Friday 13 February 2009

အသားဖြူ သော ကိုလူချော ကောင်စစ်ဝန် ရဲမြင့်အောင်

၁၂၀၂၂၀၀၉သတင်းနှင့်ဆောင်းပါးများ
မြန်မာနိုင်ငံက လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာ့အိမ်နီးချင်း နိုင်ငံများက ဆွေးနွေးကြဖို့ ပြင်ဆင်နေတဲ့ အချိန်ပဲ ဟောင်ကောင်ရှိ မြန်မာစစ်အစိုးရ ကောင်စစ်ဝန်ရုံး အကြီးအကဲ ဦးရဲမြင့်အောင်က ရိုဟင်ဂျာတွေဟာ ဘီလူးလို အရုပ်ဆိုးတဲ့သူတွေ ဖြစ်ကြတယ်လို့ ဆိုလိုက် ပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာတွေ မဟုတ်ဘူး။ မြန်မာတိုင်းရင်းသားတွေလည်း မဟုတ်ကြဘူး၊ ရိုဟင်ဂျာတွေက အသားညိုမှောင်တယ်၊ မြန်မာတွေက အသားဖြူ ချောမွေ့ပြီး ကြည့်ကောင်း ရုပ်ချောတယ် လို့ ဟောင် ကောင်ရှိ နိုင်ငံခြား မစ်ရှင်ရုံးများနဲ့ စာနယ်ဇင်းများသို့ စာရေးအကြောင်းကြားတဲ့အထဲမှာ ဦးရဲမြင့်အောင်က အဲဒီလို ထည့်သွင်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။
(မသဒ္ဓါ)

ံရဲမြင့်အောင် ကပင် ထပ်ဆင့်၍ " ကျနော့် ကိုသာ ကြည့် ကြပါ ခင်ဗျာ၊ ကျနော်ဟာ အသားဖြူဖွေး ညက်ညောလှတဲ့ မြန်မာအမျိုးသား လူကြီးလူကောင်း စင်စစ်ပါ၊ ကျနော် ဦးရဲမြင့်အောင်ဟာ အင်မတန် ချောမော ရုပ်ဖြောင့်တယ် ဆိုတာ ခင်ဗျားတို့  အားလုံး သဘောတူ ဝန်ခံ ကြရ မှာပါ။" ဟုရေးသား ထားပါသည်။

အနှီမျှ ရုပ်ရှင်မင်းသား ရှုံးလောက်အောင် ဖြူဖွေးချောမောသည့်၊ မြန်မာနိုင်ငံ စစ်အစိုးရ မှ ဂုဏ်ယူစွာ ကိုယ်စားပြု ထားသည့် ဟောင်ကောင်မြို့  ကောင်စစ်ဝန်ရုံး မှ အကြီးအကဲ ရဲမြင့်အောင် ၏ ဓါတ်ပုံ ကို ကမ္ဘာ တဝှန်းသိရှိ မှတ်တမ်း တင်ရန် ဤ ဆိုဒ် သို့ ပေးပို့ ကြပါရန် လေးစားစွာ ပန်ကြား အပ်ပါသည်။

ထို့  အပြင် ကိုလူချော ရဲမြင့်အောင် ၏ လူကြီးလူကောင်း စင်စစ် ရာဇဝင် ကိုပါ မ စ နိုင်ပါ က အထူးပင် ကျေးဇူးတင် ပါသည်။

No comments:

 
/* EOT ----------------------------------------- */