Sunday 19 July 2009

နအဖ ၏ သူယုတ် မှန်

(ကိုနစ်နေမန် စီဘောက်စ် မှ ကူးယူဖေါ်ပြပါသည်။)

ဒီနေ့  အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့  အာဇာနည်နေ့ အခမ်းအနား ကျင်းပပြီး အပြန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ဝင် အယောက် (၅၀) ပတ်ဝန်းကျင် နအဖရဲ့  ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။

အဆိုပါ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ဝင်အချို့ ကို နအဖလုံခြုံရေးကားတွေထဲကို အတင်းဆွဲထည့်တာ ပြုလုပ်ပြီး၊ အခြားသော သူများကိုလည်း တက်ရောက်ခဲ့တဲ့ ဘတ်စကားများပေါ်ကနေ အတင်းပြန်ဆွဲချပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။


http://www.niknayman-niknayman.co.cc/

ဒီမနက် ကျွန်မ ပြည်သူတစ်ဦးအနေနဲ့  အာဇာနည်ကုန်းမှာ ကျဆုံးလေပြီးသော အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းနဲ့  အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးသွားပြုခဲ့ပါတယ်။

နအဖအာဏာရှင်တွေကနေ လူတွေ မလာချင်အောင် မလာရဲအောင်လုပ်တာကတော့ ခါတိုင်းနှစ်တွေလိုပါပဲ။ ဒီနှစ် ရဲကားတွေ လုံခြုံရေးတွေများတာပါပဲ။

အလေးပြုဖို့ လာတဲ့သူတိုင်းကို အထဲမ၀င်ခင် သုံးနေရာမှာ နာမည်၊ နေရပ်၊ အဖအမည်၊ မှတ်ပုံတင်အမှတ် မေးတယ်။ ဓါတ်ပုံရိုက်တယ်။ အလေးပြုပြီးပြန်ထွက်တော့ တစ်ခါထပ်မေးပြီး၊ ဓါတ်ပုံထပ်ရိုက်ပြန်တယ်။ သူတို့ ကနှစ်တိုင်း ဒီလိုလုပ်နေကြဘဲ။ လူတွေကို စိတ်ပျက်ပြီး မလာချင်အောင်၊ ကြောက်ပြီး မလာချင်အောင် လုပ်နေကြ။ ဒါပေမယ့် သွားရမှာက ကျွန်မတို့  ပြည်သူတွေရဲ့ တာဝန်ပဲ။

ရွှေဆည်းဆာ

http://www.niknayman-niknayman.co.cc/2009/07/blog-post_6600.html

No comments:

 
/* EOT ----------------------------------------- */