Tuesday 12 May 2009

၇ နှစ်သမီး အား မုဒိန်းပြုကျင့်မှု

ရခိုင်ပြည်နယ် မောင်တောမြို့အပိုင် ကျောက်လဲကျေးရွာ အခြေချ ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ဖွဲ့ 

ဤကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် တပ်သည် စစ်တွေအခြေစိုက် ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ရင်းဖြစ်ပြီး၊ နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်ရန်အတွက် တပ်သားအချို့အား စေလွှတ်ထားခြင်း ဖြစ်သည်။ မေ့မျောနေသော သမီးငယ်အား စာသင်ကျောင်းနှင့် ကိုက် ၃ဝဝ ခန့်အကွာရှိ တောအုပ်အတွင်း မေလ ၇ရက်နေ့  ည ၂ နာရီခန့်တွင် တွေ့ရှိခဲ့သည်။

ဗိုလ်မှူး ကြည်အောင်
နယ်မြေမှူး
အမှတ် (၆) နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေးဌာန (နစက)
အောင်ဗလကျေးရွာ အခြေစိုက်
မောင်တောမြို.နယ်


“၁၀ ရက်နေ့က ကျောက်လယ်ရွာက ဆောက်လုပ်ရေး တပ်သားတွေနေတဲ့ အဲဒီ စာသင်ကျောင်းကို နယ်မြေမှူးကိုယ်တိုင် သွားတယ်။ ဘယ်ရဲဘော် လုပ်တယ်ဆိုတာ လက်သည် မပေါ်သေးဘူး”

သက်ဆိုင်ရာသို့ တိုင်ကြားခြင်း မပြုလုပ်ရန်နှင့် ဆေးဖိုးဝါးခ ကုန်ကျစရိတ်နှင့် နစ်နာကြေးကို ထိုက်သင့်သလောက် ပေးမည်ဖြစ်ကြောင်း နစက နယ်မြေမှူးက အဓမ္မပြုကျင့်ခံရသူ၏ မိဘများကို ခေါ်ယူပြောဆိုထားကြောင်း သိရသည်။

http://www.mizzimaburmese.com/news/inside-burma/2928-2009-05-11-11-37-53.html

မေးခွန်း ။ ။ နယ်မြေမှူး ဗိုလ်မှူး ကြည်အောင် သည် အဘယ်ကြောင့် ခလေးမိဘများအား သက်ဆိုင်ရာသို့ တိုင်ကြားခြင်း မပြုလုပ်ရန် ခေါ်ယူပြောဆို ပါသနည်း။ မုဒိန်းသမား တပ်သား သည် တရားဥပဒေအရ အပစ်ဒဏ်ခံရ မည်ကို စိုးရိမ်၍ လော၊ သို့ တည်းမဟုတ် မြန်မာ့တပ်မတော် ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းမည်ကို ဖုံးဖိ ကာကွယ် လို ၍ လော၊ သို့တည်းမဟုတ် ဤ သမီးကလေးသည် ဆင်းရဲနွမ်းပါးသော ရခိုင်ကျေးလက် မိသားစုတွင် ဖွားမြင်သူဖြစ်ပြီး လျော်ကြေးငွေအနည်းငယ်ပေး လိုက်ပါက ဝမ်းမြောက်ကျေနပ်ကြမည်ဟု ယုံကြည်သောကြောင့်လော။

No comments:

 
/* EOT ----------------------------------------- */