နောက်တန်းတပ်ခွဲမှူး ဗိုလ်ကြီးတင်ဦး
တပ်ရေးဗိုလ်ကြီး ဟိန်းထက် ကျော်
ဗိုလ်အောင်သန်းဇော်
အမည်မသိကျန် အရာရှိတဦး
သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်အခြေစိုက် ခမရ ၅၁၄
၎င်းတို့ သည် ဧပြီ ၁၆ သင်္ကြန်ကာလ ညနေခင်းက အရပ်ဝတ်ဖြင့်မြို့ လယ်လမ်းမပေါ် အရက်မူး ရမ်းကား ရာမှမြို့ခံ အရပ်သားလူငယ်များနှင့် ပြဿနာတက်သဖြင့်လူငယ် ၈ ယောက်အား တပ်ထဲအထိ ဖမ်းဆီး သွားပြီး သူရဲဘောတို့ ၏ ထုံးစံအတိုင်း ထိုးကြိတ်ရိုက်နှက်ကြောင်း သိရသည်။
စစ်သားတစိတ်ခန့်ကို ဗိုလ်ကြီးဟိန်းထက်ကျော် သွားခေါ်လာစဉ် မြို့လယ်လမ်းမ တလျှောက်တွေ့ကရာ ရပ်ကွက်သားများ အား အော်ဟစ်ဆဲဆို ဆွဲရမ်း ထိုးကြိတ်ခဲ့ကြသေး သည်ဟုဆိုသည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/2008-08-06-12-11-03/100-2008-08-06-05-35-00/423-2009-05-15-08-38-12.html
နအဖ ခေါင်းဆောင်ကြီးများက “တပ်မတော်သာလျင် အမိ၊ တပ်မတော်သာလျင် အဖ“ ဟု တွန်ကျူး ကြွေးကျော်နေချိန်တွင် ယခုကဲ့သို လူသိရှင်ကြား မျက်နှာပြောင်တင်း အရှက်ကင်းမဲ့ စွာ ပြုမူဆောင်ရွက်နေကြသည့် မိုင်းကိုင်အခြေစိုက် ခမရ ၅၁၄ မှ တပ်မတော်သား အရာရှိများ၏ လုပ်ရပ်သည်ကား “တပ်မတော်သာလျင် တိရစ္ဆာန်၊ တပ်မတော်သာလျင် ရာဇဝတ်ကောင်“ ဟူ၍ သာလျင် ပြည်သူတို့ ၏နားတွင် ပဲ့တင်ထပ်စေလေသတည်း။
Tuesday 19 May 2009
သူရဲဘောနဲသော ခမရ ၅၁၄ မှ မြန်မာ့တပ်မတော်အရာရှိများ
at 15:04
Labels: ဗိုလ်ကြီး Captain
Subscribe to:
Post Comments (Atom)
No comments:
Post a Comment