ပါဏာတိ ပါတာ ...သူ့ အသက်သတ်ခြင်း
ယခုလ (၁၉) ရက်နေ့က ပုသိမ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက် ရယကအဖွဲ့နှင့် ကြံဖွံ့အဖွဲ့ဝင်များက သင်္ဘောစက်ပျက်၍ ကမ်းကပ်လာသည့် လူငယ်နှစ်ဦးကို ဖမ်းဆီးပြီး တဦးအား ငွေပြန်ယူရန်လွှတ်လိုက်စဉ် ကျန်ရစ်ခဲ့သူအား ရိုက်နှက်ရာမှ သေဆုံးခြင်းဖြစ်သည်။
“(၁၉) ရက်နေ့ည (၇) နာရီလောက်မှာ ကြံ့ဖွံ့နဲ့ ရယကအဖွဲ့တွေက သူတို့နှစ်ယောက်ကို ဖမ်းပြီး ငွေ ၆,၀၀၀ တောင်းတာ၊ အဲဒါ တယောက်က ပြန်ယူရင်း အချိန်မမှီတော့လို့ နောက်မနက် (၂၀) ရက်နေ့ သွားပေးတဲ့အချိန်မှာ ရယကတွေက ပြန်လွှတ်လိုက်ပြီ ပြောတယ်၊ အဲဒါနဲ့ ပြန်လာတော့ အိမ်မှာလဲ မတွေ့ဘူး၊ နောက်တနေ့ (၂၁) ရက်နေ့မှာ အလောင်းကိုတွေ့တာ” ဟု မိသားစုဝင်တဦးက ပြောသည်။
"သူ့အလောင်းကိုတွေ့တော့ သွေးအိုင်ထဲမှာ၊ ခေါင်းက နောက်ပိုင်းကြေနေတယ်၊ ဘေးနားမှာ တုတ်တချောင်းလဲ တွေ့တယ်၊ ရိုက်တဲ့သူတွေကို နာမည်တော့မသိဘူး၊ ဖမ်းထားတုန်းက အဖွဲ့စုံပဲ၊ အမှုဖွင့်ထားတာ သက်ဆိုင်ရာက စုံစမ်းပေးမယ်ပဲ ပြောတယ် ဒီကိစ္စကို ကျမတို့ လုံးဝမကျေနပ်ဘူး”
အသည်ကြီးရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း အာဏာပိုင်များဘက်မှ ယနေ့အထိ တစုံတရာ အကြောင်းကြား အရေးယူ ခြင်းမရှိကြောင်း သိရ သည်။
http://www.yoma3.org/index.php?option=com_content&view=article&id=284:2009-06-26-18-19-33&catid=41:2008-09-21-07-44-45&Itemid=124
Thursday, 2 July 2009
ပုသိမ် (၁)ရပ်ကွက် ရယကနှင့် ကြံဖွံ့အဖွဲ့ဝင်များ ပြည်သူကို ရိုက်သတ်
at 15:04
Labels: ရယက Local PDC ကြံ့ ဖွတ် USDA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment