ်ပါသည်။

လေးစားစွာဖြင့်

နေခြည်ဦး

Saturday 1 November 2008

မြောက်ပိုင်းခရိုင်တရားရုံး Northern District Court

ဤ မြောက်ပိုင်းခရိုင်တရားရုံး သည် မတရားဖမ်းဆီးစွပ်စွဲခံရ သူများအား နောက်ဖေးပေါက် မှ ခေါ်သွင်းပြီး မတရားသောစီရင်ချက်ကို ပြည်သူအများ၊ ခုခံကာကွယ်သူရှေ့ နေ ရှေ့ ရပ်များ နောက်ကွယ်ရာတွင် တိတ်တဆိတ် ဆုံးဖြတ်ခဲ့ပါသည်။


http://burmese.dvb.no/news.php?id=6011


Rangoon Northern District Court

The defendants, 3 political activists and their young lawyer, were brought into this court from the back door and were given 6 months prison sentence each for breaching the court's rules, while their defence lawyers, family members and the public were waiting at the front gate.

http://english.dvb.no/news.php?id=1910

 
/* EOT ----------------------------------------- */