Thursday 2 July 2009

မြန်မာ့တပ်မတော်၏ ကလေးခိုးခြင်းနည်းပညာ

ရိုးသားနုံချာသော မိဘများအား လိမ်ညာလှည့်ဖြား ၍ လက်မှတ်ထိုးခိုင်းခြင်း

အသက်မပြည့်သေးသည့် ကလေးစစ်သားနှစ်ဦးကို သက်ဆိုင်ရာက မိဘများထံ ပြန်လည်ပို့ဆောင်ပြီးနောက် ကလေးငယ်တဦးကို တပ်ထဲသို့ ပြန်လည်ခေါ်ဆောင်သွားသည်။

တွံတေးမြို့နယ်၊ ပန်းပင်စမ်းကျေးရွာမှ ဇင်မင်းအောင်နှင့် ဇော်ဇော်တို့ကို ပြီးခဲ့သည့်လ (၂၈) ရက်နေ့က မိဘများထံ ပြန်လည်ပို့ဆောင်ပြီးနောက် ဇော်ဇော်အား မိဘများက တပ်ထဲဝင်ရောက်သည်ကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းပြီး ပြန်ခေါ်သွားခြင်းဖြစ်သည်။

"ဘာမသိညာမသိနဲ့ ရယကတွေက လက်မှတ်ထိုးခိုင်းတော့ ထိုးလိုက်တာ၊ ကလေးစစ်ထဲဝင်တာ မိဘက သိပါတယ်ဆို လက်မှတ်ထိုးပေးလိုက်တာ၊ အဲဒါနဲ့ ပြန်ခေါ်သွားတာ၊ ဇင်မင်းအောင်မိဘတွေကိုလဲ လက်မှတ်ထိုးခိုင်းတယ်၊ သူတို့ကတောာ့ မထိုးလိုက်ဘူး၊ ဇော်ဇော်ကိုတော့ အခု လက်မှတ်ထိုးပြီး ပြန်ခေါ်သွားတာ၊ ကလေးတွေက နှစ်ယောက်စလုံးအသက်က မပြည့်သေးဘူး" ဟု မိသားစုဝင်နှင့်နီးစပ်သူတဦးက ပြောသည်။

အဆိုပါကလေးငယ်နှစ်ဦးကို ခလရ (၇၀) မှ တပ်ကြပ်ကြီး ဝင်းမြင့်ဆိုသူက ခေါ်ဆောင်သွားပြီး စစ်သားစုဆောင်းရေးတပ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး မောင်ဇင်မင်းအောင်၏မိဘများက နယ်မြေခံ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ကို တိုင်ကြားခြင်းများပြုလုပ်ခဲ့သည်။

"ကလေးတွေကို တပ်ထဲမှာ ရောက်တော့ ဗိုလ်ကြီးတယောက်က ရေဒီယိုနားထောင်ခိုင်းပြီး ဇင်မင်းအောင်ရဲ့အမေက ရေဒီယိုမှာ ပြောတာတွေကို ကြားတော့ မင်းတို့ကို ထားလို့မဖြစ်တော့ဘူး ခွင့် (၁) ပတ်ပေးတယ်၊ ပြန်တော့ဆိုပြီး ပြန်ပို့တာ၊ ပန်းပင်စမ်း(အလက)မှာ အခမ်းအနားနဲ့လုပ်ပြီး ရယကလူကြီးတွေကို သက်သေလက်မှတ်ထိုးခိုင်းတာ" ဟု ဆက်ပြောသည်။

၎င်းတို့ကို မေလကုန်ပိုင်းက ခေါ်သွားခြင်းဖြစ်ပြီး တောင်တွင်းကြီးနှင့် ရမည်းသင်း လေ့ကျင့်ရေးကျောင်းများသို့ မကွေးစစ်သားစုဆောင်းရေးတပ်မှတဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ မိဘများထံ ပြန်လည်ပို့ဆောင်ရာတွင်လည်း သက်ဆိုင်ရာ တပ်မှ စစ်သားတဦးပါ လိုက်ပါလာသည်ဟု ပြောသည်။

ဇင်မင်းအောင်နှင့် ဇော်ဇော်တို့ သူငယ်ချင်းနှစ်ဦးမှာ တွံတေးမြို့နယ်၊ ပန်းပင်စမ်းကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး ထင်းခွေထွက်သွားစဉ် ယခုကဲ့သို့ စစ်သားအဖြစ် စုဆောင်းခံလိုက်ရခြင်းဖြစ်ကာ အသက် ၁၄ နှစ်သာ ရှိသေးကြောင်း မိသားစုနှင့်နီးစပ်သူက ဆက်ပြောသည်။

စစ်အစိုးရအာဏာပိုင်များက အရွယ်မရောက်သေးသည့် ကလေးငယ်များ စစ်တပ်အတွင်း မရှိကြောင်း အမြဲတမ်း ငြင်းဆိုနေခဲ့သော်လည်း တပ်သားသစ်စုဆောင်းရာတွင် ကလေးငယ် အမြောက်အများ ပါဝင်နေလျှက်ရှိသည်။

http://www.yoma3.org/index.php?option=com_content&view=article&id=286:2009-07-01-15-44-13&catid=41:2008-09-21-07-44-45&Itemid=124

အဒိန္နာဒါနာ ....သူ့ ပစ္စည်း ခိုးခြင်း
မုသာဝါဒါ .... လိမ်ညာပြော ခြင်း

No comments:

 
/* EOT ----------------------------------------- */