တွံတေးမြို့နယ် မယကဥက္ကဌ ဦးအောင်စံသာ ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များမှာ အင်အား ၅၀ ခန့်ရှိပြီး ရဲသတင်းအထူးတပ်ဖွဲ့၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)များ ပါဝင်ပြီး နယ်ထိန်းခေါင်းဆောင် ဝင်းထွဋ်ထွဋ်ဦးမှာ အရက်သေစာ သောက်စားထားကာ ထိုးကြိတ်မည်အထိ နှောင့်ယှက်ရမ်းကားခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
"ဘုရားလည်းရောက်ပြီးတော့ အင်္ဂါဒေါင့်မှာ ဝတ်ပြုဆုတောင်းတယ်၊ ဘုရားကို တပတ်ပတ်တယ်၊ ရှင်ဥပ္ပဂုတ္တမကန်မှာ ကုသိုလ်အဖြစ် ငါးစာကျွေးတယ်၊ ငါးစာကျွေးပြီး ပြန်အတက်မှာ ရဲအဖွဲ့က နယ်ထိန်းခေါင်းဆောင် ဝင်းထွဋ်ထွဋ်ဦးနဲ့ ဒုတပ်ကြပ် စိုးဝင်းအောင်တို့က ပြဿနာရှာပြီးတော့ ထိုးမယ်ကြိတ်မယ်၊ ချက်ခြင်း မင်းတို့ ဘုရားပေါ်ကဆင်း၊ မဆင်းရင် ဖမ်းမယ်ဆိုပြီး ဟန့်တားနှောင့်ယှက်တယ်၊ အမျိုးသမီးတွေကိုလည်း ဆွဲလားရမ်းလားလုပ်တယ်”
http://www.yoma3.org/index.php?option=com_content&view=article&id=346:2009-08-19-08-19-46&catid=41:2008-09-21-07-44-45&Itemid=124
Friday 11 September 2009
တွံတေး မယက၊ ရဲ နှင့် စရဖ
at 18:01
Subscribe to:
Post Comments (Atom)
No comments:
Post a Comment