Wednesday 27 May 2009

ရယက ဥက္ကဌ နေထူး ၊ စွမ်းအားရှင်ခေါင်းဆောင်

အင်းစိန် ပေါက်တောဝ မှတ်တိုင်အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်းတကျောင်းနဲ့  စိန်ရတနာ နာရေးကူညီမှူ့ အသင်း ၀န်းအတွင်းကို နအဖလက်ပါးစေ စစ်တပ်က အဓမ္မ၀င်ရောက်နေရာယူထားပြီး လုံထိန်းအ၀တ်အစားများ လဲဝတ်ကာ အယောင်ဆောင်ထားကြပါတယ်။ စစ်တပ်က ဘာမှမလုပ်သလိုဘဲ လုံထိန်းကသာ လုံခြုံရေးယူသလိုနဲ့  ဖန်တီးတာ ဖြစ်ပါတယ်။

အဲ့ဒီ လုံထိန်းအယောင်ဆောင် စစ်သားတွေဟာ စစ်ယူနီဖောင်းကို ချွတ်ပြီး လုံထိန်းတံဆိပ် အဆင်သင့်ပါတဲ့ လုံထိန်းယူနီဖောင်းတွေကို လဲဝတ်ပြီး နိုင်ငံတကာက နအဖစစ်တပ်က အကြမ်းမဖက်သလိုနဲ့  လုပ်ပြဖို့  ဖြစ်ပါတယ်။


အင်းစိန်ထောင် ၀န်ထမ်းလိုင်း အလယ်ပေါက်ရှေ့က ရပ်ကွက်မှာရှိနေတဲ့ ကျောင်းဝန်းအတွင်းက စွမ်းအားရှင်အဖွဲ့ ကို အဆိုပါ ရပ်ကွက်မှ ရပ်ကွက်လူကြီး နအဖလက်ပါးစေ စွမ်းအားရှင်ခေါင်းဆောင် နေထူး ဆိုသူက ခေါင်းဆောင်ကြောင်း သိရပါတယ်။


http://www.niknayman-niknayman.co.cc/

No comments:

 
/* EOT ----------------------------------------- */