Saturday 28 February 2009

စစ်အစိုးရ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် စွဲဆိုခံရန်ရှိ




၂၇.၀၂.၂၀၀၉

သဘာဝ ဘေးဒဏ်ကြောင့် ဒုက္ခဆင်းရဲ ကြီးစွာ ခံစား နေကြရ သည့် ပြည်သူ များအား မကူညီသည့် အပြင် နိုင်ငံအရပ်ရပ်မှ လူသားချင်း ကိုယ်ခြင်းစာနာစွာဖြင့် အရေးတကြီး အလျင်စလို ပေးကမ်းထောက်ပံ့သည့် ကယ်ဆယ်ရေးအဖွဲ့ များ နှင့် ပစ္စည်းများ ကို ပိတ်ဆို့ တားဆီး အလွဲသုံးစား ပြုခဲ့သည့် အတွက် နအဖ စစ်အစိုးရသည် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင်ရာဇဝတ်မှုကျူးလွန်ကြောင်း တရားစွဲဆိုခံရန်ရှိ သည်ဟု ကျန်းမာရေး အဖွဲ့ များမှ ယနေ့ ထုတ်ပြန်ကြေငြာလိုက်သည်။


ကြေငြာချက်တွင် US အခြေပြု Johns Hopkins Bloomberg School of Public Health နှင့် ထိုင်းမြန်မာနယ်စပ် အခြေပြု the Emergency Assistance Team (EAT) တို့ က ဆိုင်ကလုံးနားဂစ် အပြီး တွင် စစ်အစိုးရ မှ မည်သို့ မည်ပုံ မတရားမှူများ ကျူးလွန်ကြကြောင်း အသေးစိတ် တင်ပြထားသည်။ Johns Hopkins’ Centre for Public Health and Human Rights မှ ဒါရိုက်တာ Chris Beyrer က ဤသက်သေ အထောက်အထား များသည် နအဖ ကို အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ရာဇဝတ်မှုကျူးလွန်ကြောင်း တရားစွဲဆိုတင်ပြ ရန်လုံလောက်သည် ပြောဆိုပါသည်။

"နအဖ အစိုးရ က နိုင်ငံတကာကယ်ဆယ်ရေး များကို ဘယ်လိုဟန့် တားပုံ၊ ကယ်ဆယ်ရေးပစ္စည်းများ နှင် မြေယာ များကို အလွဲသုံးစားခိုးယူပုံ၊ ဒုက္ခသည်များကို အဓမ္မ လုပ်အားပေးခိုင်းပုံ၊ အရွယ်မမြောက်သူ ကလေးများကို မတရားစေခိုင်းပုံ စသည်တို့ အားလုံးကို ကျွန်တော်တို့ အထောက်အထားအားလုံး ရရှိထားပါတယ်။ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁သိန်း ၃သောင်း ကျော် အသက် ဆုံးရှုံး ရပြီး လူ ၂သန်းကျော် ဟာ မိသားစုဝင် ဆုံးရှုံးခြင်း၊ အိမ်ယာ လုပ်ငန်း ပျက်သုန်းခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း စသည်တို့ ကို ခံစားကြရ ပါတယ်။ ဒီလို ဘေးဒုက္ခကြီး ဆိုက်ရောက် ချိန်မှာ နိုင်ငံတကာမှ လူသားခြင်းစာနာစွာဖြင့် ငွေအင်အား၊ လူအင်အား အလုံးအရင်းကြီးစွာ အရေးပေါ်ကူညီထောက်ပံ့ကြတာကို နအဖ အစိုးရ က တကိုယ်ကောင်းဆန်စွာ နှောင့်နှေးကြန့်ကြာစေရန် တားမြစ်ပိတ်ပင်ခဲ့ပါတယ်။"

နအဖ စစ်အစိုးရသည် ၎င်းတို့ ၏ ခောတ်အဆက်ဆက်မှ ယုတ်မာမှုများကို ပြည်ပမှ (နာဂစ်ကယ်ဆယ်ရေးမှတဆင့်) သိရှိပေါက်ကြားမှုမရှိစေရန် ဤကဲ့သို့ နည်းမျိုးစုံဖြင့် ဆီးပိတ်တားမြစ် ယုံသာမက ပြည်တွင်းမှ ကူညီသူများကိုလည်း ယုတ်မာစွာဖြင့် ဖမ်းဆီးထောင်ချ ခဲ့ပါသည်။ (ဇာဂနာ ထောင်ဒဏ် ၄၅နှစ်၊ ဇော်သက်ထွေး ထောင်ဒဏ် ၁၅နှစ်)

နအဖ အစိုးရ ၏ နားဂစ်ဒုက္ခသည်များအပေါ် ဤကဲ့သို့ လူသားချင်းစာနာမှူကင်းမဲ့ စွာ အရှက်အကြောက်တရားမရှိ လူ့ကျင့်မှုပျက်ကွက်ကျူးလွန်ခြင်းများကို ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် အပြည်ပြည်ဆိုင်ရာ ခုံရုံးမှ စုံစမ်းမှုများပြုလုပ်ပါရန် တင်ပြသွားမည်ဖြစ်ကြောင်း ဤထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။

(နေခြည်ဦး ဆီလျော်အောင် ပြန်ဆိုထားပါသည်။)

6 comments:

Anonymous said...

ရေးသားသူ တင်ပြသူများကို ပြန်လည် အရေးယူခံရမည်...ခုံရုံးတော့ မရဘူး လီးပဲ ရမယ်...

Moe said...

Good job Dr Cynthia & group

ဖင်တုံအောင် ကြောက်နေကြပြီ ထင်ပါရဲ့...ကလောင်နာမယ်လေးတောင်မထဲ့ရဲ ကြတော့ဘူး ...ဦးနှောက်လဲ ဆိုင်းသွားတော့ ထုံးစံအတိုင်း လိင်ကိစ္စဘဲ မှတ်မိရှာတော့တယ်...

Unknown said...

ဘာတွေလာပြောနေတာလဲ...ရှူးကြောင်ကြောင်နဲ့
နအဖ ထက် ဦးနှောက်ရှိရင် လုပ်...မင်းတို့ထက် ဦးနှောက်ပြေးလို့ နိုင်ငံကို အုပ်ချုပ်နေတာ...မင်းတို့ ချီးဘရိန်း ဦးနှောက်လောက်တော့ ပျင်းတယ်...မင်းတို့သိတာ လက်တကမ်းလောက်လေးပဲသိတယ်...အဝေးကြီးကို မင်းတို့မမြင်နိုင်ဘူး...မင်းတို့သိတာ သာမာန်အရပ်သားအတွေးခေါ်လောက်ပဲရှိတာ...
ရေမလာဘူး မီးမရဘူးဆိုတာပဲသိတယ်...ဘာကြောင့် မရတာလည်းဆိုတာကို ဆက်ဆက်ပြီးတော့ မစဉ်းစားဘူး...သူတို့ဘက်မှာ ဘယ်လိုတွေအခက်ခဲရှိနေလဲ..ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းကို မမေးဘူး...နားလည်ပေးရမှန်းလည်းမသိဘူး...တခုခုမရရင် ထုံးစံအတိုင်း ဖင်ပြဲအောင် ကုန်းအော်တော့တာပဲ...ငတုံးတွေ...မြန်မာစစ်ခေါင်းဆောင်တွေ
ကို ခုံရုံးတင်လို့ရရင် ငါ့ကို လည်လာဖျက်လဲ့..လည်စင်းပေးလိုက်မယ်...မင်းတ
ို့ရှိတဲ့
အထောက်ထား
က ရိုက်စားတွေလုပ်ထားတာ...ရီစရာကြီး..ဟိဟိ..
ကလေးအတွေးတွေနဲ့...
နူကလီးယားရှိတဲ့ မြောက်ကိုရီးယားကြတော့ ဖင်တုန်အောင်ကြောက်တယ်..ဟတ်ဟတ်...မင်းတို့စောက်
ဆင့်နဲ့ နအဖ ကိုရှင်ချင်သေးတယ်လား..အိုး...
မင်းတို့ငယ်ပါသေးတယ်...သာမန်အရပ်သားအတွေးခေါ်လောက်
ပဲရှိတယ်...မင်းတို့ထက် စောက်ဆင့်ရှိတဲ့ ကုလ တောင်ဘာမှမလှုပ်ရဲဘူး...သနားစရာပါလား အွန်လိုင်းသရဲကောင်းတွေပဲ...ချီးကျူးပါတယ်..

Anonymous said...

ဟုတ်လို့ကျော်
ပုပ်လို့ပေါ်
နအဖ မစင်ပေါက်
ဟောင်းလောင်း နံစော်
လောက်ထိုးနေတဲ့ မစင်ပေါက်ကို ပိတ်ဆို့ဖို့အရေး ကျန်ရစ်သူ၂သန်းကို
အပျောက်ရှင်းသုတ်သင်ဦးလိမ့်မယ်လေး။

Unknown said...

ကျော်ဆိုသောသူ

နအဖ ကို ပြည်သူတင်မြှောက်တာမဟုတ်ပါ.. စစ်အာဏာသိမ်းပြီးတက်လာတာပါ။
ဆိုရှယ်လစ် စသည်ဖြင့် လမ်းစဉ် အမျိုးမျိုး စီမံကိန်းပေါင်းစုံ ရောက်တတ်ရာရာ စိတ်ကူးထင်ရာလုပ်ခဲ့ပြီး တခုမျှမအောင်မြင်ပါ။
တိုင်းပြည်သာလျင် ဖွတ်ဖွတ်ကျေ မွဲတေ ပြာကျ လျက်ပါ။
ဆင်းရဲလွန်းတဲ့ပြည်သူများ ခမျာ ရေမီး မရလို့ အပစ်ရှာဝေဖန်ကြတာမဟုတ်ပါ ဘူး၊
စားစရာမရှိ ငတ်ပြတ် နေလို့  ပစ်သတ်ခံရ မှန်းသိလျက် အသက်စွန့် ပြီး အေးချမ်းစွာ လမ်းလျောက်ဆန္ဒပြတာပါ...
မှန်တချပ် မကွဲစေခဲ့ကြ ပါဘူး...
အစိုးရ နာမည်ခံပြီး တိုင်းပြည်စီးပွားရေးကို တာဝန်မယူတဲ့ အပြင် သံဃာတော်များအပါအဝင် ပြည်သူအားလုံးကို အငြိုးတကြီး ရှက်ရမ်းရမ်းပြီး အကုန်သတ် တော့ အကြည်အညိုပျက် ခံရ တာ ပေါ့၊

ဒါပေမဲ့ ဒီ ပိုစ့်မှာ ပြောနေကြတာ က နာဂစ်မုန်တိုင်းကြောင့် သေဆုံးကုန်တဲ့ လူပေါင်း ၁သိန်း၃ သောင်း နဲ့ အိုးအိမ်ပျက် မိသားစုကွဲ ကျန်ရစ်တဲ့ ဒုက္ခသည် ၂သန်းကျော် အကြောင်း ပါ။

မုန်တိုင်းဝင်မယ်ဆိုတာ India က တာဝန်သိစွာ သတင်းပေးတယ်။ ဒါကို စစ်အစိုးရ ဥပေက္ခာပြုတယ်၊
မုန်တိုင်းအပြီး လူပေါင်းသိန်းကျော်သေဆုံးတယ်။ စစ်အစိုးရ ကိုယ်နဲ့မဆိုင်သလို ဖါသိဖါသာနေတယ်၊
့နိုင်ငံတကာက မရှုရက်နိုင်လို့ ကူညီပါရစေ ပြောတော့ စစ်အစိုးရ ငြင်းဆန်တယ်၊

အဓိကအကြောင်းကတော့ မင်းတို့ မျက်ခွက်မှာ ပေကျန်စွန်းထင်းနေတဲ့ ပြည်သူ့ သွေး၊ သံဃာ့သွေးတွေ ခုထိဖျက်လို့ မရနိုင်သေးဘူးလေ။

နောက်ဆုံးမှာအလျော့ပေး ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ပေးဝင်လိုက်ရတယ်၊ မကြာပါဘူး အလှူပစ္စည်းလဲမြင်ရော လောဘဇောတက်ပြန်ပြီး ငတ်ပြတ်နေတဲ့ နေတဲ့ ဒုက္ခသည် များမျက်နှာ တောင်မထောက် မျက်နှာပြောင်တိုက် သူများပစ္စည်း နှိက်သေးတယ်၊

မင်းပြောတဲ့ သာမာန် အရပ်သားတွေ လဲ ပခုံးနှစ်ခုခြား ခေါင်းပေါက်တဲ့ လူသတ္တဝါတွေ ပါဘဲ၊

မင်းတို့ နအဖလို ဖင်မှာအမြီးပေါက်မနေပေမဲ့ စကားပြောတတ် စာရေးဖတ်တတ်ကြပါတယ်၊

မင်းပြောတဲ့ မြောက်ကိုးရီးယား နဲ့ နာဂစ် ကိစ္စ နဲ့ ဘယ်လို စပ်ဆိုင် နေသလဲ ?

ှုအပြည်ပြည်ဆိုင်ရာ ခုံရုံးသွားတဲ့အခါ မြောက်ကိုးရီးယား ရှေ့ နေငှား သွားမလို့ လား ? (သူတို့ဆီက နုးကလီးယားအမြောက်ကြီးနဲ့ တရားသူကြီးကို ခြောက်ဖို့)

Unknown said...

အောင်ဆိုသောသူ
ငါပြောနေတာ မြောက်ကိုရီးယားမှာလည်း ပြည်သူတွေဆင်းရဲနေပြီးတော့ စစ်လက်နက်တွေပဲ ထုတ်လုပ်နေတယ် စီးပွားရေးက ဘာမှမကောင်းဘူး ပြည်သူတွေအတွက် ဘာမှအကျိုးပြုမလုပ်ပေးနိုင်ဘူး..နိုင်ငံတကာကို လက်နက်နဲ့ ချိန်းချောက်နေတယ်...နူကလီးယား မပြန့်ပွားအောင် တိုက်တွန်းလည်း မြောက်ကိုရီးယားက စောက်ဂရုမစိုက်ဘူး သူလုပ်ချင်တာလုပ်နေတယ်...ဒီလို ပြည်သူတွက် အကျိုးမရှိပဲနဲ့ လုပ်ချင်တာလုပ်နေတဲ့ သူကျတော့ ဘာမှမပြောရဲဘူးလား နိုင်ငံတကာခုံရုံးကိုတင်ဖို့မပြောရဲဘူးလား....ကြောက်နေတာလား...မြန်မာနိုင်ငံမ
မှာ နအဖ က နာဂစ်မုန်တိုင်းနဲ့ ပတ်သတ်ပြီးတော့ လျစ်လျူရှုတယ်..ဟုတ်ပြီ...ဘယ်လိုလျစ်လျူရှုတာလဲ..
အဝေးကနေပြီးတော့ ရမ်းပြီးတော့ မပြောနဲ့...သူတို့တွက် လုပ်မပေးဘူးလား...အခုချိန်ထိ လုပ်ပေးနေတယ်...အလှူပစ္စည်းတွေကို ဘယ်သူတွေက ယူနေလို့လဲ..ဘယ်လိုတွေ သက်သေပြနိုင်သလဲ..ဈေးထဲမှာ တွေ့တာနဲ့ လာမပြောနဲ့...နအဖ စစ်သားတွေကိုယ်တိုင် လာရောင်းတဲ့ ဓာတ်ပုံနဲ့ တကွ တင်ပြပါ...နိုင်ငံတကာပို့တဲ့ ပစ္စည်းတွေကို နာဂစ်ကလူတွေက အလှကြည့်နေရမှာလား...ပိုက်ဆံမရှိလို့ ဈေးထဲကို ရောင်းစားတာရောမဖြစ်နိုင်ဘူးလား...ဘယ်လိုပဲဖြစ်ဖြစ် နအဖက ယူထားတယ် သိမ်းထားတယ်မှန်တယ်ဆိုရင် သက်သေအထောက်ထားနဲ့ပြပါ...ပါးစပ်နဲ့ မရပါဘူး..အရာရာတိုင်းမှာ သက်သေရှိမှ လုပ်လို့ရပါမယ်...ဟုတ်ပြီ...နိုင်ငံတကာက ကူညီပါတယ်..ဘာတွေကူညီနေလဲ ကြည့်ရအောင်...ရေဗုး ဘီစကွတ်မုန့် နှင့် အခြားသော မုန့်များ...ဘာတွေထူးခြားလဲ ကူညီတဲ့ထဲမှာ...အဲဒါတွေရော မြန်မာနိုင်ငံမှာမရှိဘူးလား...နအဖက လိုအပ်တဲ့ အရာတွေဖြစ်တဲ့ လူနေအိမ်တွေ ခဏတည်ဆောက်ဖို့တောင်းတဲ့ မိုးကာတွေ တဲတွေကိုပဲ လိုအပ်ပါတယ်လို့ပြောလည်း ဒီကလေးအစားစာ မုန့်တွေပဲလာလာကူညီနေတယ်...ဘာကိုကူညီတာလဲ..အမေရိကန် ကိုပြောတာနော်...ကျန်တဲ့နိုင်ငံကိုပြောတာမဟုတ်ဘူး...ဘာအတွက် စစ်သင်္ဘောတွေနဲ့ လာကူညီတာလဲ..ခြိမ်းခြောက်မလို့လား..မကြောက်တတ်ပါဘူး..ဒီလို ကူညီဖို့အတွက် အရပ်သင်္ဘောတွေ အရပ်သားဆရာဝန်တွေ ကယ်ဆယ်ရေး ၀န်ထမ်းတွေရော လွှတ်လို့မရဘူးလား..ဘာကြောင့် စစ်သားတွေကိုပဲ လွှတ်တာလဲ...အကူညီပေးရင်းနဲ့ မြန်မာနိုင်ငံရဲ့ မြေပြင်အခြေနေကို စစ်ရေးသုံးသပ်ဖို့တွက် စစ်သားတွေကိုလွှတ်လိုက်တာလား...နောက်ပြီးတော့ မြန်မာနိုင်ငံထဲ ၀င်ခွင့်ပြုလိုက်ပါပြီဆိုပါတော့...ရေကောင်းရေသန့်မရှိလို့ ရေသန့်စက်ရုံတေါဆောက်မယ်...ဆေးရုံတွေဆောက်မယ် အကူညီပေးဖို့တွက် များစွာလိုအပ်သေးပါတယ်ဆိုပြီးတော့ ဘယ်အချိန်ကာလမှ မြန်မာမြေပေါ်က ထွက်ခွာသွားကြမှာလဲ...ဒီလိုဖြစ်စဉ်တွေ ဖြစ်ခဲ့ဘူးတယ်နော် ဘယ်နိုင်ငံတွေမှာဖြစ်လည်းဆိုတာ သိပါတယ်...ကျန်တဲ့နိင်ငံတွေက သူ့ပါသူ အလျှို၂ တရားဝင် လေကြောင်းကုန်ကြောင်းကနေလာကူညီကြတယ်...ဟိုးအဝေးကြီးကနေပြီး တော့ ဆိုင်းမဆင့်ဗုန်မဆင့်နဲ့ စစ်သဘောင်္တွေ လွတ်လိုက်တယ်..ဘာတွက်လဲ...ကြောက်လို့ပြောတာမဟုတ်ဘူးနော်... ကြောက်သွေးပါရင် ပေါက်ထုတ်လိုက်မယ်...သဘာဝမကျတာကိုပြောပြတာ..အမေရိကန်ရဲ့ ကလိန်ကျစ်မှုတွေ မကောင်းတာတွေကိုတော့ နအဖက နောကျေနေပြီ...နောက်ပြီးတော့ ပြည်သူတွေကို အစိုးရက မကူညီဘူးလား ပစ်ထားတယ်လား..ဟုတ်မှလည်းပြောပါအုံး...နေ့စဉ်နဲ့အမျှ လုပ်ပေးနေတာတွေကို ဓာတ်ပုံတွေနဲ့အှမျှတင်ပေးနေတာတွေ နိုင်ငံတကာနဲ့ပူပေါင်းလုပ်ဆောင်နေတာတွေကို လက်တွေ့ပဲလေ...ဒါကိုလျစ်လျူရှုထားတယ် ဆိုပြီးတော့ နအဖ ကို နိုင်ငံတကာကို ခုံရုံးတင်မယ်လို့ ပြောနေတာဟာ ဟာသတစ်ခုလို့ဖြစ်နေလို့ပါ...မင်းတို့အဲဒီလိုတင်ဖို့တွက် ငါပြောသလိုပဲ ဓာတ်ပုံနဲ့တကွ သက်သေပေါင်းမြောက်မြားစွာလိုအပ်တယ်...ရှာထားလိုက်ပါအုံး ကြံဖန်ပြီးတော့ပေါ့...နိုင်ငံတကာနဲ့ မပူပေါင်းဘူး လုပ်ချင်တာလုပ်နေတယ်ဆိုရင်တော့ တစ်မျိုးပေါ့...နိုင်ငံတကာမှာကုလ ကအရေြးီ့ကီးဆုံးပဲ..ဘယ်သူတွေဘာပြောပြော ဒါကြောင့် ကုလ ကိုယ်တိုင် မြန်မာနိုင်ငံကိုလာပြီးတော့ လုပ်ဆောင်နေတာတွေကိုကြည့်ခြားအားဖြင့် နိုင်ငံတကာခုံရုံးတင်မယ်ဆိုတာ ဦးနှောက်မှရှိပါရဲ့လားလို့ တွေးးမိတာပါ...

 
/* EOT ----------------------------------------- */