Thursday 7 May 2009

မသာယာ မအေးချမ်းသော မယက ဥက္ကဋ္ဌ ဦးညွန့်စိုး

ဦးညွန့် စိုး
မြို့ နယ်အေးချမ်းသာယာရေး နှင့် ဖွံ့ ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ
ဇီးကုန်းမြို့ နယ်
ပဲခူးတိုင်း


၎င်းသည် ပြီးခဲ့သည့် (၂၃) ရက်နေ့တွင် ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်၊ တပင်တောင်အုပ်စု၊ တောင်ရေကန်ကျေးရွာ လယ်သမားများထံမှ လယ်မြေငှားရမ်းခ တောင်းယူရာတွင် လယ်သမားများက တရားဝင်စာဖြင့် ပေးဆောင်ပြီးကြောင်း အသိအမှတ်ပြုပေးရန် တောင်းဆိုခြင်းအပေါ် ဒေါသတကြီးဖြင့် ရိုင်းစိုင်းစွာ ဆက်ဆံလိုက်ကြောင်း သိရသည်။

“တောင်ရေကန်ကျေးရွာ ဦးခင်စိန်နေအိမ်ကိုရောက်ပြီး မြေငှားချထားတဲ့ လယ်သမားတွေကိုခေါ်ပြီး ငွေတောင်းတာ၊ အဲဒါကို လယ်သမားတွေက ပေးမယ် ဒါပေမဲ့ တရားဝင်ပေးပြီးကြောင်းကို စာထုတ်ပေးဖို့ပြောတာ၊ အဲဒါကို (မယက)ဥက္ကဋ္ဌက သူ့ကို ပြန်ပြောရမလားဆိုပြီး ဧည့်ခံကျွေးမွေးထားတဲ့ ပန်းကန်တွေကို ထရိုက်ခွဲပစ်တာ” ဟု ပြောသည်။

http://www.yoma3.org/index.php?option=com_content&view=article&id=228:2009-04-28-12-15-24&catid=41:2008-09-21-07-44-45&Itemid=124

No comments:

 
/* EOT ----------------------------------------- */