Monday 11 May 2009

ရန်ငြှိုးတကြီးဖြင့်  ရှက်ရမ်းရမ်း သော အာဏာပိုင်များ

ဗိုလ်မှူးရဲနိုင်၊ စက်ရုံမှူး၊ အမှတ် ၅ သကြားစက်ရုံ၊ အောင်လံမြို့

၎င်းသည် ဒေသခံ တောင်သူများထံမှ ယာမြေ ဧက ၂၀၀၀ ခန့်ကို အဓမ္မ သိမ်းယူကာ ကြံစိုက်ခိုင်းသည့်အတွက် ၂ဝဝ၈ ခုနှစ်တွင် တောင်သူများက စုပေါင်းလက်မှတ်ထိုး၍ ILO သို့ တိုင်ကြားရာတွင် ကိုဇော်ဋ္ဌေး ဦးဆောင်ခဲ့သည်။

အောင်လံခရိုင် တရားရုံး

ဤ ရုံးမှ ကိုဇော်ဋ္ဌေး ကို ထောင်ဒဏ် ၁၀ နှစ် ချခဲ့သည်။

မကွေးတိုင်း တရားရုံး

ဤ ရုံးမှ ကိုဇော်ဋ္ဌေး အား အမှုလိုက်ပေးသူ ရှေ့နေ ကိုဖိုးဖြူကို ယခုနှစ် မတ်လအတွင်းက ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ကာ သရက်ထောင်သို့ ပြောင်းရွှေ့ထားလိုက်သည်။

ချည်မျှင်နှင့်အထည်ချုပ်စက်ရုံ ပွင့်ဖြူမြို့

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ကိုဇော်ဋ္ဌေး၏ အမဖြစ်သူ မခင်သန်းဦး ကိုလည်း မကွေးတိုင်းရှိ ပွင့်ဖြူမြို့ ချည်မျှင်နှင့် အထည်ချုပ်စက်ရုံမှ ဧရာဝတီတိုင်း သာပေါင်းမြို့သို့ ပြောင်းရွှေ့ခိုင်းခဲ့ သည်။

ဦးအောင်သိန်းမြင့်၊ စက်ရုံမှူး၊ ဘိလပ်မြေစက်ရုံ၊ သရက်


၎င်းသည် သရက် ဘိလပ်မြေစက်ရုံမှ စက်ကိုင်ကဏ္ဍတွင် တာဝန်ယူနေသည့် ကိုဇော်ဋ္ဌေး၏ အကို ဦးအောင်မြင့် ကို ခေါ်ယူဆွေးနွေးခြင်း မရှိဘဲ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပုသိမ်စက်ရုံသို့ ပြောင်းရွှေ့ရန် အမိန့်ချခဲ့ပြီးနောက်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဆုံးဖြတ်ချက်ပြောင်းပြီး ချင်းပြည်နယ် ဟားခါးမြို့သို့ ပြောင်းခိုင်းခဲ့သည်။

မိသားစုနှင့် ဝေးလံသည့်နေရာသို့ ပြောင်းခိုင်းသည့်အပြင် လမ်းစရိတ် မရသဖြင့် မသွားနိုင်ရာမှ အလုပ်ထုတ်ခံခဲ့ရသည်။ ယခုအခါ ကျဘန်းအလုပ် လုပ်နေရကာ မိသားစုအတွက် နေစရာမရှိ ဖြစ်နေသည်။

ကိုဇော်ဋ္ဌေး၏ မိသားစုဝင်များက သူ့ယောက်ဖ ဖြစ်သူ (စက်ရုံလုပ်သား) ၏ နေအိမ်သို့ လာရောက်နေထိုင်ရာ ယခုလ ၅ ရက်နေ့တွင် အောင်သိန်းမြင့်က နေထိုင်ခွင့် မပြုခဲ့သည့် အပြင် အလုပ်မှ အထုတ်ခံရနိုင်သည် ၊ အရေးယူနိုင်သည် ဟု ခြိမ်းခြောက်ခဲ့ သည်။


http://www.mizzimaburmese.com/news/inside-burma/2925-ilo-.html

မေးခွန်း ။ ။ ဤ အာဏာပိုင်များသည် ILO အားတိုင်ကြားသည့် (အဖြစ်မှန်ကို ပြောဆိုသည့်) မြန်မာလူမျိုးများကို အဘယ်ကြောင့်ယခုကဲ့သို့ ဒေါသမီးဟုန်းဟုန်းတောက်ကာ ရန်ငြှိုးကြီးစွာဖြင့် ဂလဲ့စားခြေ ပါသနည်း။ မုသာဒဝါဒ ကို ရှင်သန်စွဲမြဲအောင် ကျင့်သုံး ကိုးကွယ်လို ၍လော၊ ILO ကို ရွံမုန်း၍လော။

(စာဖတ်သူများသည် အာဏာပိုင်များက ကိုဇော်ဋ္ဌေး နှင့် မိသားစု အပေါ်တွင်သော်၎င်း၊ အကျိုးဆောင်လိုက်ပေးသော ရှေ့ နေ ကိုဖိုးဖြူ အပေါ်တွင်သော် ၄င်း မတရား ပြုကျင့် ဖိနှိပ်ကွပ်ကဲ နေသည်ဟု ယူဆပါလျင် အောက်ပါ လိပ်စာများသို့ ဆက်သွယ် သတင်းပို့ ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။ )

ILO Regional Office for Asia and the Pacific

Ms Sachiko Yamamoto
Regional Director
United Nations Building, 11th Floor
Rajdamnern Nok Avenue
P.O. Box 2-349
Bangkok 10200, Thailand
Tel: (66) 2288 2295, 2288 1234
Fax: (66) 2288 3056 (direct), 2288 3062
Email: bangkok@ilo.org

Mr Guy Thijs
Deputy Regional Director
United Nations Building, 11th Floor
Rajdamnern Nok Avenue
P.O. Box 2-349
Bangkok 10200, Thailand
Tel: (66) 2288 2224, 2288 1234
Fax: (66) 2288 3056 (direct), 2288 3062
Email: bangkok@ilo.org

Mr William Salter
Director
United Nations Building, 10th Floor,
Rajdamnern Nok Avenue,
P.O. Box 2-349
Bangkok 10200, Thailand
Tel: (66) 2288 2219, 2288 2220
Fax: (66) 2288 3058
Email: SRO-BKK@ilo.org
SRO-Bangkok covers Cambodia, China (including Hong Kong SAR and Macao SAR), the Democratic Republic of Korea, the Republic of Korea, the Lao People's Democratic Republic, Malaysia, Mongolia, Myanmar, Singapore, Thailand and Viet Nam

ILO Liaison Office in Myanmar
Mr Stephen Marshall
Liaison Officer
No. 1212-20, Traders Hotel, 12th Flr.
No. 223, Sule Pagoda Rd., Kyauktada Township,
Yangon, Myanmar
Tel: (95 1) 242 393, 242 811
Fax: (95 1) 242 594
Email: marshall@ilo.org

Office of the Director-General
Tel: +41.22.799.6026
Fax: +41.22.799.8533
E-mail: cabinet@ilo.org

No comments:

 
/* EOT ----------------------------------------- */