Friday 8 May 2009

ပဲ ဓမြ ဦးနီကွေး နှုတ်ပိတ်ကြေး ပေးရန် ကြိုးစား

ဦးနီကွေး
ရပ်ကွက်အေးချမ်းသာယာရေး နှင့် ဖွံ့ ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ
မြပဲခူးရွာ
ဖြူးမြို့ နယ်
ပဲခူးတိုင်း


၎င်း နှင့် ကညွှတ်ကွင်းရဲစခန်း တာဝန်ရှိသူများက ရွာသား ကိုဇော်မင်းသိန်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂) ရက်နေ့က ရိတ်သိမ်းထားသည့် ပဲများကို သက်သေခံအဖြစ်သိမ်းကာ လူကိုပါ ဖမ်းဆီးအချုပ်ချသည်။

သူတပါးချွေးနှီးစာဖြင့် ကြိုးစားရရှိထားသည့် ပစ္စည်းကို တရားဥပဒေ ကင်းမဲ့စွာ(ရဲအရာရှိများ၏ အကူအညီဖြင့်) ဓမြတိုက်ယူပြီးသည့်နောက် မိမိမှားယွင်းကြောင်း ဝန်ခံမည့်အစား လိမ်ညာကောက်ကျစ် လဒ်ထိုးသောနည်းဖြင့် အမှုကို ဖုံးကွယ်ရန် ကြိုးစားသည်။

“အဲဒီ စိုက်ထားတဲ့အထဲက ငါးဧက နှုတ်ထားတဲ့ ပဲကို အကုန်လုံး လှည်းနဲ့တိုက်ယူသွားတာ၊ ပြီးတာ့ တခြားရွာက တလင်းထဲပြောင်းနယ်ပြီး အဲဒီမိန်းမကို ပေးလိုက်တယ်၊ အခု (ရယက)ဥက္ကဋ္ဌက ဇော်မင်းသိန်းမိန်းမကို ပဲ ၃၅ တင်းပေးမယ်၊ ဘယ်ကိုမှ မတိုင်ပါနဲ့ဆိုပြီး ပြောတယ်”

မေးခွန်း။ ။ ဦးနီကွေး ကဲ့သို့ အကျင့်စာရိတ္တပျက်ပြားနေသည့် လူမသမာများ ကြီးစိုးနေသော မြန်မာနိုင်ငံသည် အဘယ်ကဲ့သို့  အေးချမ်းသာယာ ဖွံ့ ဖြိုးတိုးတက်နိုင်ပါမည်နည်း။

http://www.yoma3.org/index.php?option=com_content&view=article&id=227:2009-04-27-12-14-57&catid=41:2008-09-21-07-44-45&Itemid=124

No comments:

 
/* EOT ----------------------------------------- */